အီရန်နိုင်ငံရှိ ဉာဏမူပိုင်ခွင့်

အီရန်နိုင်ငံသည် ၂၀၀၁ ကတည်းက WIPO (ကမ္ဘာ့နည်းပညာဆိုင်ရာမူပိုင်ခွင့်အဖွဲ့) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးများစွာသော WIPO နည်းပညာပိုင်ဆိုင်မှုစာချုပ်များတွင် ပါဝင်ထားပြီးဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင်စက်မှုကာကွယ်စောင့်ရှောက်ရေး (ပဲရစ်ကွန်ဗင်းရှင်း) အတွက်ကွန်ဗင်းရှင်းသို့ဝင်ရောက်ခဲ့ပြီး အီရန်သည်ဒီဇင်ဘာလ ၂၀၀၃ ခုနှစ်တွင် အီရန်သည် နိုင်ငံတကာမှတ်ပုံတင်ခြင်းများအတွင်း မက်ဒရစ်သဘောတူညီချက်နှင့်မက်ဒရစ် ပရိုတိုကောတို့ တွင် စာရင်းဝင်လာခဲ့ပြီး အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂၀၀၅ခုနှစ်တွင်အီရန်သည်မိမိတို့မြေပထဝီပေါ်မှ ထွက်ရှိသော သယံဇာတနှင့် ကုန်ပစ္စည်းများကို အကာအကွယ်ပြုစေသော လစ္စဘွန်းသဘောတူညီချက်နှင့် ဆက်စပ်မှုပြုလုပ်ခဲ့သည် အကြောင်းမှာ တိုင်းပြည်အကာကွယ်ဖြစ်ရန်နှင့် ကမ္ဘာနိုင်ငံများအတွင်း စာရင်းဝင်စေရန် အတွက်ဖြစ်သည်။ ထိုအတိုင်းပင် အီရန်သည် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် အီရန်စက်မှုဒီဇိုင်းများ၏ကာကွယ်စောင့်ရှောက်ရေးရရန်အတွက် ဟိဂ် သဘောတူညီချက်စာချုပ်သို့ ဝင်ရောက်ခဲ့လေသည်။ ။

 အီရန်နိုင်ငံ IP မူဝါဒများအတွက်တာဝန်ရှိအေဂျင်စီများ ပြင်ဆင်ရန်

  • အဆိုပါ ဌာန၏စာရေးဆရာ၊တေးရေးဆရာနှင့်အနုပညာရှင်တို့၏မူပိုင်ခွင့်ကိစ္စရပ်များ၊ ပတ်သက်ပြီး အဓိကတာဝန်ရှိဆုံးသော သူသည် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အစ္စလာမ့်လမ်းညွှန်သာလျှင်ဖြစ်ပေသည်။
  • အီရန်စက်မှုလုပ်ငန်းပိုင်းဆိုင်ရာပိုင်ဆိုင်မှုဌာနသည် စာရွက်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းပိုင်းဆိုင်ရာရုံးနှင့် အီရန်တရားရေးရာလက်အောက်တွင်ရှိသည်။ စက်မှုလုပ်ငန်းပိုင်ဆိုင်ရာ မှတ်ပုံတင်သည့်အခါ ကမ္ဘာ့စံချိန်စံညွှန်းနှင့်အညီ ဥပဒေပြဋ္ဌာန်းချက်များရေးပြီးမှသာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များပြုလုပ်နိုင်သည်။
    [၁]
  • အီရန်သုတေသနအဖွဲ့သည် အမျိုးသားရေးနည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များနှင့်မူဝါဒများကိုများ၊နည်းပညာပိုင်းဆိုင်ရာ အောင်လက်မှတ်များပေးခြင်း၊အဆိုပြုတင်ပြလာသောစီမံကိန်းများနှင့်တီထွင်မှုစီမံကိန်းလျှောက်လွှာများကို ဖြစ်နိုင်နိုင်ချေရှိမရှိ စိစစ်သောလုငန်းစဉ်များဆောင်ရွက်ရသည်။

စာရေးဆရာ၊တေးရေးဆရာနှင့်အနုပညာသည်များ၏အခွင့်အရေးပိုင်းဆိုင်ရာဥပဒေကာကွယ်စောင့်ရှောက်မှု၊၁၉၇၀ ပြင်ဆင်ရန်

အီရန်တွင် စာရေးဆရာများ၊တေးရေးဆရာများနှင့် အနုပညာသည်တို့၏ရပိုင်ခွင့်နှင့် ၎င်းတို့၏အတွေးအခေါ်တို့၏အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန်အတွက် သီးသန့်အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်းထားသည်။ ထိုဥပဒေကို ၁၉၇၀ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အမျိုးသားရေးလွှတ်တော်မှထုတ်ပြန်ခဲ့သည်။၂၀၀၀ခုနှစ် (အီရန်သက္ကရာဇ်၁၃၇၉) နောက်ပိုင်းတွင် ကွန်ပြူတာအစီအစဉ်များ ရေးဆွဲသူများအခွင့်အရေးနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ခဲ့သည်။[၂]

၂၀၁၀ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့တွင် အီရန်အစ္စလာမ့်ဥပဒေပြဋ္ဌာန်းမှုဆိုင်ရာလွှတ်တော်မှ စာရေးဆရာ၊တေးရေးဆရာနှင့်အနုပညာရှင်များအခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အပိုဒ်(၁၂)ကို ပြင်ဆင်ပြီး အတည်ပြုခဲ့သည်။ စာရေးဆရာတစ်ဦး၏ရေးသားမှုများအားကူးယူခွင့်ကို ၎င်းသေဆုံးပြီးနှစ်ပေါင်း(၅၀)ကြာမြင့်မှ ပြန်လည်ကူးယူခွင့်ရှိကြောင်း ကူးယူခွင့်ကာလဥပဒေကို နှစ်တိုးမြှင့်၍ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေသည် ဩဂုတ်လ(၂၂)ရက်၂၀၁၀ ခုနှစ်နောက်ပိုင်းရေးသားပြုစုခဲ့သော စာတမ်းများနှင့်စာအုပ်များအတွက်အကျုံးဝင်သည်။

ထိုသို့ပြဋ္ဌာန်းခဲ့သောဥပဒေသည် အီရန်နိုင်ငံအပြင်ဘက်နှင့် သက်ဆိုင်ခြင်းမရှိပါ၊အဘယ်ကြောင့်ဆိုသော် စာပေနှင့်အနုပညာကာကွယ်စောင့်ရှောက်ရေးဘရန်း ကွန်ဗင်းရှင်း (သို့) ကမ္ဘာ့နည်းပညာဆိုင်ရာမူပိုင်ခွင့်အဖွဲ့(သို့) အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးအစည်းအရုံးတို့မှ ထိုသို့ ထောက်ခံထားခြင်းမရှိသည့်အတွက်ကြောင့်ဖြစ်သည်။၂၀၁၂ ခုနှစ်တွင်အီရန် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများတွင် တစ်ဦးအပါအဝင်ဖြစ်စေပြီး မိမိတို့၏စာပေ, အနုပညာ,နည်းပညာများကာကွယ်စောင့်ရှောက်မှုရရန်မိမိတို့၏အစီအစဉ်များကို ဘရန်းကွန်ဗင်းရှင်းနှင့်ရောမမြို့ကွန်ဗင်းရှင်းသို့တင်ပြခဲ့သည်။[၃][၄]

အမှတ်တံဆိပ်များ နှင့်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဥပဒေ ၁၉၃၁ ပြင်ဆင်ရန်

အီရန်နိုင်ငံ၌၁၉၃၁ ခုနှစ်တွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသည် အမှတ်တံဆိပ်(လိုဂို)၊ဒီဇိုင်း၊အမှတ်စဉ်၊စာတမ်း၊ဝေါဟာရ၊တံဆိပ်၊ပါကင်ထုပ် စသဖြင့်တို့ကို ကုန်ပစ္စည်းအမျိုးအစားများအားခွဲခြားသိရှိနိုင်ရန်အတွက် မှတ်ပုံတင်ခြင်းဥပဒေသာလျှင်ဖြစ်သည်။ အထက်ပါဥပဒေသည် စက်မှုလယ်ယာနှင့်ကုန်သွယ်မှုမှ ထွက်လာသော ကုန်ပစ္စည်းအမျိုးမျိုးကို ခွဲခြားရန်အတွက် ချမှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပေသည်။ ထို့ပြင် အမှတ်အသားနှင့် တံဆိပ်များကို မှတ်ပုံတင်ရန်အတွက်ဖြစ်ပြီး မှတ်ပုံတင်ရာ၌ မိမိတို့၏ တံဆိပ်အမှတ်အသားများကို ရှင်းရှင်းလင်းလင်းတင်ပြရန်အရေးကြီးပေသည်။.[၅]

တရားရုံးအမိန့်ရရှိအောင်ပြုလုပ်ထားခြင်းသည် မှတ်ပုံတင်ခြင်းဆိုင်ရာရပိုင်ခွင့်အရ ဆုံးရှုံးနစ်နာမှုများကို တားဆီးခြင်းသာလျှင်ဖြစ်ပေသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဥပဒေတွင်လည်းပြဋ္ဌာန်းထားလေသည်။ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာခဲ့ပါက သက်ဆိုင်ရာသို့တိုင်ကြားပြီး နစ်နာကြေးပြန်လည်တောင်းခံပိုင်ခွင့်ရှိသည်။ အကယ်၍ စီးပွားပြိုင်ရာတွင် လိမ်လည်မှုများနှင့် အတုပြုလုပ်မှုများရှိ ခဲ့ပါလျှင် ကျူးလွန်သူကို ဥပဒေက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပေသည်။

ပညတ်တရား၏အပိုဒ် ၃၀ အရ အီရန်နိုင်ငံအပြင်ဘက်တွင် မူပိုင်ခွင့်လက်မှတ်ရရှိထားသော တီထွင်သူ(သို့)လေ့လာရှာဖွေသူ မည်သူမဆို သူ၏မူပိုင်ခွင့်လက်မှတ် သက်တမ်းကျန်ရှိသေးပါက ၎င်းသည် အီရန်တွင် မူပိုင်ခွင့်လျှောက်ထားနိုင်သည်။ သို့သော် အီရန်နိုင်ငံတွင် ပုဂ္ဂိုလ်တစ်ဦး(သို့)ကုမ္ပဏီတစ်ခုက တီထွင်မှု(သို့)ရှာဖွေမှုအသစ်တစ်ခု(အပြည့်အ၀အနေအထား(သို့) တစ်စိတ်တစ်ဒေသ)နိုင်ငံခြားသားတီထွင်မှု မှတ်ပုံတင်မတင်မီဖြစ်စေ(သို့)ထိုမှအကျိုးအမြတ်ရရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေချိန်တွင်ဖြစ်စေ မူပိုင်ခွင့်ရှိထားသူနိုင်ငံခြားသား(သို့)ကုမ္ပဏီသည် လုပ်ဆောင်မှုများကို ရပ်တန့်လိုက်၍မရပါ။

မူပိုင်ခွင့်၊စက်မှုဒီဇိုင်းများနှင့်အမှတ်တံဆိပ်များအတွက်မှတ်ပုံတင်ဥပေဒ၂၀၀၈ ပြင်ဆင်ရန်

စက်မှုဒီဇိုင်းများနှင့် ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အီရန်ပါလီမန်အတွင်း ၂၀၀၈ ခုနှစ်ဇန်နဝါရီ ၂၃ ရက်နေ့မှစ၍ ဆွေးတင်ပြခဲ့ရာ ၂၀၀၈ ခုနှစ် မေလ ၅ ရက်နေ့တွင် ငါးနှစ်အတွက် စမ်းသပ်ကာလအဖြစ်အတည်ပြုခဲ့သည်။.[၆]

အဆိုပါ Majlis (ပါလီမန်)သည် နိုင်ငံတကာခုံသမာဓိဆုအသိအမှတ်ပြုရန်နှင့်ပြဋ္ဌာန်းရန်မှမေလ ၂၀၀၁ ခုနှစ်တွင် ဥပဒေကြမ်းတစ်ခုကိုအတည်ပြုခဲ့သည်။ ထိုသို့ဆုံဖြတ်ရခြင်း၏ရည်ရွယ်ချက်မှာကုမ္ပဏီများ၎င်းတို့၏ပိုင်ဆိုင်မှုကို ပိုမိုကာကွယ်မှုပေးရန်အတွက်ဖြစ်လေသည်။ အီရန်သည် များသောအားဖြင့် နယူးယောက်ကွန်ဗေးရှင်းဟု အများကဆိုထားသော ကွန်ဗေးရှင်းသို့ဝင်ရောက်ပြီးသည့်နောက်အခြားနိုင်ငံများတွင်နိုင်ငံတကာခုံသမာဓိဆုအသိအမှတ်ပြုရန်နှင့်ပြဋ္ဌာန်းရန် သဘောတူခဲ့သည်။ အီရန်တွင် ပေးအပ်ခဲ့သော ဆုသည် အခြားသောအဖွဲ့ဝင်နိုင်ငံများ၌လည်း ပြဋ္ဌာန်းပိုင်ခွင့်ရှိလေသည်။

Nourlaw အဆိုအရ၎င်း၏ယခင်နှင့်မတူသည့်ဥပဒေအသစ်သည် အသစ်တီထွင်မှုများနှင့်စက်မှုဒီဇိုင်း များကိုအမှတ်တံဆိပ်များထက်ပိုမိုဦးစားပေးထားပြီး ထိုအရာများကိုစောင့်ရှောက်ရာတွင်လည်းနည်းပညာမူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းထားသည့်အရ သာလွန်မှုရှိနေသည်။ နည်းပညာမူပိုင်ခွင့်မှတ်ပုံတင်ဦးစီးဌာန၏ထုတ်ပြန်ကြေညာချက်အရ ၂၀၀၈ ခုနှစ်တွင် အီရန်နိုင်ငံ၌ နိုင်ငံသားတို့တီထွင်မှုစုစုပေါင်း၉၅၇၀အမျိုးအစား မှတ်ပုံတင်ခဲ့ကြသည်။ တီထွင်မှုများအရေအတွက်နှင့်မှတ်ပုံတင်ခြင်းသည် ယခင်နှစ်များထက် ၃၈ ရာခိုင်နှုန်းခန့်တိုးလာခဲ့ကြောင်း ကြေညာခဲ့လေသည်။[၇]

အီရန်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ပါတီဝင်တစ်ဦးဖြစ်သည်မဟုတ်သလိုဘက်ပေါင်းစုဒီဇိုင်းတင်ပြမှုများအတွက်များထူးခြားသောဥပဒေတစ်ရပ်ပြဋ္ဌာန်းထားသူတစ်ဦးလည်းမဟုတ်ပါ။ သို့ပေမယ့်လည်း အီရန်သည် တီထွင်မှုသို့မဟုတ်နည်းပညာပိုင်းဆိုင်ရာအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ အီရန်သည်ကုန်အမှတ်တံဆိပ်များနှင့်မူပိုင်ခွင့်မှတ်ပုံတင်အက်ဥပဒေ (၁၉၃၁)ခုနှစ် ပုဒ်မ ၂၆အရ တီထွင်မှုများအပေါ်မှတ်ပုံတင်ခြင်းနှင့် (၁၉၇၀)ခုနှစ် အက်ဥပဒေပုဒ်မ ၂.၁၁ အရ စာရေးဆရာများ၊တေးရေးဆရာများနှင့် အနုပညာသည်တို့၏ရပိုင်ခွင့်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ပြီး နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်မှုများကိုလည်းလုပ်ဆောင်နိုင်သည်။(အထက်တွင်လေ့လာနိုင်သည်)။[၈]

တီထွင်မှုများ(မူပိုင်ခွင့်) ပြင်ဆင်ရန်

အသစ်အဆန်းတီထွင်ခြင်း-အီရန်တွင်ဖြစ်စေ(သို့)ပြည်ပ၌ဖြစ်စေ မည်သည့်သာမန်အဆင့်ပညာကိုမျှ လုံလောက်သောအနေအထားဖြင့်လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်စွမ်းမရှိပါ။ (ထို့ကြောင့်)စောလျှင်စွာ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားသူသည်သာ ဥပဒေအရ အဦးဆုံးမူပိုင်ခွင့်ရခွင့်ရှိသူဖြစ်ပေသည်။ သို့သော် ၎င်းသူသည် အဦးဆုံးတီထွင်သူမဟုတ်ဟု သက်သေများအရ ပေါ်လွင်လာသော အနေအထားတွင် ထိုသူသည် မူပိုင်ခွင့်ရထိုက်သူတစ်ဦးမဟုတ်နိုင်တော့ကြောင်းဖော်ပြထားလေသည်။

မှတ်ပုံတင်အမျိုးအစားနှင့်သက်တမ်း-မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားရာတွင် မိမိလျှောက်လိုသော အချိန်ကာလသက်တမ်းအတိုင်းအတာအပေါ်မူတည်သည်။ မူပိုင်ခွင့်မှတ်ပုံတင်သက်တမ်းများမှာ ၅နှစ် ၁၀ နှစ် ၁၅ နှစ် ၂၀ နှစ် များရှိပြီး မိမိလိုသလိုရွေးချယ်လျှောက်ထားနိုင်သည်။

မူပိုင်ခွင့်မှတ်ပုံတင်မတင်နိုင်ခြင်း:ဆေးဝါးဖော်စပ်နည်းနှင့်ပေါင်းစပ်ဖော်ခြင်းများသည် မှတ်ပုံတင် တင်ခွင့်မရှိသောအစိတ်အပိုင်းများဖြစ်သည်။ သို့သော်မူပိုင်ခွင့်တင်ထားသူတစ်ဦးမှ ဆေးဝါးထုတ်လုပ်မှုနှင့်စပ်ဆိုင်သောလုပ်ငန်းစဉ်များအတွက် မှတ်ပုံတင်နိုင်သည်။၎င်းအပြင်အများပြည်သူကျန်းမာရေးကိုအနှောက်အယှက်ဖြစ်စေသောပိုမိုတိုးတက်စွာတီထွင်ခြင်းသို့မဟုတ်စာရိတ္တနှင့်မညီသောတီထွင်မှုများအပါအဝင် ကျန်းမာရေးနှင့်ဆန့်ကျင်သောတီထွင်မှုများမှတ်ပုံတင်ခြင်းအားခွင့်မပြုထားပါ။

အလုပ်လုပ်ခြင်း-၅နှစ်တာအတွက် မှတ်ပုံတင်ထားသော သက်တမ်းကာလအတွင်း အလုပ်လုပ်ကိုင်ခြင်းမရှိခဲ့သော် ထိုမှတ်ပုံတင်မှု ပျက်ပြယ်သွားပေမည်ဖြစ်သည်။ အမည်ခံအလုပ်လုပ်ခြင်းအတွက် မည်သည့်ပြဋ္ဌာန်းချက်မျိုးမှမရှိပါ။ ထို့ကြောင့် မှတ်ပုံတင်မူပိုင်ခွင့်ချပေးထားစဉ် ၅နှစ်သက်တမ်းအတွင်း လုပ်ငန်းကိုလုပ်ဆောင်ရန်အကြံပြုထားသည်။

မူပိုင်ခွင့်လျှောက်ထားခြင်း-အီရန်ပါလီမန်သည် ၂၀၀၇ ခုနှစ်အောက်တိုဘာလတွင် (ပီတီစီ)အဖွဲ့ ဝင်နိုင်ငံများ အားလုံးပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်မှာ (ပီတီစီ)အဖွဲ့ဝင်သောနိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့်လျှောက်ထားရယူထားပါက (ပီတီစီ)အဖွဲ့ဝင်ထားသော အခြားနိုင်ငံများတွင် ယင်းမူပိုင်ခွင့်သည် အကျုံးဝင်ကြောင်းပင်ဖြစ်လေသည်။.

မူပိုင်ခွင့်လျှောက်ထားမှတ်ပုံတင်ရန်အတွက် အောက်ပါစာရွက်စာတမ်းများကို စတင်လျှောက်ထားသည့်နေ့မှ ၆ လအတွင်း အီရန်နိုင်ငံမူပိုင်ခွင့်မှတ်ပုံတင်ဦးစီးဌာနသို့ တင်ပြနိုင်ရမည်။ ထို၆လသက်တမ်းကာလအတွင်း(တင်ပြနိုင်ခြင်းမရှိခဲ့ပါက) တစ်ကြိမ်သာလျှင် သက်တမ်းတိုးပိုင်ခွင့်ရှိသည်။

အဆိုပါလျှောက်ထားသူသည်အောက်ပါအချက်အလက်များကိုတင်ပြနိုင်ရမ်ည်။ အမည်နှင့်လိပ်စာ တီထွင်မှုသို့မဟုတ်ရှာဖွေတွေ့ရှိမှု၊သက်ဆိုင်ရာတရားဝင်အီရန်ကောင်စစ်ဝန်ရုံးမှ ပါဝါ၊ မူပိုင်ခွင့်လက်မှတ်သက်ဆိုင်ရာမှထောက်ခံချက်မိတ္တူ ၊ သို့မဟုတ်(ပဲရစ်ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်မှအကျိုးအမြတ်ကိုအသုံးပြုနေလျှင် ၎င်းမှလျှောက်လွှာ)အကယ်၍ လျှောက်ထားသူသည် ပိုင်ရှင်မဟုတ်ပါက ၊အဆိုပါ ပြောင်းရွှေ့ခြင်းဆိုင်ရာထောက်ခံချက် စာရွက်စာတမ်းများ၏မိတ္တူ ဤအကြောင်းအရာနှင့် စပ်ဆိုင်သော အချက်သုံးခုမိတ္တူ တောင်းဆိုမှုများ အစီအစဉ်များနှင့်လုပ်ဆောင်ချက်များ။

အဆိုပါလျှောက်လွှာတင်မှုတွင် အထောက်အထားအပြည့်စုံမှုကြောင့်လည်းကောင်း(သို့) တည်ဆဲဥပဒေနှင့်ဆန့်ကျင်နေသည်အတွက်ကြောင့်လည်းကောင်း သက်ဆိုင်ရာမှ ပယ်ချခြင်းခံခဲ့ရပါလျှင် မူပိုင်ခွင့်လျှောက်ထားသူတစ်ဦးသည် ရှေ့နေတစ်ဦး၏အကူအညီဖြင့် တရားရုံးသို့ဦးတိုက်လျှောက်ထားပြီး အဘယ်ကြောင့်ပယ်ချခဲ့သည်ကို မေးမြန်းပိုင်ခွင့်ရှိသည်။

စာမူ မူပိုင်ခွင့် ပြင်ဆင်ရန်

မူပိုင်ခွင့်လျှောက်ထားနိုင်သောအရာများ- စာအုပ်စာပေများ၊ဇာတ်ညွှန်းများ၊လက်ကမ်းစာစောင်များ၊ပညာပိုင်းဆိုင်ရာရေးသားမှုများ၊အနုပညာပိုင်းဆိုင်ရာ အရေးအသားများ ဇာတ်စင်သို့မဟုတ်မျက်နှာပြင်ဖျော်ဖြေပွဲများအတွက် သို့မဟုတ် ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့ကထုတ်လွှင့်မှုအတွက်အော်ဒီယိုပုံရိပ်ယောင် ပန်းချီကားများ၊ပုံများ၊ ရေးဆွဲ၊ဒီဇိုင်းများ၊အလှဆင်အရေးအသားများ၊မြေပုံများ၊ ရိုးရှင်းသောသို့မဟုတ်ရှုပ်ထွေးသော ထုံးစံဖြင့်အလှဆင်ခြင်းထုတ်လုပ်ခြင်းနှင့်စိတ်ကူးယဉ်အလုပ်များ၊ပန်းပု အမျိုးအစားများ ဗိသုကာ ဒီဇိုင်းများ ပုံကြမ်းများနှင့်အဆောက်အဦးများပုံများ၊နည်းလမ်းမျိုးစုံဖြင့်ရိုက်ကူးထားသောဓာတ်ပုံများ၊လက်မှုပညာနှင့် လက်မှုပညာ၏မူရင်းဆောင်းပါးများနှင့်စက်မှုအနုပညာကော်ဇောများနှင့်ကော်ဇောဒီဇိုင်းများ၊ရှေးရိုးဓလေ့အခြေခံသော အမွေအနှစ်များနှင့်အမျိုးသားရေးအမွေအနှစ်များအပေါ်အခြေခံထားသောမူရင်း ယဉ်ကျေးမှုနှင့်အနုပညာနှင့်သက်ဆိုင်သောအလုပ်များ ဖြစ်သည်။

သက်တမ်း- စာရေးဆရာတစ်ဦး၏ ဘဏ္ဏာရေးနှင့်ပတ်သက်ပြီးခံစားခွင့်သည် ၎င်းသူသေဆုံးပြီးနှစ်ပေါင်း၃၀ထိ၎င်း၏မိသားစုဝင်များမှ ခံစားခွင့်ရှိသည်။ အကယ်၍၎င်း၏ အမွေဆက်ခံသူ မိသားစုများမရှိခဲ့ပါမူ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အများအကျိုးပြုခြင်းလုပ်ငန်းစဉ်များလုပ်ဆောင်ရန်အတွက် ၎င်း၏ခံစားခွင့်များကို ဆက်လက်ထိမ်းသိမ်းပေးထားမည်ဖြစ်သည်။၂၀၁၀ ခုနှစ်ဇူလိုင်လတွင် အီရန်ပါလီမန်သည် မူပိုင်ခွင့်ဥပဒေကို စာရေးဆရာများနှင့် ဖန်တီးရှင်များအတွက် ကူးယူဖြန့်ဝေခွင့်နှင့် လုပ်ငန်းဆိုင်ရာမှ အမြဲတမ်းအကျိုးခံစားနိုင်စေရန် ဥပဒေမူသစ်တစ်ရပ် ကိုပြောင်းလဲပြင်ဆင်ခဲ့သည်။.[၉]

အမှတ်တံဆိပ် ပြင်ဆင်ရန်

အမျိုးအစားများနှင့်သက်တမ်းကာလ:  (၁၀)နှစ်အတွက်မည်မှတ်ပုံတင်ထားသည့်အ မှတ်တံဆိပ်သည် အကန့်အသတ်မရှိ ထပ်မံသက်တမ်းတိုးနိုင်ပြီး သက်တမ်းကို ထပ်မံ၍ နောက်ထပ် ၁၀ နှစ်တိုးနိုင်ပေသည်။

ဥပဒေအကျိုးသက်ရောက်မှု: ကုန်ပစ္စည်းများပေါ်တွင်ပါရှိသည့် အမှတ်တံဆိပ်သည် ၎င်းအမှတ်တံဆိပ်ကို မှတ်ပုံတင်လျှောက်ထားသူနှင့်သာ သက်ဆိုင်ပြီး ၎င်းသူသာလျှင် ထိုအမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည်။ ထိုအမှတ်တံဆိပ်ပိုင်ရှင်သည် ယှဉ်ပြိုင်ထုတ်လုပ် လာသော အခြားအမှတ်တံဆိပ်အတုများကို တားဆီးနိုင်သည်။

မှတ်ပုံတင်ထားသောကုန်အမှတ်တံဆိပ်(သို့) မှတ်ပုံတင်လျှောက်ထားသောအမှတ်တံဆိပ်တို့သည် မှတ်ပုံတင်ထားသူ(သို့)လျှောက်ထားသူနှင့်သာသက်ဆိုင်ပြီး ဝယ်ယူစားသုံးသူများကို လှည့်ဖြားသော ဆင်တူရိုးမှားများမှ ယှည်ပြိုင်လာပါကလည်း မှတ်ပုံတင်ထားသူထံ၌အခွင့်အလမ်းများရှိပေသည်။

မည်သည့်မှတ်ပုံတင်ထားသောကုန်အမှတ်တံဆိပ်တစ်ခုကိုမဆိုဆန့်ကျင်ခြင်း(သို့) ဆင်တူရိုးမှားများ အတုများထုတ်လုပ်ခြင်းနှင့် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို ဆုံးရှုံအောင်ပြုလုပ်ခြင်းစသည်တို့နှင့်ပတ်သက်ပြီး ပြုလုပ်လာပါက တီဟီရန်တရားရုံးတော်သို့ ဦးတိုက်လျှောက်တိုင်ကြားနိုင်သည်။ ကုန်အမှတ်တံဆိပ် ယှဉ်ပြိုင်ခြင်းသည် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်သည့် နေ့မှစ၍ သုံးနှစ်တာကာလအတွင်း၌သာဖြစ်ပြီး ထိုသုံးနှစ်ကျော်လွန်ပြီး မှတ်ပုံတင်ရရှိသွားပါက တရားရုံးတော်တွင်အတည်ဖြစ်သွား၏။ 

အမှတ်တံဆိပ်ပိုင်ရှင်သည် တတိယအုပ်စုဘက်မှ မိမိဆုံးရှုံးနစ်နာမှုပြုလုပ်မှုများကို ကာကွယ်ရန်အတွက် ဥပဒေရေးရာများဖြင့် အကာအကွယ်ပြုလုပ်ထားနိုင်သည်။ ထိုသို့ပြုလုပ်ထားမှုသည် ပျက်စီးဆုံးရှုံးမှုကိုကုစားရန်အတွက်လည်းကောင်းကုန်ကျစရိတ်များနှင့်ထပ်မံချိုးဖောက်မှုများတားဆီးရန်အတွက်လည်းကောင်းဖြစ်ပေသည်။ အစ္စလာမ့်ရာဇသတ်ကြီး ပုဒ်မ ၅၂၉နှင့်၅၃၀အရ တံဆိပ်အတုပြုလုပ်ခြင်း(သို့)ခွင့်ပြုချက်မရှိပဲ ထိုတံဆိပ်ကိုအသုံးပြုခြင်းသည်နိုင်ငံတော်ဥပဒေပုဒ်မအရ ထောင်ဒဏ်(၂)နှစ်ကျစေနိုင်သည်။၎င်းအပြင် နိုင်ငံပိုင်ကုမ္ပဏီများ၏အမှတ်တံဆိပ်များကို အတုပြုလုပ်ခြင်း စည်ပင်သာယာရေးကော်မတီ၏တံဆိပ်အတုပြုလုပ်ခြင်းနှင့် တရားမဝင်အသုံးပြုခြင်းများအတွက် ထောင်ဒဏ်၃နှစ်မှ၁၅ (သို့)၆ လမှ ၃ နှစ်အထိ အသီးသီးကျခံစေနိုင်သည်။။

မှတ်ပုံတင်ရန်မလိုသောအရာများနှင့် မလျှောက်ထားနိုင်သောအရာများ- အီရန်နိုင်ငံတော်အလံ၊နိုင်ငံတော်မှ ခွင့်မပြုသည့်စီးပွားရေးလုပ်ငန်းစဉ်၌သုံးသောအလံအမျိုးမျိုး၊ဆုတံဆိပ်များနှင့် နိုင်ငံပိုင်အမှတ်အသားများဥပမာ အီရန်နိုင်ငံကြက်ခြေနီအမှတ်တံဆိပ်(သို့)အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအမှတ်တံဆိပ်နှင့် နိုင်ငံတော်အာဏာပိုင်များကို ထောက်ခံအားပေးသော ဝေါဟာရများနှင့်စာတမ်းများ၊လူတို့၏စာရိတ္တနှင့် စည်းစနစ်ကို ဖျက်စီးစေမည့် အမှတ်အသားများ(၎င်းအမှတ်အသားများနှင့်ပတ်သက်ပြီး အီရန်တွင်အခြားသော နိုင်ငံများထက် ပိုမိုပြင်းထန်စွာကန့်ကွက်ထားလေသည်)၊အခြားသူများမှတ်ပုံတင်ထားသည့်အမှတ်တံဆိပ်နှင့် အလွန်ပင် ဆင်တူပြီး ဝယ်ယူသူများအထင်မှားစေမည့် အမှတ်တံဆိပ်များ ။

လုပ်ငန်းဆောင်ရွက်ခြင်း-အကယ်၍ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်တစ်ခုသည် အီရန်နိုင်ငံတွင်း၌ဖြစ်စေ(သို့)ပြည်ပ၌ဖြစ်စေ သုံးနှစ်မည်သည့်လုပ်ငန်းလုပ်ဆောင်မှုမျှ မရှိခဲ့မှုအတွက် ပိုင်ရှင်ဘက်မှသော်လည်းကောင်း၊၎င်း၏တရားရေးဆိုင်ပိုင်ခွင့်ရှိသူမှသော်လည်းကောင်း ခိုင်လုံသောသက်သေတစ်စုံတစ်ရာ မပြနိုင်ခဲ့ပါလျှင် စိတ်ဝင်စားသူအခြားပါတီ တစ်ဦးမှ တရားရုံးသို့ဦးတိုက်လျှောက်ပြီး ထိုအမှတ်တံဆိပ်ကို ဖျက်သိမ်းပေးရန်တောင်းခံပိုင်ခွင့်ရှိသည်။

မှတ်ပုံတင်လျှောက်ထားခြင်း-အမှတ်တံဆိပ်တစ်ခုလျှောက်ထားရာတွင် အီရန်နိုင်ငံသားဖြစ်စေ(သို့)နိုင်ငံခြားသားဖြစ်စေ မိမိကိုယ်တိုင်(သို့)တရားရုံးတော်ရှေ့နေတစ်ဦးကို ကိုယ်စားလှယ်လွှဲပြီး စက်မှုဒီဇိုင်းများနှင့်အမှတ်တံဆိပ်များမှတ်ပုံတင်ဌာန(တီဟီရန်မြို့)သို့ သွားရောက်ပြီး လျှောက်လွှာပုံဖြည့်စွက်၍လျှောက်ထားချက်ပေးပို့နိုင်သည်။ တင်ပို့သည့်လျှောက်လွှာများကို စိတ်ပါဝင်စားသူတို့ ပြန်လည်စစ်ဆေးနိုင်ရန်နှင့် လိုအပ်လာပါကဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် သတင်းစာများတွင် မှတ်ပုံတင်ဌာနမှ တရားဝင်ထည့်သွင်းကြေညာပေးသွားမည်ဖြစ်သည်။ဌာနသည် လျှောက်ထားသည့်လျှောက်လွှာများတွင်ပါဝင်သောအချက်အလက်များကို မှတ်ပုံတင်ဥပဒေနှင့်ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီးနောက် အကယ်၍ မှတ်ပုံတင်ဌာနမှ လျှောက်လွှာတစ်စုံတစ်ရာကို ပယ်ခဲ့လျှင် လျှောက်ထားသူအနေဖြင့် တရားရုံးတော်သို့ ဦးတိုက်လျှောက်ပြီး ပြန်လည်စိစစ်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

၎င်းအပြင် စိစစ်ရေးရုံးသည် လျှောက်ထားလာသော ကုန်အမှတ်တံဆိပ်များကို ပဋိပကတစ်စုံတစ်ရာမရှိစေရန်အတွက်လည်းကောင်းယခင်က မှတ်ပုံတင်ထားမှုရှိမရှိကိုလည်းကောင်း မူပိုင်ခွင့်မှတ်ပုံတင်ခြင်းစည်းမျဉ်းဥပဒေများနှင့်အညီ စစ်ဆေးမည်ဖြစ်ပေသည်။ ယခင်က မှတ်ပုံတင်ထားသော အမှတ်တံဆိပ်များနှင့်တူညီမှုရှိခြင်း(သို့)မရှိခြင်း၊ ပုံစံဒီဇိုင်းအတွင်းအပြင်၊အသံထွက်နှင့်အရေးအသားအခြားဆင်တူရိုးမှားမှုများ အားလုံးတို့ကိုပါ အထူးထည့်သွင်းစစ်ဆေးသွားမည်ဖြစ်ပေသည်။

စီးပွားရေးအမှတ်တံဆိပ်တစ်ခုကို မှတ်ပုံတင်ရန်အတွက် လျှောက်ထားသူသည် အောက်ပါအချက်အလက်များကို တင်ပြရပေမည်။ အမည်၊နေရပ်လိပ်စာ၊အီရန်ကောင်စစ်ဝင်ရုံးမှထောက်ခံချက်(ရှေ့နေ၏တစ်ခုတည်းသောပါဝါအားလုံးအမှတ်တံဆိပ်များအတွက်လုံလောက်ပေသည်)စီးပွားရေးကုန်အမှတ်တံဆိပ်၏အသေးစိတ်ကို နမူနာ၁၂ မျိုးပစ္စည်းအမျိုးအမည်နှင့်အတန်းအစားကို (အပြည်ပြည်ဆိုင်ရာစံချိန်သတ်မှတ်မှုနှင့်အညီ)တင်ပြရမည်။

တိုင်းရင်းဆေးဝါးကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ၂၀၀၃ ပြင်ဆင်ရန်

တိုင်းရင်းဆေးဝါးအမျိုးမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ဥပဒေတစ်ခုကို အတည်ပြုခဲ့သည်။ တိုင်းရင်းဆေးဝါးအမျိုးမျိုးမှတ်ပုံတင်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆေးဝါးပင်နှင့် ဆေးဝါးစေ့အစံအမျိုးမျိုးတို့နှင့်ပတ်သက်ပြီး ခွင့်ပြုချက်ထုတ်ပေးရေးဥပဒေအသစ်များအရ မှတ်ပုံတင်လျှောက်လွှာတင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုများပြုလုပ်နိုင်ပေသည်။၎င်းအပြင် အက်ဥပဒေ ပုဒ်မ ၅ အရ စိုက်ပျိုးထားသော ဆေးဝါးပင်များကို ထိမ်းသိမ်းပြီး ၎င်းတို့ဖြင့် စီးပွားရေးပြုလုပ်ခွင့်ကို ဆေးဝါးထုတ်လုပ်သူများအတွက် ၁၈နှစ် သက်တမ်းပေးထားသည်။

ပထဝီအရိပ်လက္ခဏာများကာကွယ်စောင့်ရှောက်ရေးဥပဒေ ၂၀၀၄ ပြင်ဆင်ရန်

ပထဝီအရိပ်လက္ခဏာများကို အသုံးပြုခြင်းသည် ထောက်ခံချက်တစ်ခုဖြစ်နိုင်ပေသည်မှာ ၎င်းသည်ထူးခြားချက်ရှိသောထုတ်ကုန်ဖြစ်ပြီး ပထဝီအနေအထားကြောင့် ကျော်ကြားမှုရှိပေသည်။

လိုင်စင်နှင့် လုပ်ငန်းလုပ်ပိုင်ခွင့်ရယူခြင်း ပြင်ဆင်ရန်

လိုင်စင်နှင့် လုပ်ငန်းလုပ်ပိုင်ခွင့်လျှောက်ထားရာတွင်ကူညီပေးသော ဒေသခံစီးပွားဖက် အဖွဲ့အစည်းမြောက်မြားစွာရှိနေပေသည်။၎င်းတို့အတွင်းမှ အကျော်ကြားဆုံးမှာIran Chamber of Commerce Industries and Mines အီရန်စီးပွားကူးသန်းရောင်းဝယ်ရေးစက်မှုလုပ်ငန်းနှင့်သတ္တုတွင်းကုန်သည်ကြီးများအသင်းပင်ဖြစ်လေသည်။၎င်းအပြင်အခြားတစ်ခုမှာ အင်တာနက်ကိုအခြေပြုထားသော အဓိကမှီခိုအားထားရာဖြစ်သည့်Iran Trade Point Network အီရန် စီးပွားရေးဆုံမှတ် ကွန်ရပ် ပင်ဖြစ်လေသည်။၎င်းသည် ဒေသခံစီးပွားဖက်များ၏အခြေအနေကိုတင်ပြပေးလေသည်။။

မူပိုင်ခွင့်ဥပဒေကို လိုက်နာကျင့်သုံးမှုမရှိသော နိုင်ငံခြားကုမ္ပဏီများကို အီရန် ဆော့ဖ်ဝဲ စက်မှုလုပ်ငန်းတွင်ရင်းနှီးမြုတ်နှံမှုပြုလုပ်ခြင်းမှတားမြစ်ထားလေသည်။[၁၀]

အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ခြင်း ပြင်ဆင်ရန်

အီရန်အစ္စလာမစ်အကြံပေးလွှတ်တော်(အီရန်ပါလီမန်)သည် ၂၀၀၄ ခုနှစ်တွင် အီလက်ထရောနစ် ရောင်းဝယ်ဖေါက်ကားမှုကို အတည်ပြုခဲ့သည်။ဥပဒေပုဒ်မ ၆၂-၆၆ အရ အီရန်နည်းပညာပိုင်ဆိုင်ခွင့်သည် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှုတိုင်း အကျုံးဝင်ကြောင်းဖော်ြပထားလေသည်။ ပြဋ္ဌာန်းချက်၆၂-၆၃ သည် စာရေးဆရာတို့၏ခံစားပိုင်ခွင့်များထိမ်းသိမ်းကာကွယ်ရေးနှင့်သက်ဆိုင်ပြီး ပြဋ္ဌာန်းချက်၆၄-၆၅ သည် စီးပွားရေးဆိုင်ရာလျှို့ဝှက်ချက်များကို အကာအကွယ်ပေးထားမှုအပေါ်အာမခံပေးထားပြီး ပြဋ္ဌာန်းချက်၆၆ သည် စီးပွားရေးကုန်ပစ္စည်းအမှတ်အသားများနှင့် ပိုင်ရှင်(domain)အမည်များအပေါ်အထောက်အကူပြုပေးထားလေသည်။။[၁၁][၁၂]

အပြည်ပြည်ဆိုင်ရာသဘောတူညီချက် ပြင်ဆင်ရန်

ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများအား ကာကွယ်စောင့်ရှောက်ရေး ပြင်ဆင်ရန်

အီရန်သည် ယဉ်ကျေးမှုပိုင်းဆိုင်ရာ အမွေအနှစ်များကာကွယ်စောင့်ရှောက်ရေးကွန်ဗေးရှင်းသည် (၁၉၅၄ခုနှစ် မေလ ၁၄ တွင် Hague မြို့)၌ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ၁၉၅၉ ခုနှစ်တွင်ဖွဲ့စည်း အတည်ပြုခဲ့သည်။၎င်းအပြင် ယဉ်ကျေးမှုအမွေအနှစ်များကို ခွင့်ပြုချက်မရှိပဲ သယ်ဆောင်ခြင်းနှင့်အရောင်းအဝယ်ပြုလုပ်ခြင်းများတားဆီးချုပ်ကိုင်ရေးကွန်ဗေးရှင်း(ပဲရစ်မြို့ နိုဝင်ဘာ၁၄ရက်၁၉၇၀ခုနှစ်)အရ ၁၉၇၅ ခုနှစ်တွင် (၁၉၇၂ခုနှစ်၊နိုဝင်ဘာ၁၆ရက် ပဲရစ်မြို့) သဘာ၀အမွေအနှစ်ယဉ်ကျေးမှုပစ္စည်းများထိမ်းသိမ်းစောင့်ရှောက်ရေးကွန်ဗေးရှင်းအရအတည်ပြုခဲ့သည်။ ၁၉၅၄ခုနှစ် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဟိဂ်ကွန်ဗေးရှင်းကို ဒုတိယအကြိမ် (ဟိဂ်မြို့ မတ်လ၂၆ ရက်၁၉၉၉ခုနှစ်)တွင်အတည်ပြုခဲ့ပြီး ထိုကွန်ဗေးရှင်းအရ အီရန်သည် ၂၀၀၅ ခုနှစ်တွင်အတည်ပြုခဲ့သည်။[၁၃]

စက်မှုပစ္စည်းများပိုင်ဆိုင်မှုကာကွယ်စောင့်ရှောက်ရေးကွန်ဗေးရှင်း (a.k.aပဲရစ် ကွန်ဗေးရှင်း)၁၉၅၉ ပြင်ဆင်ရန်

အီရန်သည် အပြည်ပြည်ဆိုင်ရာ စက်မှုပစ္စည်းများပိုင်ဆိုင်မှုကာကွယ်စောင့်ရှောက်ရေးကွန်ဗေးရှင်း(ပဲရစ်ကွန်ဗေးရှင်းတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထိုပဲရစ်ကွန်ဗေးရှင်းသည် အီရန်အား တောင်းခံနေသည်မှာ အီရန်သည် ကွန်​ဗေးရှင်းဝင် နိုင်ငံများအားလုံး၏ စက်မှုပစ္စည်းများပိုင်ဆိုင်မှုကို မိမိတို့စက်မှုပစ္စည်းများကို ကာကွယ်စောင့်ရှောက်ပေးသည့်အတိုင်း အကာအကွယ်ပေးရန်ဖြစ်သည်။

ကမ္ဘာ့နည်းပညာ မူပိုင်မှုအဖွဲ့အစည်း (WIPO) ၂၀၀၂ ပြင်ဆင်ရန်

အီရန်သည် ကမ္ဘာ့နည်းပညာမူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း(WIPO)တွင်၂၀၀၂ခုနှစ်၌အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီးနည်းပညာမူပိုင်ခွင့်ဆိုင်ရာစာချုပ်အတော်များများတွင် ပါဝင်ခဲ့သော်လည်း (WIPO)တွင်ကော်ပီရိုက်စာချုပ်၌လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသေးပါ။

WIPO၏ထုတ်ပြန်ကြေညာချက်အရ (၂၀၁၃ခုနှစ်ကမ္ဘာ့နည်းပညာမူပိုင်ခွင့်စံချိန်စံညွှန်း)တွင် အီရန်သည် ကမ္ဘာတွင် အီရန်နိုင်ငံသားများတီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းနှင့်စက်မှုစီမံကိန်း၁၀၀ နှင့် စီးပွားရေးအမှတ်တံဆိပ်၈၂ မျိုးမှတ်ပုံတင်ခြင်းတို့ဖြင့် အဆင့်၉၀တွင် ရပ်တည်ခဲ့ပြီး ဂျော်ဒန်နှင့်ဗင်နီဇွဲလားတို့ထက် အဆင့်နိမ့်ခဲ့ပေမဲ့ ယီမန်နှင့် ဂျော်မိုင်ကာတို့ထက်ပင်အဆင့်သာလွန်ခဲ့သည်။[၁၄][၁၅]

  အပြည်ပြည်ဆိုင်ရာမှတ်ပုံတင်ခြင်းကိုရည်မှတ်သော မက်ဒရစ်သဘောတူညီချက်၂၀၀၃ ပြင်ဆင်ရန်

၂၀၀၃ခုနှစ်စက်တင်ဘာလတွင် ဝန်ကြီးများနှီးနှောတိုင်ပင်ရေးအဖွဲ့သည် H24305T / 6921ကို လိုက်နာရန်အတည်ပြုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အီရန်သည် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် စည်းမျဉ်းများကိုလိုက်နာရန်အတွက် မဒ်ရီဒ်စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည့်အတွက်ကြောင့်ပင်ဖြစ်လေသည်။ စာချုပ်ပါစည်းမျဉ်းများအရ နိုင်ငံတစ်ခုအတွင်း နေထိုင်သူများချုပ်ဆိုထားသော စာချုပ်များကို မှတ်ပုံတင်ထားမည်ဆိုပါက ယင်းနိုင်ငံသည် ကမ္ဘာ့နည်းပညာမူပိုင်ခွင့်စာချုပ်( WIPO)တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်ပါက ထိုစာချုပ်ကို အခြား( WIPO) အဖွဲ့ဝင်နိုင်ငံများက စောင့်ရှောက်ပေးရန်တာဝန်ရှိသည်။

ဇာစ်မြစ်နှင့်၎င်းတို့၏နိုင်ငံတကာမှတ်ပုံတင်ခြင်း လိစ္စဘွန်းသဘောတူညီချက်စာချုပ်၂၀၀၅ ပြင်ဆင်ရန်

၂၀၀၅ခုနှစ်တွင် အီရန်သည်Lisbon Agreement for the Protection of Appellations of Origin and their International Registration, ဇာစ်မြစ်နှင့် ၎င်းတို့၏နိုင်ငံတကာမှတ်ပုံတင်ခြင်း လိစ္စဘွန်းသဘောတူညီချက်စာချုပ်တွင် ဝင်ရောက်ခဲ့သည်။ ထိုသို့ဝင်ရောက်ခြင်းအားဖြင့် မြေပထဝီအမည်နာမနှင့် ၎င်းမှထွက်ကုန်များကို ကာကွယ်စောင့်ရှောက်မှုပြုခဲ့ပြီး အာမခံပေးခဲ့သည်။ ထိုလီစ္စဘွန်စာချုပ်သည် ၂၀၀၆ ခုနှစ် မတ်လတွင် လက်တွေ့အကောင်အထည်ပေါ်ခဲ့သည်။ ထိုသို့အကောင်အထည်ပေါ်လာခြင်း၏ရလဒ်တစ်ခုမှာ အီရန်ကောက်အခွန်ဌာနမှ ပြည်ပမှတင်သွင်းကုန်များကို တားဆီးနိုင်ခဲ့ပြီး အီရန်အမှတ်တံဆိပ်ပါ ကုန်များကို ခွင့်ပြုခဲ့သည်။။[၁၆]

WTOမူပိုင်ခွင့်ဥပဒေများ ပြင်ဆင်ရန်

အီရန်အစိုးရသည် ကော်ပီရိုက်ဥပဒေနှင့်စပ်လျဉ်းသော ဥပဒေများကို ရပ်တန့်ဖို့ရန်တွက်နှင့် လိုင်စင်မဲ့ဆော့ဖ်ဝဲများကို အမြောက်အမြားအခမဲ့ဖြန့်ဝေခြင်းတို့နှင့်ပတ်သက်ပြီး သဘောမတူခဲ့ပေ။linuxမှ ဆော့ဖ်ဝဲများကို အခြားကမ္ဘာ့နည်းပညာဆိုင်ရာမူပိုင်ခွင့်ဥပဒေ ပြင်းပြင်းထန်ထန်ချမှတ်ထားသော နိုင်ငံများတွင်ပင် လိုင်စင်မဲ့ကူးယူဖြန့်ဝေလျက်ရှိသည်။ အီရန်တွင်လည်း ထိုသို့ကူးယူဖြန့်ဝေမှုသည် ပိုမိုများပြားပေသည်။[၁၇]

အီရန်သည် အကယ်၍ WTO ကော်ပီရိုက်(ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့)၏အဖွဲ့ဝင်ဖြစ်ခဲ့ပါမူ ကမ္ဘာ့ကော်ပီရိုက်ဥပဒေများကို လိုက်နာခြင်းအားဖြင့် မိမိ၏အခြေအနေကို ပြောင်းလဲမှုပြုလုပ်နိုင်သည်။ သို့သော်အမေရိကန်ပြည်ထောင်စုယခင်ကတည်းမှ အီရန် WTO အဖွဲ့ဝင်ဖို့ရန်ကြိုးစားမှုများကို ၂၂ ကြိမ်ပိတ်ပင်တားဆီးခဲ့သည်။၂၀၀၇ ခုနှစ်တွင်အီရန်သည် WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏အပြည့်အဝအကျိုးခံစားခွင့်ရှိသောအဖွဲ့ဝင် ဖြစ်လာရန်ကြိုးစားမှုများကို နောက်ဆုံးအကြိမ်ပိတ်ပင်တားဆီးခဲ့ပြန်သည်။ ထို့ကြောင့်ထိုကိစ္စကို အပြန်အလှန်အပေးအယူကိစ္စအဖြစ်သတ်မှတ်ပြီး အီရန်သည်၎င်း၏အကျိုးစီးပွား များသည်WTO မူပိုင်ခွင့်စာချုပ်များအရမဟုတ်ကြောင်းဆုံးဖြတ်ခဲ့လေသည်။ ထို့ကြောင့်မိမိတို့၏သီသန့်ရပိုင်ခွင့်များကို မပြောင်းလဲခဲ့သလို မိမိတို့၏ ဥပဒေများကိုလည်း ပြောင်းခဲ့ခြင်းမရှိပါ။ ထို့ကြောင့် နိုင်ငံခြားသား ကော်ပီရိုက်ရပိုင်ခွင့်သည် အီရန်အကြီးအကဲများ၏ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပေသည်။

အီရန်ဆေးဝါးထုတ်လုပ်သူများသည် အစိုးရဘက်မှ နည်းပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ထောက်ပံ့မှုများဖြင့် ကင်းဝေးနေပေသည်။ ပေါင်းစပ်ကုထုံးများအတွက်မော်လီကျူးဖွံ့ဖြိုးဆဲအခြားနိုင်ငံများတွင်မူပိုင်ခွင့်ကာကွယ်စောင့်ရှောက်ရေးများအတွက်အရည်အချင်းပြည့်မှီစေနိုင်ခဲ့ပေမဲ့အီရန်သည်မူပိုင်ခွင့်ဆိုင်ရာဥပဒေနှင့်ပတ်သက်ပြီး အားနည်းမှုများရှိနေပေသည်။ ထိုအကြောင်းအရာသည် အီရန်ကုမ္ပဏီတို့အဖို့ ကမ္ဘာ့ဈေးကွက်တွင် တိုးပေါက်ဖို့ရန်အတွက် အခက်အခဲများစွာ ဖြစ်လာဖွယ်ရာများရှိသည်။[၁၈]

ပိုမိုလေ့လာရန် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. University Hosts Intellectual Property Workshop | Financial Tribune
  2. Archived copy။ 2013-03-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-02-08 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 13 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2018 တွင် ပြန်စစ်ပြီး။
  4. ‘Iranian publishers willing to join Universal Copyright Convention of Berne’ - Tehran Times
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named IP
  6. New law on patents, designer rights။ Press TV။ 15 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  7. [၁] Archived June 15, 2009, at the Wayback Machine.
  8. "Memorandum of the foreign trade regime of Iran" (PDF) (November 2009). Ministry of Commerce (Iran). 
  9. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named presstv.com
  10. Iran daily: Software Exports Opportunities & Challenges Archived April 11, 2009, at the Wayback Machine.
  11. Telecommunications, telecoms, mobile, broadband, communications, TMT industry analysis and data from The EIU
  12. Powered by Google Docs။ Docs.google.com။ 2012-02-05 တွင် ပြန်စစ်ပြီး။
  13. Ratified and non Ratified conventions by country, UNESCO။ Portal.unesco.org။ 27 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။
  14. Archived copy။ 2014-06-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-05-30 တွင် ပြန်စစ်ပြီး။
  15. Launch of World Intellectual Property Indicators – 2015 Edition။ 12 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 April 2016 တွင် ပြန်စစ်ပြီး။
  16. You must specify title = and url = when using {{cite web}}.။ August 6, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 13, 2009 တွင် ပြန်စစ်ပြီး။Missing or empty |title= (help)
  17. "Security fears spark Linux drive in Iran". The Age. September 21, 2004
  18. Business Monitor International: Iran Pharmaceuticals and Healthcare Report Q2, 2009။ Payvand.com (2009-03-25)။ 29 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။

လင့်ခ်များ ပြင်ဆင်ရန်