အိုလံပတ်တောင် (ဂရိ)
အိုလံပတ်တောင်(အင်္ဂလိပ်: Mount Olympus; (ဂရိ: Όλυμπος)သည် ဂရိနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည်။ သက်စာလွန်နီးကီမြို့၏ အနောက်တောင် မိုင်ငါးဆယ်ခန့်အကွာ၊ လားရစ်ဆာဒေသခွဲ နှင့် ပီယာရီးယာဒေသခွဲကြား၊ မက်စီဒိုးနီးယာ (ဂရိ) နှင့် သက်စာလိယာ အုပ်ချုပ်ရေးဒေသများကြားအစပ်ရှိ အိုလံပတ်တောင်တန်းတွင် တည်ရှိသည်။ အိုလံပတ်တောင်တွင် တောင်ထိပ် နှင့် နက်စောက်သော လျှိုကြီးများ (၅၂)ခုရှိသည်။[၄] အမြင့်ဆုံးတောင်ထိပ်ကို မိတိကာ့ရှ် ဟုခေါ်တွင်၍ အနက်မှာ နှာခေါင်း ဟူ၍ဖြစ်ပြီး ပေပေါင်း (၉,၅၇၀) ရှိသည်။[၂] မြေမျက်နှာသွင်ပြင် ထင်ရှားအရေးပါမှုအရ ဥရောပ၏ အမြင့်ဆုံးတောင်ထိပ်များအနက်က တစ်ခုလည်းဖြစ်သည်။[၅]
အိုလံပတ်တောင် | |
---|---|
အမြင့်ဆုံးအမှတ် | |
တောင်ထွတ် | မိတိကာ့ရှ် |
အမြင့် | ၂,၉၁၇ m (၉,၅၇၀ ft)[၁][၂] |
ပေါ်လွင်မှု | ၂,၃၅၃ m (၇,၇၂၀ ft)[၃] |
ပင်မတောင်ထွတ် | မူဆားလာ |
Isolation | ၂၅၄ km (၁၅၈ mi) |
စာရင်းသွင်းခြင်း | Country high point Ultra |
ကိုဩဒိနိတ် | 40°05′08″N 22°21′31″E / 40.08556°N 22.35861°Eကိုဩဒိနိတ်: 40°05′08″N 22°21′31″E / 40.08556°N 22.35861°E |
ပထဝီဝင် | |
တည်နေရာ | ဂရိနိုင်ငံ |
ပင်မတောင်တန်း | မက်စီဒိုးနီးယာ (ဂရိ) နှင့် သက်စာလိယာ၊ စာလွန်နီးကာ ပင်လယ်ကွေ့အနီး |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | ၁၉၁၃ ဩဂုတ် ၂ Christos Kakkalos, Frederic Boissonnas နှင့် Daniel Baud-Bovy |
ဂရိဒဏ္ဍာရီတွင် ဤတောင်ကြီးမှာ ထင်ရှားကျော်ကြားကာ မိတိကာ့ရှ်တောင်ထိပ်မှာ ဂရိဒဏ္ဍာရီလာ နတ်ဘုရားများ နေထိုင်သော နေရပ်လည်းဖြစ်၏ ။ ဇီဝမျိုးကွဲများပေါများခြင်းနှင့် ဒေသရင်းအပင်များ ပေါကြွယ်ဝခြင်းတို့ကြောင့်လည်း ထင်ရှားသည်။ ၁၉၃၈ မှစ၍ ဂရိနိုင်ငံ၏ ပထမဆုံး အမျိုးသား ဥယျာဉ်ဖြစ်ပြီး ကမ္ဘာ့ဇီဝလွှာ သီးသန့်နယ်မြေတစ်ခုလည်း ဖြစ်၏ ။[၂]
ခရီးသွားလူပေါင်းမြောက်မြားစွာသည် နှစ်စဉ်လာရောက်ကြ၍ ဒေသရင်း တိရစ္ဆာန်၊ အပင်များကို နှစ်သက်သဘောကျလေ့ရှိကာ ခရီးသွားများသည် တောင်စောင်းများ၊ တောင်ထိပ်များသို့ တက်ရောက်ကြလေ့ရှိသည်။ စီစဉ်ပေးထားသော တောင်ပေါ်အနားယူစခန်းများ၊ တောင်တက်ခြင်းအားကစားအမျိုးမျိုး၊ တောင်တက်ရန်လမ်းကြောင်းများ များစွာရှိသည်။ အိုလံပတ်တောင်ကို ပုံမှန်အားဖြင့် စတင်တက်ရသည့် နေရာမှာ သက်စာလွန်နီးကီမြို့မှ ၆၂ မိုင်ခန့်ဝေးကွာသော အရှေ့ဘက်တောင်ခြေမှ လစ်တို့ခိုရိုမြို့ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Mount Olympus | mountain, Greece | Britannica
- ↑ ၂.၀ ၂.၁ ၂.၂ NASA (July 7, 2005)။ Mount Olympus။ Olympus National Park။ Management Agency of Olympus National Park။ 30 August 2016 တွင် ပြန်စစ်ပြီး။
- ↑ Olympus, Greece။ Peakbagger.com။
- ↑ Kakissis၊ Joanna။ "Summit of the gods"၊ 17 July 2004။ 4 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Europe Ultra-Prominences။ peaklist.org။ 31 December 2010 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |