အိုင်းဒူဘိုင်း (အာရပ်: عين دبي‎; ‘eye of Dubai’) သည် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဒူဘိုင်းမြို့ရှိ ဘလူးဝါးတားကျွန်းတွင် တည်ရှိသည်။ ၎င်းသည် ၂၅၀ မီတာ (၈၂၀ ပေ) မြင့်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ပိတ်ထားခဲ့သည်။

Ain Dubai
عين دبي
Map
အထွေထွေ အချက်အလက်များ
အမျိုးအစားObservation wheel
ဗိသုကာစတိုင်Modern
တည်နေရာBluewaters Island
မြို့Dubai
နိုင်ငံUnited Arab Emirates
ကိုဩဒိနိတ်25°04′48.4″N 55°07′26.6″E / 25.080111°N 55.124056°E / 25.080111; 55.124056ကိုဩဒိနိတ်: 25°04′48.4″N 55°07′26.6″E / 25.080111°N 55.124056°E / 25.080111; 55.124056
တည်ဆောက်မှု စတင်May 2015
ပြီးစီး2021
ဖွင့်လှစ်၂၁ အောက်တိုဘာ ၂၀၂၁ (၂၀၂၁-၁၀-၂၁)
ပိတ်သိမ်းMarch 2022
အမြင့်၂၅၀ မီတာ (၈၂၀ ပေ)
အသေးစိတ် အချက်အလက်များ
အသုံးပြု ပစ္စည်းMetal
ဒီဇိုင်းနှင့် တည်ဆောက်မှု
အင်ဂျင်နီယာHyundai Engineering & Construction;
Starneth Engineering
အခြား အချက်အလက်များ
Seating capacity1750
ဝဘ်ဆိုဒ်
aindubai.com

သမိုင်းကြောင်း ပြင်ဆင်ရန်

 
Ain Dubai and Bluewaters Island

အိုင်းဒူဘိုင်း ကို ယခင်က Dubai Eye သို့မဟုတ် Dubai-I ဟု အမည်ပေးခဲ့ပြီး[၁][၂] ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၃]

Hyundai Engineering & Construction နှင့် Starneth Engineering တို့သည် အဓိကကျသည့် ဒီဇိုင်းနှင့် ဆောက်လုပ်ရေးအတွက် စာချုပ်ချုပ်ဆိုခဲ့ကြသူများ ဖြစ်သည်။[၃][၄] ဆောက်လုပ်မှုများကို ၂၀၁၅ ခုနှစ်၊ မေလတွင် စတင်ခဲ့သည်။[၅] ၂၀၁၉ ခုနှစ်လယ် အစောပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းခဲ့ကြသည်။ အခြားသော ကြန့်ကြာစေသည့်အကြောင်းရင်းများကြောင့် ဖွင့်လှစ်နိုင်မည့်ကာလကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့အဖြစ် ရည်မှန်းခဲ့ကြသည်။ ထိုအချိန်တွင် Expo 2020 ကို ကျင်းပရန်လည်း ရှိနေသည်။[၆] COVID-19 ကပ်ရောဂါပြန့်ပွားမှုကြောင့် ထိုအချိန်တွင် ပြီးစီးရန် ရည်မှန်းချက်မှာလည်း ကြန့်ကြာခဲ့ရပြန်သည်။ ထို့အတွက်ကြောင့် တစ်နှစ်ကြာပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။[၇]

အိုင်းဒူဘိုင်းသည် ယခင်က အမြင့်ဆုံးဖြစ်ခဲ့သည့် ချားရဟတ်ထက် ၈၂.၄ မီတာ (၂၇၀ ပေ) ပို၍ မြင့်သည်။ ယခင်က အမြင့်ဆုံးဖြစ်ခဲ့သည့် ချားရဟတ်၏ အမြင့်သည် ၁၆၇.၆ မီတာ (၅၅၀ ပေ) ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လတွင် Las Vegas မြို့၌ ဖွင့်လှစ်ခဲ့သည်။[၈]

ဤချားရဟတ်သည် စီးနင်းသူ ၁၇၅၀ ဦးအထိ တင်ဆောင်နိုင်ရန် ဒီဇိုင်းဆွဲထားခဲ့သည်။[၉] စီးနင်းရမည့် ထိုင်ခုံနေရာသည် ၄၈ ခုပါဝင်မည်ဖြစ်ကာ Dubai Marina ၏ မြင်ကွင်းနှင့် မြို့၏ အထင်ကရနေရာများဖြစ်သည့် Burj Al Arab, Palm Jumeirah, နှင့် Burj Khalifa စသည့်နေရာများကိုလည်း ကြည့်ရှုနိုင်သည်။[၁၀]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Dubai's Meraas eyes $234m loan for Ferris wheel scheme Archived 2015-02-17 at the Wayback Machine.
  2. Ain Dubai is the new name for Dubai-I – updateTime Out Dubai (11 July 2016)။ 12 July 2016 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Dubai plans to outdo Staten Island in race for world's biggest Ferris wheelNew York Daily News။ 4 October 2018 တွင် ပြန်စစ်ပြီး။
  4. Dubai to build the tallest observation wheelTravelCNN။ 4 October 2018 တွင် ပြန်စစ်ပြီး။
  5. First leg of Dubai Eye big wheel lifted into placeMiddle East Construction News (1 June 2015)။ 4 October 2018 တွင် ပြန်စစ်ပြီး။
  6. Bhatia၊ Nehi။ "Hyundai E&C awards Ain Dubai EPCI subcontract to France's Poma"၊ 7 June 2019။ 
  7. "Dubai Eye: World’s largest ferris wheel opens with spectacular drone and fireworks show"။ 
  8. Trejos၊ Nancy။ World's tallest Ferris wheel opens in VegasKnight Ridder။ 31 March 2014 တွင် ပြန်စစ်ပြီး။
  9. Record-breaking ferris wheel opens in Dubai။ BBC News။
  10. Dh6b tourism project in Dubai unveiled။ 18 February 2013 တွင် ပြန်စစ်ပြီး။