အိုတဂိနန်းဘုဆွတ်ဂျိ (愛宕念仏寺) သည် ဂျပန်နိုင်ငံကျိုတိုမြို့ရှိ အရရှိယာမတောင်၏ တောင်စောင်းတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်သည် "ရခန်" ဟု ခေါ်သည့် ဗုဒ္ဓ၏ တပည့်သားတော်ရဟန်းရုပ်တုများ ၁၂၀၀ တည်ရှိနေသည်။ ထိုရုပ်တုများသည် ကျောင်းတော်မြေနေရာ တောင်စောင်းတွင် ဖုံးလွှမ်းတည်ရှိလျက်ရှိသည်။

အိုတဂိနန်းဘုဆွတ်ဂျိ
Otagi Nenbutsu-ji
愛宕念仏寺
ကျောင်းတော်၏ ပင်မကျောင်းဆောင်
အချက်အလက်များ
တည်နေရာ2-5 Fukatani-chō
Saga Toriimoto
Ukyō-ku, Kyoto
ဘာသာရေး နှီးနွယ်မှုTendai
နိုင်ငံJapan
ဝက်ဘ်ဆိုဒ်おたぎねんぶつじ
ဗိသုကာ
ပြီးစီးMiddle of eighth century
ရခန်ရုပ်တုများ
ရခန်ရုပ်တုများ

သမိုင်းကြောင်း

ပြင်ဆင်ရန်

အိုတဂိနန်းဘုဆွတ်ဂျိ ကို ၇၆၆ ခုနှစ်တွင် ကျိုတိုမြို့၊ ဂိအွန်းအရပ်တွင် ဘုရင့်မိဖုရား ရှောတိုခုက တည်ထောင်ခဲ့သည်။ သို့သော်လည်း ခမိုမြစ်ရေကြီးမှုကြောင့် ကျောင်းတော်သည် ပျက်စီးခဲ့ရသည်။ ဤကျောင်းတော်သည် အနီးအနားတွင် တည်ရှိသည့် အန်းရခုဂျိကျောင်းတော်မှ ဆင်းသက်ဖြစ်ပေါ်လာသည့် ကျောင်းတော်လည်း ဖြစ်သည်။ ၁၃ ရာစုတွင် ပြည်တွင်းစစ်ဖြစ်ပွားကာ ကျောင်းတော်သည် ထပ်မံပျက်စီးခဲ့သည်။ အကြိမ်များစွာ ကျောင်းတော်သည် ပျက်စီးခဲ့ရပြီးနောက် ၁၉၂၂ ခုနှစ်တွင် လက်ရှိတည်နေရာဖြစ်သည့် အရရှိယာမသို့ ရွှေ့ပြောင်းခဲ့သည်။ ကျောင်းတော်သည် ၁၉၅၀ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် တိုင်းဖွန်းမုန်တိုင်းဒဏ်ကိုလည်း ခံခဲ့ရသေးသည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

35°01′53″N 135°39′40″E / 35.031375°N 135.661122°E / 35.031375; 135.661122ကိုဩဒိနိတ်: 35°01′53″N 135°39′40″E / 35.031375°N 135.661122°E / 35.031375; 135.661122