အီတလီ အမျိုးသား ဘောလုံးအသင်း

အီတလီ အမျိုးသား ဘောလုံးအသင်း (အီတလီ: Nazionale di calcio dell'Italia; အင်္ဂလိပ်: Italy national football team) သည် နိုင်ငံတကာ ဘောလုံးအားကစားတွင် ၁၉၁၀ခုနှစ် ၎င်းတို့၏ပထမဆုံးပွဲမှစတင်၍ အီတလီနိုင်ငံကို တရားဝင်ကိုယ်စားပြု ကစားခဲ့သည်။ အသင်းသည် ဖီဖာအဖွဲ့၏ နိုင်ငံတကာ စီရင်မှုအောက်တွင်ရှိပြီး ဥရောပတွင် ဥရောပ ဘောလုံးအဖွဲ့ချုပ် ကကိုင်တွယ်သည်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ် (FIGC) က ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်သည်။ အီတလီအသင်း၏ အိမ်ကွင်းပွဲစဉ်များကို အီတလီအနှံ့ရှိ အားကစားကွင်းများ၌ ကျင်းပကြပြီး အသင်းလေ့ကျင့်ရေးကွင်း 'Centro Tecnico Federale di Coverciano' သည် ဖလောရန့်စ်မြို့၏ အနီးနားမြို့ ကိုဗေးချားနို မြို့တွင် တည်ရှိသည်။

အီတလီ
Shirt badge/Association crest
အမည်ပြောင်Gli Azzurri (အပြာရောင်များ)
La Nazionale (အမျိုးသားအသင်း)
အဖွဲ့အီတလီဘောလုံးအဖွဲ့ချုပ်
(Federazione Italiana Giuoco Calcio, FIGC)
မဟာမိတ်အဖွဲ့ယူအီးအက်ဖ်အေ (ဥရောပ)
နည်းပြချုပ်Roberto Mancini
အသင်းခေါင်းဆောင်Giorgio Chiellini
Most capsGianluigi Buffon (176)
Top scorerLuigi Riva (၃၅)
အိမ်ကွင်းများစွာသော ကွင်းများ
ဖီဖာကုဒ်ITA
FIFA အဆင့် 13 Steady (11 June 2020)[၁]
အမြင့်ဆုံး FIFA အဆင့်၁ (November 1993, February 2007, April–June 2007, September 2007)
အနိမ့်ဆုံး FIFA အဆင့်၂၁ (August 2018)
Elo အဆင့် 8 Increase 6 (2 April 2020)[၂]
အမြင့်ဆုံး Elo အဆင့်၁ (June 1934 – March 1940, December 1940 – November 1945, July–August 2006)
အနိမ့်ဆုံး Elo အဆင့်၂၁ (November 1959)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
Third colours
ပထမဆုံး နိုင်ငံတကာပွဲ
 အီတလီ 6–2 ပြင်သစ် [[File:{{{flag alias-1794}}}|23x15px|border |alt=|link=]]
(Milan, Italy; 15 May 1910)
အကြီးအကျယ် အနိုင်ရ
 အီတလီ 9–0 အမေရိကန် 
(Brentford, England; 2 August 1948)
အကြီးအကျယ် ရှုံး
 ဟန်ဂေရီ 7–1 အီတလီ 
(Budapest, Hungary; 6 April 1924)
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၁၈ (First in ၁၉၃၄)
အကောင်းဆုံးရလဒ်Champions (1934, 1938, 1982, 2006)
ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ
မြင်တွေ့ရမှုများ၁၀ (၁၉၆၈တွင် ပထမအကြိမ်) (First in UEFA Euro 1968)
အကောင်းဆုံးရလဒ်ချန်ပီယံ (၁၉၆၈၊ ၂၀၂၀)
Confederations Cup
မြင်တွေ့ရမှုများ၂ (First in 2009 FIFA Confederations Cup)
အကောင်းဆုံးရလဒ်တတိယ (၂၀၁၃)
ဝဘ်ဆိုဒ်FIGC.it (in Italian) (in English)

ဖီဖာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးသော အသင်းများအနက် တစ်သင်းဖြစ်၍ ကမ္ဘာ့ဖလား လေးကြိမ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆) ရရှိခဲ့ကာ ၁၉၇၀နှင့် ၁၉၉၄ ကမ္ဘာ့ဖလားများတွင် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ၁၉၉၀ တွင် တတိယ၊ ၁၉၇၈ တွင် စတုတ္ထအဆင့်များ ရရှိခဲ့သည်။ ၁၉၃၈ တွင် ကမ္ဘာ့ဖလားအနိုင်ရဆုဖလားကို ပထမဆုံး ကာကွယ်နိုင်သည့် အသင်းဖြစ်လာပြီး ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားမှုကြောင့် ယင်းဆုဖလားကို နောက်ထပ် (၁၂)နှစ်တိုင်တိုင် ထိန်းသိမ်းနိုင်ခဲ့သည်။ 'ဥရောပ အလယ်ပိုင်း နိုင်ငံတကာဖလား' (Central European International Cup) ကို ၁၉၂၇-၃၀ ပြိုင်ပွဲ နှင့် ၁၉၃၃-၃၅ ပြိုင်ပွဲတို့တွင်လည်း အနိုင်ရရှိခဲ့သည်။ ပထမဆုံး ကမ္ဘာ့ဖလားဆုနှစ်ခုကြားတွင် အိုလံပစ်ဘောလုံးပြိုင်ပွဲ (၁၉၃၆) ၌လည်း အနိုင်ရရှိခဲ့ပေသည်။ ၁၉၄၉ လေယာဉ်ပျက်ကျမှု၌ အသင်း၏ အများစုသော ကစားသမားများ သေဆုံးခဲ့ရပြီး နောက်ထပ်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်တွင် အုပ်စုအဆင်မှ မကျော်နိုင်ခဲ့သည့်အခြေနေနှင့် ၁၉၅၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲပင် မအောင်သော အခြေနေများ တွေ့ကြုံခဲ့ရသည်။ ယင်းနောက်ပိုင်း ပြုလုပ်သော ကမ္ဘာ့ဖလားခြေစစ်ပွဲများ အောင်မြင်ပြီး ၂၀၁၈ ခြေစစ်ပွဲတွင် အောင်မြင်ခဲ့ခြင်းမရှိပေ။ ၁၉၆၈ ခန့်တွင် အီတလီအသင်းသည် ပြန်လည်စုစည်းနိုင်ခဲ့ပြီး ၁၉၆၈ ဥရောပဖလား ရရှိခဲ့သည်။ ဥရောပဖလား ခြေစစ်ပွဲများ မအောင်မြင်ခဲ့သော ကာလများရှိခဲ့ပြီး ၂၀၀၀ နှင့် ၂၀၁၂ တို့တွင် ဥရောပဖလား ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ကာ ၂၀၂၀ ဥရောပဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။[မှတ်စု ၁] FIFA Confederations Cup ပြိုင်ပွဲ၏ အမြင့်ဆုံးအဆင့် အနေဖြင့် ၂၀၁၃၌ တတိယနေရာ ရခဲ့၏။

အီတလီအသင်းကို 'ယက်သ်ဇူရီ' (gli Azzurri) အပြာရောင်များ (မိုးပြာရောင်) အဖြစ်သိရှိကြ၍ ထိုအပြာဖျော့ (Savoy blue) သည် အီတလီနိုင်ငံကို ကိုယ်စားပြုသော နိုင်ငံအသင်းများ၏ အသုံးများသော အရောင်ဖြစ်သည်။ ၁၈၆၀ မှ ၁၉၄၆ အထိ အီတလီဘုရင့်နိုင်ငံကို အုပ်စိုးသွားခဲ့သော စာဗွိုင်းမင်းဆက် အိမ်တော်(နန်းတော်) (House of Savoy) ၏ ရိုးရာဆေးအရောင်လည်း ဖြစ်သည်။ အီတလီ အမျိုးသား ဘောလုံးအသင်းသည် အခြားထိပ်တန်း ပြိုင်ဖက်အသင်းများနှင့် နှစ်ကာလရှည်စွာ ပြိုင်ဖက်ဖြစ်ခြင်းကြောင့်လည်း ကျော်ကြားသည်။ ဘရာဇီးအသင်း၊ ခရိုအေးရှားအသင်း၊ ပြင်သစ်အသင်း၊ ဂျာမနီအသင်းနှင့် စပိန်အသင်းတို့ဖြစ်ကြသည်။ ဖီဖာ ကမ္ဘာ့စာရင်းတွင် အီတလီသည် အဆင့် (၁) အကြိမ်အချို့ရရှိခဲ့ပြီး (၁၉၉၃ ဩဂုတ်မှ နိုဝင်ဘာ၊ ၂၀၀၇ ရှိ အချို့လများ) အဆိုးရွားဆုံးရလဒ်မှာ ၂၀၁၈ ဩဂုတ်တွင် ကမ္ဘာ့အဆင့် (၂၁) ရရှိခဲ့သည်။

မှတ်စု ပြင်ဆင်ရန်

  1. ၂၀၂၀ ဥရောပဖလားပြိုင်ပွဲဟုဆိုသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ တွင် ယှဉ်ပြိင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. The FIFA/Coca-Cola World Ranking (11 June 2020)။ 11 June 2020 တွင် ပြန်စစ်ပြီး။
  2. Elo rankings change compared to one year ago. World Football Elo Ratings (2 April 2020)။ 2 April 2020 တွင် ပြန်စစ်ပြီး။