အိုနိဂိရိ (お握り သို့ 御握り; おにぎ り) (o-musubi အိုမုဆုဘိ (お結 び; おむすび ဟုလည်း သိကြသည်) သည် ဂျပန်ထမင်းလုံး ဖြစ်သည်။ တြိဂံပုံစံ သို့မဟုတ် ဆလင်ဒါပုံစံ ရှိပြီး တစ်ခါတရံ ပင်လယ်ရေညှိ(နိုရိ のり)ဖြင့် ပတ်အုပ်ထားသည်။ သမားရိုးက အိုနိဂိရိတွင် ဆီးသီသနပ် (အုမဲဘိုရှိ) katsuobushi, kombu, tarako, ကြာရှည်ခံစေရန် အခြားသော အချဉ်အရသာအတွက် ပစ္စည်းများ ပါဝင်ကြသည်။ ဂျပန်နိုင်ငံရှိ ကုန်မျိုးစုံဆိုင်များတွင်လည်း ယိုနှင့်အရသာပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အိုနိဂိရိများကို ရောင်းချကြသည်။ အိုနိဂိရိတစ်ခုတည်းသာ သီးသန့်ရောင်းချသည့် ဆိုင်များလည်း ရှိသည်။ အိုနိဂိရိသည် ဂျပန်နိုင်ငံတွင် လူကြိုက်များသည့် အစားအစာတစ်ခု ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ ဂျပန်စားသောက်ဆိုင်များတွင်လည်း လူသိများသည် အဓိကစားသောက်ကုန်တစ်ခု ဖြစ်လာခဲ့သည်။

Two onigiri, or rice balls, on a plate
Onigiri at a convenience store in Kamakura, Kanagawa Prefecture
Yaki Onigiri or a roasted rice ball with

အိုနိဂိရိအား ဆူရှီ၏ ပုံစံတစ်ခုအဖြစ် လွဲမှားစွာ ထင်မြင်မှုများလည်း ရှိသည်။ ထို့အပြင် အိုနိဂိရိသည် ဆူရှီ၏ ပုံစံတစ်ခုဖြစ်သည့် နိဂိရိဇူရှီ သို့မဟုတ် ရိုးရိုးနိဂိရိ နှင့် ထင်မြင်မှားမှု မရှိသင့်ပေ။ အိုနိဂိရိသည် ထမင်းချည်းဖြင့်သာ (တစ်ခါတရံ ဆားအနည်းငယ်ထည့်) သပြုလုပ်ပြီး ဆူရှီကိုမူ ဆား၊ သကြား၊ ရှာလကာရည်၊ ထမင်း စသည်တို့ဖြင့် ပြုလုပ်သည်။[] အိုနိဂိရိုကို ထမင်းဖြင့် ပြုလုပ်ထားပြီး သယ်ဆောင်စားသုံးရ လွယ်ကူအောင် ပြုလုပ်ထားပြီး ဆူရှီကိုမူ ငါးဖြင့် ပြုလုပ်ထားသည်။

11th-cen diary Murasaki Shikibu Nikki သတင်းစာတွင် မူရဆာကီရှိကိဘုသည် လူများ ထမင်းလုံးစားသုံးမှုအကြောင်းကို ရေးသားခဲ့သည်။ ထိုအချိန်တွင် အိုနိဂိရိကို တွန်ဂျိခိဟု ခေါ်လျက် ရှိပြီး အပြင်ထွက်၍ ပျော်ပွဲစားထွက်သည့် နေ့လယ်စာအဖြစ် စားသုံးကြသည်။[][] အခြားရေးသားထားမှုများတွင် ၁၇ ရာစုအကြာက ဆာမူရိုင်းများသည် သစ်သားအဖုံးထဲတွင် ထမင်းလုံးများကို ထည့်ထားကြပြီး စစ်အတွင်း၌ လျင်မြန်စွာစားသုံးနိုင်သည့် အစားအစာအဖြစ် ထားရှိကြသည်။ သို့သော်လည်း အိုနိဂိရိ၏ ဖြစ်တည်ရာအစသည် မူရဆကိရေးသားထားသည်ထက် များစွာပိုမို၍ စောပေသည်။ Nara နာရခေတ် တူများကို တွင်ကျယ်စွာအသုံးပြုလာကြသည့်အခါတွင် ထမင်းကို အလုံးပုံစံလှိမ့်လိုက်ကာ စားသုံးကြသည်။ ထိုသို့ ပြုခြင်းဖြင့် တူဖြင့် ညှပ်ကာစားသုံးရသည်ကို ပိုမိုလွယ်ကူစေသည်။ Heian ဟဲအန်ခေတ်တွင် တွန်ဂျိခိပုံစံအဖြစ် သိကြသည့် သေးငယ်ထောင့်မှန်စတုဂံပုံစံပြုလုပ်လာကြပြီး ပန်းကန်ပြားထဲသို့ ထည့်ကာ အလွယ်တကူ စားသုံးခဲ့ကြသည်။

ကာမာကူရခေတ်မှစ၍ အစောပိုင်းအဲဒိခေတ်အထိ အိုနိဂိရိကို လျင်မြန်စွာစားသုံးနိုင်သည့် အစားအစာအဖြစ် စားသုံးခဲ့သည်။ ထိုအချိန် အိုနိဂိရိများသည် ဆားပါဝင်သည့် ထမင်းလုံးများ ဖြစ်သည်။ Nori နိုရိသည် အဲဒိုခေတ်အလယ်ပိုင်း ဂင်းရိုခုကာလမတိုင်ခင်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာသေးပေ။ လယ်ယာစိုက်ပျိုးခြင်းနှင့် ခေတ်ဆန်းလာသည့်အခါတွင်မူ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။

ထုတ်လုပ်မှု

ပြင်ဆင်ရန်

၁၉၈၀ ခုနှစ်တွင် ထောင့်မှန်စတုဂံပုသဏ္ဌာန်ရှိသည့် အိုနိဂိရ ထုတ်လုပ်သည့်စက်ကို တီထွင်ခဲ့သည်။ အတွင်းထဲသို့ ထည့်ကာ လှိမ့်မည့်အစား အနံ့အရသာများကို အိုနိဂိရိ၏ အတွင်းထဲရှိ အပေါက်ထဲသို့ ထည့်ကာ အပေါက်ကို နိုရိ nori ဖြင့် ဖုံးထားသည်။ ဤစက်ဖြင့် ပြုလုပ်သည့် အိုနိဂိရိတွင် နိုရိသည် တစ်ပါတည်း ပါဝင်လာခဲ့သည်။ နောင်အချိန်ကြာလာသည့်အခါတွင် နိုရိကို စို၍ စေးကပ်အောင် ပြလုပ်ကာ ထမင်းလုံးတွင် မြဲမြံတွယ်ကပ်ထားသည်။

ထုပ်ပိုးပုံတိုးတက်လာသည့်အခါတွင် နိုရိကို ထမင်းနှင့်သီးခြားစီ ထားရှိလာကြသည်။ မစားခင် အထုပ်ကို ဖွင့်ကာ အိုနိဂိရိတွင် နိုရိကို ပတ်ဖုံးကာ စား​သောက်လာကြသည်။ အိုနိဂိရိတွင် အခေါင်းပေါက်ထဲတွင် အနံ့အရသာများထည့် ပြုလုပ်မှုသည် ထုပ်လုပ်မှုအတွက် ပိုမိုလွယ်ကူလာခဲ့သည်။ ခေတ်မီထုတ်လုပ်သည့် စက်များတွင်မူ နိုရိနှင့် ထမင်းကြားတွင် ပလတ်စတစ်ကို ပတ်ဖုံထားသည်။ ဤသို့ ပြုလုပ်ထားခြင်းဖြင့် ပလတ်စတစ်သည် စိုထိုင်းမှုကို ကာကွယ်စေသည်။ အထုပ်ကို အဆုံးနှစ်ဖက်အထိ ဆွဲဖွင့်လိုက်သည့်အခါတွင် နိုရိနှင့် ထမင်းလုံးသည် တွဲလျက်သား ဖြစ်နေစေသည်။

ပုံမှန်အားဖြင့် အိုနိဂိရိ ကျက်ပြီးသည့် ထမင်းဖြူဖြင့် ပြုလုပ်ကြသည်။ သို့သော် တစ်ခါတရံတွင် အခြားအမျိုးမျိုးသော ချက်ပြုတ်ပြီးသည့် ထမင်းဖြင့်လည်း ပြုလုပ်ကြသည်။ ၎င်းတို့မှာ

  • အိုခဝ သို့မဟုတ် ခိုဝမဲရှိ (ဆဲခိဟန်) သည် စေးကပ်သည့် ချက်ထားသည့်ထမင်း သို့မဟုတ် ရေနွေးဖြင့် အပူပေးထားသည့် ဟင်းသီးဟင်းရွက်များ ( အနီရောင်ပဲစေ့များ)
  • မဇဲ−ဂေါ့ဟန် ( ရောနှောထားသင့်ထမင်း) နှစ်သက်ရာ ပါဝင်ပစ္စည်းများဖြင့် ရောနှောထားသည့် ချက်ပြုတ်ထားသည့် ထမင်း
  • မီးကင်ထားသည့် ထမင်း

ပါဝင်သည့် အဆာများ

ပြင်ဆင်ရန်

အုမဲဘိုရှိ၊ အိုခခ သို့မဟုတ် ဆုခဒနိ များကို အိုနိဂိရိတွင် ထည့်သွင်းသည့် အဆာများအဖြင့် အချိန်ကြာမြင့်စွာ သုံးခဲ့ကြသည်။ ရာသီကြိုကာလ ထမင်းဖြင့် ပြုလုပ်ထားသည့် အိုနိဂိရိတွင် အဆာများ ထည့်သွင်းမှု မရှိပေ၊ ဘာမျှပါဝင်မှုမရှိသည့် အိုနိဂိရိ (ဆားသာပါဝင်) ကို ရှိအို မုဆုဘိ ဟု ခေါ်သည်။

အဆာအဖြင့် ထည့်သွင်းသည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • Dressed dishes: တူနာငါးပါဝင်သည့် ဆော့၊ ပုဇွန်ဖြင့် ပြုလုပ်ထားသည့် ဆော့
  • Dried fish: ကင်ထားသည့် ငါးကွမ်းရှပ်
  • ကြော်ထားသည့် အစားအစာများ အရွယ်အစား ငယ်သည့် တမ်ပူရာ၊ အသားများ
  • Kakuni: dongpo pork
  • Dried food: okaka, etc.
  • Processed roe: mentaiko, tobiko, caviar, etc.
  • Shiokara: squid, shuto, etc.
  • Tsukudani: nori, Hypoptychus dybowskii (小女子), Venerupis philippinarum (浅蜊), etc.
  • Pickled fruit and vegetables: umeboshi, takana, nozawana etc.
  • Miso: တစ်ခါတရံ ကြက်သွန်နီဖြင့် ရောနှောထားသည် သို့မဟုတ် အပေါ်မှ ဖြူးထားသည်။
  1. Murata၊ Yoshihiro; Kuma၊ Masashi; Adrià၊ Ferran (2006)။ Kaiseki: the exquisite cuisine of Kyoto's Kikunoi Restaurant။ Kodansha International။ p. 162။ ISBN 4-7700-3022-3
  2. Ikeda၊ Kikan; Shinji Kishigami; Ken Akiyama (1958)။ Koten Bungaku Taikei 19: Makura no Sōshi, Murasaki Shikibu Nikki။ Tōkyō: Iwanami Shoten။ p. 455။ ISBN 4-00-060019-2
  3. Hasegawa၊ Masaharu; Yūichirō Imanishi (1989)။ Shin Koten Bungaku Taikei 24: Tosa Nikki, Kagerō Nikki, Murasaki Shikibu Nikki, Sarashina Nikki။ Tōkyō: Iwanami Shoten။ p. 266။ ISBN 4-00-240024-7