အိုလီဘာ ဂျိုနသန် ဂီးရောဒ် (ပြင်သစ်အသံထွက် [ɔlivjeʒiʁu]; ၁၉၈၆ စက်တင်ဘာ ၃၀ တွင်မွေးဖွားသည်) သည် ပြင်သစ် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနှင့်ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းအတွက် ရှေ့တန်း၌ကစားသည်။

အိုလီဘာ ဂီးရောဒ်
ဂီးရောဒ် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြင်သစ်တွင် ကစားစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ Olivier Jonathan Giroud[၁]
မွေးသက္ကရာဇ် (1986-09-30) ၃၀ စက်တင်ဘာ၊ ၁၉၈၆ (အသက် ၃၇)[၂]
မွေးရပ်ဇာတိ ချမ်ဘယ်ရီ, ပြင်သစ်
အရပ်အမြင့် 1.93 မီတာ[၃]
ကစားသည့်နေရာ တိုက်စစ်မှူး
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ် 18
လူငယ်ဘဝကလပ်များ
1992–1999 Froges
1999–2005 Grenoble
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2005–2008 Grenoble 23 (2)
2007–2008Istres (loan) 33 (14)
2008–2010 Tours 44 (24)
2010–2012 မွန့်ပယ်လီးရာ 73 (33)
2010Tours (loan) 17 (6)
2012–2018 အာဆင်နယ် 180 (73)
2018– ချဲလ်ဆီး 58 (13)
နိုင်ငံကိုယ်စားပြုအသင်း
2011– France 97 (39)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 22:18, 26 July 2020 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 04:40, 18 November 2019 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

သူသည် ကစားသမားဘဝကို ၂၀၀၈ ခုနှစ်တွင် Tour သို့ မဝင်ခင်က Ligue 2 ရှိ Grenoble တွင် စတင်ခဲ့သည်။ သူ၏ဒုတိယရာသီတွင် Tours ၌ ဂိုးသွင်းအများဆုံးသူအဖြစ် ၂၁ ဂိုးဖြင့် ထိပ်ဆုံးဂိုးသွင်းသူ ဖြစ်ခဲ့ပြီး ပထမတန်းအသင်း မွန့်ပယ်လီးရာအသင်းသို့ ပြောင်းရွေ့ခဲ့သည်။ ဂီးရောဒ်သည် ၂၀၁၁-၁၂ ရာသီတွင် ၂၁ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူသူတစ်ဦး ထပ်မံဖြစ်ပြီးနောက် အာဆင်နယ်သို့ ပြောင်းခဲ့သည်။ ဂီးရောဒ်သည် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၇ တွင်အာဆင်နယ်အသင်းနှင့် FA ဖလားရရှိခဲ့ပြီးအသင်းအတွက် ၂၅၃ ပွဲတွင် ဂိုးပေါင်း ၁၀၅ ဂိုး ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီအပြောင်းအရွှေ့တွင် ဥရောပပြိုင်ပွဲတစ်ခုအတွင်း ဂိုး ၁၀ ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ဂီးရောဒ်သည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ်အတွက် နိုင်ငံတကာပွဲထွက်ကစားသမားဖြစ်လာခဲ့သည်။ သူသည် နိုင်ငံအတွက် ၉၉ ပွဲကစားကာ ဂိုးပေါင်း ၄၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ငံ၏တတိယမြောက် အမြင့်မားဆုံးဂိုးသွင်းသူဖြစ်လာသည်။[၄] ယူအီးအဖ်အေ ယူရို ၂၀၁၂ နှင့် ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလားတွင် ကွာတးဗိုလ်လုပွဲသို့ရောက်ရှိခဲ့သည့်အသင်းများတွင် ပါဝင်ကစားခဲ့သည်။ ယူအီးအဖ်အေ ယူရို ၂၀၁၆ ၏ဗိုလ်လုပွဲ (ဒုတိယမြောက် အမြင့်ဆုံးဂိုးဂိုးသွင်းသူအဖြစ် ကြေးဖိနပ်ဆုကိုလက်ခံရရှိခဲ့ပြီး) နှင့် 2018 ဖီဖာ ကမ္ဘာ့ဖလား ကိုအနိုင်ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Décret du 31 décembre 2018 portant promotion et nomination" (in French) (1 January 2019). Journal Officiel de la République Française 2019 (0001). PRER1835394D. 
  2. FIFA World Cup Russia 2018: List of players: France (PDF)။ FIFA (15 July 2018)။ 19 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2020 တွင် ပြန်စစ်ပြီး။
  3. Olivier Giroud။ Chelsea F.C.။ 5 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2020 တွင် ပြန်စစ်ပြီး။
  4. France 4-2 Croatia: Olivier Giroud reaches 40 international goals in home win - BBC Sport