အီစိုး
အီစိုး (၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ဖွား) သည် ဂေါ်ရခါးနွယ်ဖွား မြန်မာဘောလုံးကစားသမား ဖြစ်သည်။ မြန်မာယူ ၂၁ အသင်း၏ တိုက်စစ်မှူးဖြစ်ပြီး ရန်ကုန်ယူနိုက်တက်ကလပ်အသင်းတွင် ကစားခဲ့သည်။[၁] အီစိုးသည် လက်ရှိတွင် လာအိုနိုင်ငံ၏ Young Elephant ကလပ်အသင်း၏တိုက်စစ်မှူးအဖြစ် လာအိုလိဂ်ဝမ်း (Lao League 1)တွင် ကစားလျက် ရှိသည်။ FOX Sports Asia က နေမာနှင့် တိုက်စစ်ကစားပုံခြင်းဆင်တူသည့်အတွက် "မြန်မာနိုင်ငံ၏ နေမာ" ဟု တင်စားခေါ်ဝေါ်ခဲ့သည်။
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | အီစိုး | ||
မွေးသက္ကရာဇ် | ၁၅ နိုဝင်ဘာ၊ ၁၉၉၆ | ||
မွေးရပ်ဇာတိ | မြစ်ကြီးနားမြို့, မြန်မာ | ||
အရပ်အမြင့် | ၁.၆၉ m (၅ ft ၆ ၁⁄၂ in) | ||
ကစားသည့်နေရာ | တိုက်စစ် | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ရန်ကုန်ယူနိုက်တက် | ||
အင်္ကျီနံပါတ် | 27 | ||
လူငယ်ဘဝကလပ်များ | |||
၂၀၁၅-၂၀၁၆ | မနောမြေလူငယ်အသင်း | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၁၇ - | ရန်ကုန်ယူနိုက်တက် | ၂၀ | (၉) |
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
၂၀၁၆-၂၀၁၇ | မြန်မာယူ ၂၁ | ၅ | (၂) |
2018– | မြန်မာ | 3 | (0) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
ကလပ်ကစားသမားဘဝ
ပြင်ဆင်ရန်အစောပိုင်းနှစ်များ
ပြင်ဆင်ရန်၂၀၁၅ ခုနှစ်တွင် မနောမြေလူငယ်အသင်းတွင် ကစားခဲ့ပြီး ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မနောမြေအသင်းကြီးအတွက် ရွေးချယ်ခြင်း ခံရသည်။ သို့သော် မနောမြေအသင်းသည် 2016 MNL ရာသီတွင် ထွက်ခဲ့သည်။ ထို့နောက်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြများသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ခေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် 2017 International U-21 Thanh Niên Newspaper Cup အတွက် ကစားရန် မြန်မာယူ ၂၁ အသင်းအတွက် ခေါ်ခြင်းခံခဲ့ရသည်။ သူသည် အကောင်းဆုံးစွမ်းရည်ဖြင့် ကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်
ပြင်ဆင်ရန်၂၀၁၈ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲအတွက် ကစားသမားစာရင်းတွင် ထည့်သွင်းခဲ့သည်။[၂]ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အီစိုးသည် သူ၏ ပထမဆုံးပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြိုင်ပွဲအဖြစ် စစ်ကိုင်းယူနိုက်တက် FC အသင်းနှင့် အဝေးကွင်းပွဲ ကစားခဲ့သည်။[၃]