အီဗန် ဒူးဘာ

ယူကရိန်းနိုင်ငံသား စာပေဝေဖန်ရေးသမား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ဆိုဗီယက်အစိုးရဆန့်ကျင်သ

အီဗန် မီခါလိုဗစ်ခ်ျ ဒူးဘာ (ယူကရိန်း: Іва́н Миха́йлович Дзю́ба; ၂၆ ဇူလိုင် ၁၉၃၁ – ၂၂ ဖေဖော်ဝါရီလ ၂၀၂၂) သည် ယူကရိန်းနိုင်ငံသား စာပေဝေဖန်ရေးသမား၊ လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ဆိုဗီယက်အစိုးရဆန့်ကျင်သူတစ်ဦး ဖြစ်သည်။ ယူကရိန်းသူရဲကောင်းဘွဲ့ရရှိထားသူဖြစ်ပြီး ယူကရိန်းအမျိုးသားသိပ္ပံအကယ်ဒမီ၏ ပညာရှင်တစ်ဦးအဖြစ်လည်းကောင်း၊ ဒုတိယမြောက် ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်းကောင်း၊ ရှဗ်ချန်ကို အမျိုးသားဆုချီးမြှင့်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

အီဗန် ဒူးဘာ
Дзюба Іван Михайлович
၂၀၀၄ ခုနှစ်က အီဗန် ဒူးဘာ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားအီဗန် မီခါလိုဗစ်ခ်ျ ဒူးဘာ
(1931-07-26)၂၆ ဇူလိုင်၊ ၁၉၃၁
မီကိုလက်ဗကာ, ဗိုလ်နိုဗာခါပြည်နယ်, ဆိုဗီယက်ယူကရိန်း, ဆိုဗီယက်ပြည်ထောင်စု
ကွယ်လွန်၂၂ ဖေဖော်ဝါရီ၊ ၂၀၂၂(2022-02-22) (အသက် ၉၀)
ယူကရိန်းနိုင်ငံ၊ ခီးယဗ်မြို့

ခေတ်သစ်ယူကရိန်းစွယ်စုံကျမ်း အယ်ဒီတာအဖွဲ့၏ တွဲဖက်ဥက္ကဋ္ဌ၊ ခေတ်ပြိုင် မဂ္ဂဇင်း၏ အယ်ဒီတာချုပ်၊ ခီးယဗ်စကာ စတာရောဗ်နာ (ရှေးဟောင်းခီးယဗ်)၊ ဆလိုဗိုအီချတ်စ်၊ ယက်ဗရိုအတ်တလန်းတစ်ကာ (ယူရိုအတ္တလန္တိတ်) ဟူသော သိပ္ပံမဂ္ဂဇင်းများ၏ အယ်ဒီတာအဖွဲ့ဝင်တို့အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

အတ္ထုပတ္တိ ပြင်ဆင်ရန်

၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် ဒိုးနတ်စ်က်ဒေသရှိ မီကိုလက်ဗကာရွာမှ[၂] လယ်သမားမိသားစုတစ်စုတွင် ဖွားမြင်သော ဒူးဘာသည် အသက် ၁၇ နှစ်အရွယ်အထိ ရုရှားဘာသာတစ်မျိုးတည်းကိုသာ ပြောဆိုခဲ့သည်ဟုဆိုသည်။[၃] ၁၉၃၂ ခုနှစ်တွင် ပလိပ်ရောဂါကြောင့် ၎င်းတို့နေထိုင်ရာ အနီးအနားရှိ နော်ဗိုးတရိုယစ်စကတ်ရွာသို့ ရှောင်တိမ်းခဲ့ရသေးသည်။ နောက်ပိုင်းတွင် အိုလန်နဗ်စကီကျောက်ကျင်း (ယခု ဒိုးကူးချယ်ယဗ်စ်က်မြို့) သို့ ပြောင်းရွှေ့ခဲ့ကြပြီး၊ ထိုမြို့တွင်ပင် အလယ်တန်းတက်ရောက်ခဲ့သည်။

ဒိုးနတ်စ်က်ပညာရေးသိပ္ပံ၊ ရုရှားဝေါဟာရဗေဒမဟာဌာနမှ ဘွဲ့ရပြီး၊ ရှဗ်ချန်ကိုစာပေသိပ္ပံတွင်လည်း ဘွဲ့လွန်တက်ရောက်ခဲ့သည်။[၂] ပထမဆုံးလက်ရာကို ၁၉၅၉ တွင် ထုတ်ဝေခဲ့သည်။

၁၉၆၅ နှစ်ကုန်ပိုင်းတွင် Internationalism or Russification? ဟူသော စာအုပ်တွင် ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်း၏ အမျိုးသားဆက်ဆံရေးကို ခြိမ်းခြောက်နေမှုများအကြောင်း ရေးသားကာ ကွန်မြူနစ်အာဏာပိုင်များထံ ပေးပို့ခဲ့သည်။ ယူကရိန်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထူးကော်မရှင်က စာအုပ်ပါအကြောင်းအရာများသည် ဆိုရှယ်လစ်စနစ်၏ သရုပ်မှန်၊ ပါတီ၏ အမျိုးသားမူဝါဒ၊ ဆိုဗီယက်ပြည်ထောင်စု၏ ကွန်မြူနစ်အယူဝါဒတို့ကို ပျက်ရယ်ပြုသည်ဟုဆိုကာ ဆိုဗီယက်ပြည်သူချင်း စည်းလုံးမှုပျက်ပြားစေမှု၊ ယူကရိန်းနှင့် ရုရှားပြည်သူများအကြား အမုန်းတရားဖြန့်ဝေမှုတို့ဖြင့် ထောင်ဒဏ် ငါးနှစ်၊ ပြည်နှင်ဒဏ် ငါးနှစ်ချမှတ်ခဲ့သည်။ ၁၈ လကြာ ထောင်ဒဏ်ကျခံပြီးသည့်နောက်၊ အန်တိုနော့ဗ် စဉ်တိုက်ကုန်ထုတ်လုပ်မှုစက်ရုံ၏ အသနားခံမှုဖြင့် ၎င်းတို့ပိုင်သတင်းစာတိုက်တွင် အလုပ်လုပ်ခွင့်ရခဲ့သည်။[၂]

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ယူကရိန်းနိုင်ငံ သီးခြားလွတ်လပ်လာသောအခါ ဒူးဘာမှာ ပိုမိုထင်ရှားလာခဲ့သည်။ ယူကရိန်းလူထုလှုပ်ရှားမှုပါတီ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်လာပြီး၊[၄] ၁၉၉၁ မှစတင်ကာ ဆူချတ်စ်နစ်တ်မဂ္ဂဇင်း၏ ပင်တိုင်ထုတ်ဝေသူလည်း ဖြစ်လာခဲ့သည်။ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှ ၁၉၉၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်အထိ ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ရှဗ်ချန်ကိုဆု၊ အိုဘီလတ်စကီးဆု၊ အန်တိုနိုဗစ်ခ်ျ နိုင်ငံတကာ ရန်ပုံငွေဆု၊ ဗိုလိုဒီမျာ ဗာနဒ်စကီးဆုများလည်း ရရှိခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ယူကရိန်းနိုင်ငံ မြို့တော် ခီးယဗ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။[၅]

ကိုးကား ပြင်ဆင်ရန်