အိုလံပတ်တောင်
အိုလံပတ်တောင် သည် အင်္ဂါဂြိုဟ်ရှိ အလွန်ကြီးမားသော မီးတောင်ဖြစ်သည်။ တစ်ခါတိုင်းတာချက်အရ ယင်း၏အမြင့်သည် ၂၅ ကီလိုမီတာ (၁၃.၆ မိုင်) ရှိခဲ့သည်။[၄] အိုလံပတ်တောင်သည် ဧဝရတ်တောင်၏ ပင်လယ်ရေမျက်နှာပြင်အမြင့် ၂ ဆခွဲရှိလေသည်။ ယင်းသည် နေအဖွဲ့အစည်းတွင် အကြီးဆုံး မီးတောင်နှင့် အရှည်ဆုံးတောင်တစ်ခုလည်း ဖြစ်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်ကြီးများထဲတွင် သက်တမ်းအနုဆုံးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်း နက္ခတ္တပညာရှင်များကြားတွင် သိရှိခဲ့သည်။ အာကာသယာဉ်များမှ အတည်ပြုချက် မရရှိသေးခင်ကတည်းက ယင်းအား တောင်တစ်ခုဟု သံသယဝင်ခြင်း ခံခဲ့ရသည်။[၅] မီးတောင်သည် အင်္ဂါဂြိုဟ်၏ အနောက်ဘက်ခြမ်း 18°39′N 226°12′E / 18.65°N 226.2°E အနီးတွင် တည်ရှိပြီး Karzok crater နှင့် Pangboche crater ဟူ၍ မီးတောင်ပေါက်ဝ ၂ ခု တည်ရှိသည်။[၆] မီးတောင်ပေါက်ဝများသည် အင်္ဂါဂြိုဟ်၏ ဥက္ကာခဲများ ပေါကြွယ်ဝသည့် ရင်းမြစ်များ ဖြစ်ကြသည်။[၇]
အိုလံပတ်တောင်အား ဗိုက်ကင်း ၁ အာကာသယာဉ်မှ မြင်ရပုံ | |
ကိုဩဒိနိတ် | 18°39′N 226°12′E / 18.65°N 226.2°Eကိုဩဒိနိတ်: 18°39′N 226°12′E / 18.65°N 226.2°E[၁] |
---|---|
ဒိုင်မင်းရှင်းများ | နေအဖွဲ့အစည်းရှိ အရှည်ဆုံးတောင် |
အမြင့်ဆုံး | ၂၁,၂၈၇.၄ m (၆၉,၈၄၁ ft) above datum[၂] ၂၆ km (၈၅,၀၀၀ ft) local relief ၂၆ km (၈၅,၀၀၀ ft) above plains[၃] |
ရှာဖွေတွေ့ရှိသူ | မရီနာ ၉ |
Eponym | Latin – Mount Olympus |
ဖော်ပြချက်
ပြင်ဆင်ရန်မီးတောင်တစ်ခုအနေဖြင့် အိုလံပတ်တောင်သည် ဟာဝိုင်အီကျွန်းပုံစံကဲ့သို့ တည်ရှိသည်။ အကျယ်အားဖြင့် ၆၀၀ ကီလိုမီတာခန့်ရှိပြီး[၈] ဧရိယာသည် စတုရန်းကီလိုမီတာ ၃၀၀,၀၀၀ ခန့်ရှိလေသည်။[၉] ယင်းသည် အီတလီနိုင်ငံ အရွယ်အစားနီးပါးခန့်ဖြစ်သည်။ ကမ္ဘာမြေနှင့်မတူဘဲ အင်္ဂါဂြိုဟ်၏ ကျောက်လွှာများသည် တည်ငြိမ်နေသောကြောင့် မီးတောင်မှထွက်လာသော ချော်ရည်များသည် အင်မတန်မြင့်မားလာသည်အထိ ထွက်လာနိုင်ပေသည်။[၁၀] အိုလံပတ်တောင်၏ အရွယ်အစားနှင့် တိမ်သော ကုန်းစောင်းများကြောင့် လေ့လာသူတစ်ဦးသည် အဝေးတစ်နေရာမှပင် မီးတောင်တစ်ခုလုံးကို ခြုံငုံကြည့်နိုင်မည်မဟုတ်ပေ။ ဂြိုဟ်၏ ကွေးကောက်မှုနှင့် မီးတောင်ကိုယ်တိုင်က ယင်းကဲ့သို့သော မြင်ကွင်းကို တားဆီးမည်ဖြစ်သည်။[၁၁] အလားတူစွာ လေ့လာသူတစ်ဦးသည် တောင်ထိပ်သို့ မတ်တပ်ရပ်နေသော်လည်း သတိပြုနိုင်မည် မဟုတ်ပေ။ မီးတောင်၏ ကုန်းစောင်းများက မိုးကုတ်စက်ဝိုင်းအလွန်သို့ (၃ ကီလိုမီတာ အကွာခန့်) ရောက်ရှိနေပေလိမ့်မည်။[၁၂] အိုလံပတ်တောင်ထိပ်ရှိ ပျမ်းမျှလေထုဖိအားမှာ ၇၂ pascal ရှိပြီး အင်္ဂါဂြိုဟ်မျက်နှာပြင်တစ်ခုလုံး ပျမ်းမျှလေထုဖိအားဖြစ်သော ၆၀၀ pascal ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။[၁၃][၁၄] နှိုင်းယှဉ်ရသော် ဧဝရတ်တောင်ထိပ်ရှိ လေထုဖိအားသည် ပင်လယ်ရေမျက်နှာပြင်ရှိ လေထုဖိအား၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ၃၂၀၀၀ pascal ရှိသည်။[၁၅] ဤသို့ပင်ဖြစ်လင့်ကစား အလွန်မြင့်မားသော အိုလံပတ်တောင်ထိပ်တွင် မကြာခဏ တိုက်ခတ်လေ့ရှိသော ဖုန်မှုန်များမှာ တည်ရှိလျက်ရှိသည်။[၁၆] အင်္ဂါဂြိုဟ်၏ ပျမ်းမျှလေထုဖိအားသည် ကမ္ဘာ့လေထုဖိအား၏ ၁ ရာခိုင်နှုန်းအောက် နည်းပါးသော်လည်း ကမ္ဘာ့လေထုဖိအားကဲ့သို့ အမြင့်ကိုရောက်လေလေ ပိုမိုနည်းပါးသွားလေ မဖြစ်ပေ။ အိုလံပတ်တောင်တွင် ဆီလီကိတ် ၄၄%၊ အိုင်းယွန်းအောက်ဆိုဒ် ၁၇.၅%၊ အလူမီနီယမ် ၇%၊ ကယ်လစီယမ် ၆%၊ ဆာလာဖာအောက်ဆိုဒ် ၇% အသီးသီး ပါဝင်သည်။ အနာဂတ်တွင် စေလွှတ်မည့် အာကာသယာဉ်များသည် အိုလံပတ်တောင်ပေါ်သို့ ဆင်းသက်စေမည်မဟုတ်ပေ။ အကြောင်းမှာ မြင့်မားသော ကုန်းစောင်းတွင် အာကာသယာဉ်ကို အရှိန်လျှော့ရန် လုံလောက်သော လေထုသိပ်သည်းမှု နည်းပါးသောကြောင့်ဖြစ်သည်။ ထို့အပြင် အိုလံပတ်တောင်သည် အင်္ဂါဂြိုဟ်ရှိ ဖုန်ထူမှုအများဆုံးနယ်မြေများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ ယင်းဖုန်မှုန်များသည် ကျောက်ခဲနမူနာများကို စစ်ဆေးရန် အခက်တွေ့စေမည်ဖြစ်ပြီး ရိုဗာများအတွက် အတားအဆီးဖြစ်စေပေလိမ့်မည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "အိုလံပတ်တောင်". Gazetteer of Planetary Nomenclature. USGS Astrogeology Research Program.
- ↑ Mars Orbiter Laser Altimeter: Experiment summary
- ↑ Neil F. Comins – Discovering the Essential Universe (2012). p. 148
- ↑ "Morphometric Properties of Martian Volcanoes" (2004). J. Geophys. Res. 109. doi: . Bibcode: 2004JGRE..109.3003P.
- ↑ Patrick Moore 1977, Guide to Mars, London (UK), Cutterworth Press, p. 96
- ↑ New names on Olympus Mons။ USGS။ 30 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-11 တွင် ပြန်စစ်ပြီး။
- ↑ Frankel, C.S. (2005). Worlds on Fire: Volcanoes on the Earth, the Moon, Mars, Venus and Io; Cambridge University Press: Cambridge, UK, p. 160. ISBN 978-0-521-80393-9.
- ↑ "Olympus Mons", NASA, retrieved 30 August 2010.
- ↑ Frankel, C.S. (2005). Worlds on Fire: Volcanoes on the Earth, the Moon, Mars, Venus and Io; Cambridge University Press: Cambridge, UK, p. 132. ISBN 978-0-521-80393-9.
- ↑ Layers in Olympus Mons Basal Scarp (PSP_001432_2015), High resolution imaging Science Experiment.
- ↑ Hanlon, M. (2004). The Real Mars; Constable & Robinson: London, p. 22. ISBN 1-84119-637-1.
- ↑ Martian Volcanoes on HST Images How Far Could I See Standing on Olympus Mons, "2.37 miles", Jeff Beish, Former A.L.P.O. Mars Recorder Archived August 27, 2009, at the Wayback Machine.
- ↑ Public Access to Standard Temperature-Pressure Profiles Archived 2007-06-21 at the Wayback Machine. Standard Pressure Profiles measured by MGS Radio Science team at ၂၇ km (၁၇ mi) range from approximately 30 to 50 Pa.
- ↑ Late Martian Weather! Archived 28 April 2006 at the Wayback Machine. stanford.edu temperature/pressure profiles 1998 to 2005
- ↑ Kenneth Baillie။ High altitude barometric pressure။ Apex (Altitude Physiology Expeditions)။ 2 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Hartmann, W.K. A Traveler’s Guide to Mars: The Mysterious Landscapes of the Red Planet. Workman: New York, 2003, p. 300.
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- Astronomy Picture of the Day 26 May 2004
- Western Flank of Olympus Mons and Aureole Archived 15 February 2006 at the Wayback Machine.
- Volcanism on Mars [၁] Archived 21 October 2012 at the Wayback Machine. [၂] Archived 21 October 2012 at the Wayback Machine.
- Olympus Mons from Google Mars