အိုးမိယဘူတာ (大宮駅, Ōmiya Eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ နခဂယောရပ်ကွက်တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ဤဘူတာတွင် ဟန်ခယူးကျိုတိုရထားလိုင်းကို ပြေးဆွဲလျက်ရှိသည်။ ခဲအိဖုခုလျှပ်စစ်ရထားလိုင်း၊ အရရှိယမလိုင်းများပြေးဆွဲလျက်ရှိသည့် ရှိဂျောအိုးမိယဘူတာသည် ဤဘူတာ၏ အနီးအနားတွင်ပင် တည်ရှိသည်။

အိုးမိယဘူတာ

大宮駅
ဘူတာရုံအဆောက်အဦ
တည်နေရာNakagyō, Kyoto, Kyoto
Japan
စီမံခန့်ခွဲသူHankyu Corporation
ရထားလိုင်း(များ)Hankyu Kyoto Main Line
ရထားစင်္ကြံ2
ဆက်သွယ်ထားမှုများShijō-Ōmiya Station (Randen)
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်HK-84
သမိုင်းကြောင်း
ဖွင့်ခဲ့31 March 1931
ယခင်အမည်များKeihan Kyōto; Hankyū Kyōto (until 1963)
Traffic
ခရီးသည် (FY2015[၁])11.5 million
ဘူတာပလက်ဖောင်း

ဘူတာပုံစံ

ပြင်ဆင်ရန်

ဘူတာတွင် ပလက်ဖောင်းနှစ်ခု ပါရှိသည်။

1  Kyoto Line for Kyoto Kawaramachi
2  Kyoto Line for Umeda, Kobe and Takarazuka

အသုံးပြုမှု

ပြင်ဆင်ရန်

၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် (၂၀၁၅ ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ) ဘူတာကို အသုံးပြုသည့် ခရီးသည်ဦးရေသည် နှစ်ပတ်လည် ၁၁,၅၃၇,၀၀၀ ဦး ရှိခဲ့သည်။ နှစ်အလိုက်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်သည်။[၂][၁]

ခုနှစ် အရေအတွက် (ထောင်ဂဏန်းဖြင့်)
စီးနင်းသူ စုစုပေါင်း
2001 7,092 14,737
2002 6,750 13,766
2003 6,695 13,595
2004 6,552 13,381
2005 6,112 12,738
2006 5,780 11,840
2007 5,986 12,050
2008 5,916 12,078
2009 5,214 10,969
2010 5,039 10,515
2011 4,982 10,181
2012 4,966 10,098
2015 5,639 11,537

သမိုင်းကြောင်း

ပြင်ဆင်ရန်

၁၉၃၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရှင်းခဲအိဟန်ရထားလမ်းကြောင်းပေါ်ရှိ ဘူတာတစ်ခုအဖြစ် ခဲအိဟန်ကျိုတိုဘူတာဟူသည့်အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ရှင်းခဲအိဟန်ရထားလိုင်းကို ဟန်းခယူးကျိုတိုရထားလိုင်းမည် အမည်ပြောင်းလဲခေါ်ဆိုသည့်နောက်ပိုင်းတွင် ဤဘူတာ၏ အမည်သည်လည်း “ဟန်ခယူးကျိုတိုဘူတာ” ဖြစ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဟန်းခယူးကျိုတိုရထားလိုင်းကို ခဝရမချိဘူတာအထိ တိုးချဲ့လိုက်သည့်အတွက် လမ်းဆုံးဘူတာအဖြစ် ရှိမနေတော့ဘဲ အမည်ကိုလည်း “အိုးမိယဘူတာဂ အဖြစ် လမ်းအမည်ကို အစွဲပြုကာ ခေါ်ဆိုခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဟန်းခယူးလမ်းကြောင်းပေါ်ရှိ ဘူတာများအားလုံးကို အမှတ်စဉ်သတ်မှတ်ခြင်းများ စတင်ခဲ့ပြီး ဤဘူတာ၏ အမှတ်စဉ်သည် HK-84 ဖြစ်သည်။[၃]

အနီးအနားရှိ ဘူတာများ

ပြင်ဆင်ရန်
« Service »
Kyoto Main Line
Saiin   Local   Karasuma
Saiin   Semi-Express   Karasuma
Saiin   Express   Karasuma
Saiin   Semi limited Express   Karasuma
Limited Express: ဤဘူတာတွင် မရပ်ပါ
Saiin   Commuter Limited Express   Karasuma
Rapid Limited Express "Kyo-Train", "Ogura": ဤဘူတာတွင် မရပ်ပါ
Rapid Limited Express A "Kyo-Train": ဤဘူတာတွင် မရပ်ပါ

ပြင်ပလင့်များ

ပြင်ဆင်ရန်

တမ်းပလိတ်:Hankyu Kyoto Line ကိုဩဒိနိတ်: 35°0′13.7″N 135°44′57″E / 35.003806°N 135.74917°E / 35.003806; 135.74917

  1. ၁.၀ ၁.၁ 第8章 都市施設 [Chapter 8: Urban facilities]။ 京都市統計書 [Statistics of Kyoto City] (ဂျပန်ဘာသာစကားဖြင့်)။ City of Kyoto။ 2017။
  2. Statistics of Kyoto Prefecture။ 12 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 June 2024 တွင် ပြန်စစ်ပြီး။
  3. 「西山天王山」駅開業にあわせて、「三宮」「服部」「中山」「松尾」4駅の駅名を変更し、全駅で駅ナンバリングを導入します (PDF) (in ja) (30 April 2013)။ 27 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2022 တွင် ပြန်စစ်ပြီး။