အိုင်ဝေဝေ (တရုတ်: 艾未未) (၁၉၅၇-) တရုတ်လူမျိုး ခေတ်ပေါ် (contemporary) အနုပညာရှင် နှင့် နိုင်ငံရေးလှုပ်ရှားသူ ဖြစ်သည်။

အိုင်ဝေဝေ
အိုင်ဝေဝေ (၂၀၁၇)
မွေးဖွား (1957-08-28) ၂၈ ဩဂုတ်၊ ၁၉၅၇ (အသက် ၆၆)
ဘေဂျင်းမြို့
နိုင်ငံလူမျိုးတရုတ်
ထင်ရှားသည့်
လုပ်ဆောင်မှု
'
ဘေဂျင်း အမျိုးသားကဇာတ်ရုံ
အိမ်ထောင်ဖက်(များ)လူချင်း
တရုတ်အမည်
တရုတ်艾未未

နိုင်ငံရေးလှုပ်ရှားမှုအနေဖြင့် တရုတ်အစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား မျက်ကွယ်ပြုမှုများကို ဖော်ထုတ်သည်။ ဆီချွမ်းကျောင်းများ၌ ခြစားမှုများကို အစိုးရက ဖုံးထားခြင်းကိုလည်းကောင်း၊ ၂၀၀၈ ခု ဆီချွမ်းငလျင်တွင် ပြိုကျသော တန်ဖိုးနည်းအိမ်ရာများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များကို လည်းကောင်း စုံစမ်းသည်။ ၂၀၁၁ ခု၊ ဧပြီလ ၃ ရက်တွင် ဘေဂျင်း နိုင်ငံတကာလေဆိပ်၌ အဖမ်းခံရပြီး စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုကို စစ်ဆေးရန်ဟု ခေါင်းစဉ်ပြကာ ပြစ်မှုမရှိဘဲ ၈၁ ရက်ကြာ ချုပ်ထားသည်။

၂၀၁၅ ခုတွင် တရုတ်ပြည်မှ ထွက်လာနိုင်ခဲ့ပြီး ဘာလင်မြို့၌ မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။