အီရန်နိုင်ငံ၏ နိုင်ငံရေး

လွန်ခဲ့သောကာလ၏သမိုင်းအကျဉ်း ပြင်ဆင်ရန်

ပဲဟ်လဝီမျိုးနွယ်စုတို့သည် ၁၂၉၉ တတိယအကြိမ်အရေးအခင်းပြီး နှင့် ၁၃၀၄-ရှမ်စီး- မွရ်ဒါးဒ် လ ၂၈ အရေးအခင်းပြီးနောက်ပိုင်းမှစ၍ ၁၃၅၇ အထိအီရန်ကိုအုပ်ချုပ်မင်းလုပ်ခဲ့ကြ သည်။ .

၁၃၄၁ ဘဟ်မန်လ ၆ ရက်နေ့တွင် ရှားဘုရင်နှင့်၎င်း၏အုပ်ချုပ်ရေးယန္တာရားကြီးအား တရားမျှတခြင်းဟူသော ခေါင်းစဉ်အောက်တွင် တော်လှန်ပုန်ကန်ခဲ့ကြသည်။ အီရန်အစိုးရကလည်း အီရန်ပြည်သူလူထုသည်အခြေခံမူ ခြောက်ချက်အပေါ်မူတည်ပြီး အဖြူရောင်တော်လှန်ရေးကြီးကို အများစုကဆန္ဒပြကြောင်းကြေညာလိုက်သည်။ .

၁၃၅၇ ခုနှစ်အီရန်နိုင်ငံတော်လှန်ရေးသည် လက်ရှိအစိုးရ၏အမြင်တွင် အလွန်အရေးပါသောအစ္စလာမစ် ္ကတော်လှန် ရေးကြီးဖြစ်သည်။ ပြည်သူလူထုအပါအဝင်နိုင်ငံရေးအဖွဲ့အစည်းများစွာတို့ပူးပေါင်းကာ ရှားဘုရင်၏အုပ်ချုပ်ရေးကို ဖြုတ်ချနိုင်ခဲ့သော တော်လှန်ရေးကြီးဖြစ်ပြီး အစ္စလာမစ် ္ကပြည်ထောင်စုသမ္မတနိုင်ငံတော် တည်ထောင်ရန်အတွက်အ ကောင်းဆုံးခြေလှမ်းဖြစ်ခဲ့သည်။ ၁၃၅၇ ခုနှစ် ဘဟ်မန်လ ၂၂ ရက်နေ့တွင်အစ္စလာမစ် ္ကတော်လှန်ရေးအောင်နိုင်ခဲ့ပြီး (ရဂျီးမ်ပဲဟ်လဝီ=ရှားဘုရင်အစိုးရကို)အပြီးအပိုင်ဖြတ်ချနိုင်ခဲ့သည်။ ၁၃၅၇ ခုနှစ် ဖှဲရ်ဝဲရ်ဒီးန် လ ၁၂ ရက်နေ့တွင် ၉၈% ကျော်ပြည်သူလူထုက အစ္စလာမစ် ္ကပြည်ထောင်စုသမ္မတ အုပ်ချုပ်ရေးကိုအားပေးထောက်ခံခဲ့သည်၊များမကြာမှီ မှာပင် အစ္စလာမစ် ္ကပြည်ထောင်စုသမ္မတအီရန်နိုင်ငံတော်၏ အခြေခံစည်းမျဉ်းများကို ပြည်သူလူထု၏ဆန္ဒမဲနှင့်အညီ ရေးဆွဲအတည်ပြုနိုင်ခဲ့သည်။ .

၁၃၆၈ ခုနှစ်တွင်ဥပဒေအတည်ပြုချက်များကိုအကောင်အထည်ဖော်နိုင်ခဲ့သည် ဥပမာ အားဖြင့်ပထမဝန်ကြီးကိုဖြုတ်ချနိုင်ခဲ့ကာ အစ္စလာမစ် ္ကအုပ်ချုပ်ရေးကိုပိုမိုတောင့်တင်းခိုင်မာစေခဲ့သည်။

-လက်ရှိအီရန်အုပ်ချုပ်ရေးတည်ထောင်ခဲ့ပုံ ပြင်ဆင်ရန်

လက်ရှိအီရန်နိုင်ငံ၏အုပ်ချုပ်ရေးသည် အစ်္စလာမစ် ္ကပြည်ထောင်စုသမ္မတနိုင်ငံတော် အုပ်ချုပ်ရေးဖြစ်သည်၊ ၁၃၅၈ တွင် အစ်္စလာမစ် ္ကတော်လှန်ရေးနှင့်ပြည်သူလူထု၏တစ်ခဲနက်အားပေးထောက်ခံမှုဖြင့်ဤကဲ့သို့နိုင်ငံတော်ကြီးကိုတည် ထောင်နိုင်ခဲ့သည်။

အီရန်အစ်္စလာမစ် ္ကနိုင်ငံတော်၏ ရဲဟ်ဘဲရ်(အကြီးဆုံးခေါင်းဆောင်)နှင့်နိုင်ငံတော်သမ္မတသည် အစ်္စလာမ်သာသနာ နှင့် ၁၂ ပါးအေမာမ်ကိုလက်ခံသောရှီအာဟ်မဇ်ဟဘ် အားလက်ခံသူဖြစ်ရမည်၊ ရဲဟ်ဘဲရ် သည်လည်းအစ်ဂျ်သေဟာဒ် (သာသနာ့ပညာတွင်အစွမ်းကုန်အပတ်တကုတ်ဆည်းပူးလေ့လာထားသူ) အဆင့်တွင်ရှိရမည်။၎င်းနှင့်ပတ်သက်၍မျိုး နွယ်စု လူမျိုးရေးခွဲခြားသတ်မှတ်မှုများမရှိပါ။ .

အစ်္စလာမစ် ္ကသမ္မတနိုင်ငံတော်၏အာဏာပိုင်များခေါင်းဆောင် ပိုင်းများနှင့်ပတ်သက်၍၊နိုင်ငံတော်၏အဖွဲ့အစည်းများနှင့်ပတ်သက်၍ အောက်တွင်အနည်းငယ်ဖော်ပြသွားမည်။

 အစ်္စလာမစ် ္ကသမ္မတနိုင်ငံတော်၏မည်သည့်ရွေးကောက်ပွဲမဆို လွှတ်တော်၏ဥပဒေအတည်ပြုချက်နှင့်အညီထောက်ခံ မှုရရှိရမည်၊အီရန်အစိုးရ၏ မည်သည့်အဖွဲ့အစည်းတွင်တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်သည်။ .

အစ်္စလာမစ် ္ကပြည်ထောင်စုသမ္မတအီရန်နိုင်ငံတော်၌ ရဲဟ်ဘဲရ် ၏အရိုက်အရာသည်အကြီးမားဆုံးနှင့်အမြင့်ဆုံးဖြစ် သည်။ နိုင်ငံတော်၏အဖွဲ့အစည်းအားလုံးကိုအမိန့်ပေးပိုင်ခွင့်ရှိသည်။ ရဲဟ်ဘဲရ် ကို မဂျလစ်္စစေခွဗ်ရဂါးန် ကသာရွေး ချယ်တင်မြှောက်ခြင်းဖြစ်ပြီး မာဒါမွလ်အမဲရ် (ရဲဟ်ဘဲရ်၏သတ်မှတ်ချက်ဝိနည်းများနှင့်အညီ) နှင့်သာရွေးချယ်တင် မြှောက်သည်။ လက်ရှိ အစ်္စလာမစ် ္ကပြည်ထောင်စုသမ္မတအီရန်နိုင်ငံ၏ ရဲဟ်ဘဲရ် မှာ အာယသွလ္လာရူဟွလ္လာခိုမိုင်နီ (အစ္စလာမစ် ္ကပြည်ထောင်စုသမ္မတနိုင်ငံတော်အားတည်ထောင်ခဲ့သူ) ကွယ်လွန်ပြီးနောက် အာယသွလ္လာစိုင်ယိဒ် အလီခါမေနာအီ ဖြစ်သည်။ .

မဂျလစ်္စစေခွဗ်ရဂါးန် သည်အထူးဘွဲ့ရအစ္စလာမ်သာသနာ့ပညာရှင် ၈၈ ဦးဖြင့်ဖွဲ့စည်းထားပြီး၎င်းတို့၏အရည်အချင်း များကိုလွှတ်တော်မှအတည်ပြုကာ လူထု၏မဲဆန္ဒဖြင့်ရွေးချယ်တင်မြှောက်သည်။ မဂျလစ်္စစေခွဗ်ရဂါးန်၏ ဥက္ကဋ္ဌ မှာ အဟ်မဒ်ဂျန်နသ်သီ ဖြစ်ပြီး မိုဟမ္မဒ်အလီမိုဝဟ်ဟေဒီကီရ်မာနီ သည်အတွင်းရေးမှူး(၁)၊ စိုင်ယိဒ်မာဟ်မူဒ်ဟာရှင်မီရှဟ် ရွတ်ဒီ ကအတွင်းရေးမှူး(၂)ဖြစ်သည်။

ဥပဒေဆိုင်ရာလွှတ်တော်အမတ်များသည် ၁၂ ဦးရှိပြီး ဖှကီး(သာသနာ့ပညာရှင်) ၆ ဦးမှာ ရဲဟ်ဘဲရ်ရေဂျူမ်ဟူရီးယေး အစ္စလာမ်မီးယေးအီရန် မှရွေးချယ်ပြီး ကျန် ၆ ဦးကို(ရဲဟ်ဘဲရ်တင်မြှောက်ထားသော)တရားသူကြီးချုပ်၏ထောက်ခံမှု ထို့နောက်လွှတ်တော်၏အတည်ပြုချက်ဖြင့်ရွေးချယ်တင်မြှောက်သည်။ လွှတ်တော်၏လက်ရှိဥက္ကဋ္ဌမှာ အဟ်မဒ်ဂျန် နသ်သီ ဖြစ်ပြီးကျန်အဖွဲ့ဝင်များမှာ-မိုဟမ္မဒ်မို့အ်မင်္န၊မဲဟ်ဒီရှဘ်ဇင်ဒဲဒါရ်ဂျဟ်ရမီ၊စိုင်ယိဒ်မဟ်မူဒ်ဟာရှင်မီရှာဟ်ရွတ်ဒီ၊ မိုဟမ္မဒ်ရဇာမိုဒရစ်စီယပ်္ဇဒီ၊မိုဟမ္မဒ်ယပ်္ဇဒီ၊အဘားစ်အလီကဒ်ခိုဒါယီ၊စိုင်ယိဒ်ဖှသွလွလ္လာမူစဝီ၊နေဂျာသွလ္လာအစ်္ဗရာဟ္မီမီ ယားန်၊စာမ်စဝါးဒ်ကူဟီဖှရ်၊မိုဟ်စင်္နအစ္စမာအီလီ၊မိုဟမ္မဒ်ရေဇာအလီဇာဒဲ တို့ဖြစ်သည်။

ဥပဒေအတည်ပြုအဖွဲ့မှာအစ္စလာမစ် ္ကလွှတ်တော်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏သက်တမ်းသည် လေးနှစ် တစ်ကြိမ်ဖြစ်၍ လူထု၏မဲဆန္ဒဖြင့်ရွေးချယ်တင်မြှေက်သည်။ မဲဆန္ဒခံယူမည့်သူများသည်ဦးစွာ လွှတ်တော်၏ဥပဒေအ တည်ပြုချက်နှင့်အညီထောက်ခံမှုရရှိရမည်။ နေရာဒေသအသီးသီးမှအခြားဘာသာဝင်များဖြစ်သော အရ်မန်နှင့်ကိလ် ဒဲမှ ခရစ်ယန်များ၊အာရှူရီး၊ဇဲရ်သွရှ်သီး နှင့် ကလီမီး တို့လည်းလွှတ်တော်ကိုယ်စားလှယ်များတွင်ပါဝင်သည်။ .

ဥပဒေအကြံပြုချက်များသည် အစ္စလာမစ် ္ကအီရန်နိုင်ငံ၏ ဥပဒေဘောင်အတွင်းမှသာဖြစ်ရမည်၊သို့ပါ၍ဥပဒေအတည် ပြုအဖွဲ့မှလွှတ်တော်၏အကြံပြုချက်များကို အတည်မပြုမီအထက်သို့တင်ပြရသည်။ မဂျလစ်္စစေရှိုရာယေအစ္စလာမ်မီး (အစ္စလာမစ် ္ကလွှတ်တော်) လက်ရှိဥက္ကဋ္ဌမှာ အလီလာရ်ယေဂျာနီ ဖြစ်ပြီး မပ်္စအူးဒ်ဖေဇရှ်ကားန် သည်အတွင်းရေးမှူး(၁) အလီမိုသဟရ်ရီ ကအတွင်းရေးမှူး(၂)ဖြစ်သည်။

အစ္စလာမစ် ္ကလွှတ်တော်နှင့်အခြေခံဥပဒေစောင့်ကြပ်ရေးအဖွဲ့အစည်းနှစ်ခုအကြားပဋိပက္ခများရှိလာလျှင် မဂျ်မာအေ့ သရှ်ခီးစေမပ်္စလေဟသ်သေနေဇာမ်(တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေး)အဖွဲ့အစည်းမှဝင်ရောက်ဖြေရှင်း ပေးခွင့်ရှိသည်။ ထိုအဖွဲ့အစည်းသည် နိုင်ငံရေးအဖွဲ့အစည်းများအကြားဖြစ်ပေါ်တတ်သော ပဋိပက္ခများကိုညှိနှိုင်းပေး ခြင်းနှင့်နိုင်ငံ၏အချို့သောတာဝန်များကိုထမ်းဆောင်ပေးရသည်။ ၎င်း၏အဖွဲ့ဝင်များကို ရဲဟ်ဘဲရ် ကရွေးချယ်တင် မြှောက်ပေးရပြီး စတင်ဖွဲ့စည်းချိန်တွင်ဥက္ကဋ္ဌမှာ အပ် ္ကဘဲရ်ဟာရှင်မီရဖှ်စန်ဂျာနီ ဖြစ်ပြီး၎င်းကွယ်လွန်ပြီးနောက် မိုဟမ္မဒ် အလီမိုဝဟ်ဟေဒီကီရ်မာနီ အားယာယီ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားသည်။ . အဖွဲ့အစည်းသည် သဲဟ်ရာန်မြို့တော်ကာခေ မဲရ်မဲရ်တွင်ရုံးထိုင်သည်။

နိုငိငံတော်၏အုပ်ချုပ်ရေးတာဝန်သည် သမ္မတ၏လက်ဝယ်တွင်ရှိပြီး သမ္မတကိုလူထု၏မဲဆန္ဒဖြင့်ရွေးချယ်သည်၊ မဲဆန္ဒခံယူမည့်သမ္မတလောင်းများသည်ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်အခြေခံဥပဒေစောင့်ကြပ်ရေးအဖွဲ့၏စိစစ် အတည်ပြုချက်ကိုရယူရသည်။ ရွေးကောက်ပွဲ၏စည်းမျဉ်းတစ်ခုမှာ(ရဂျွလ်စယာစီး)အမျိုးသားဖြစ်ရမည်။ အချို့က (ရဂျွလ်စယာစီး)ကိုအမျိုးသားဖြစ်ရမည်ဆိုသည့်သတ်မှတ်ချက်မဟုတ်ဟုယုံကြည်ထားကြသည်၊သို့သော် ယခုအထိ မည်သည့်အမျိုးသမီးကိုမှသမ္မတရာထူးအတွက်ထောက်ခံအတည်ပြုခြင်းမျိုးမရှိသေးပေ။ လက်ရှိအီရန်နိုင်ငံ၏သမ္မတ မှာ ဟစန်ရူဟာနီ ဖြစ်သည်။

နိုင်ငံတော်တရားသူကြီးချုပ်ကို ရဲဟ်ဘဲရ် ကသတ်မှတ်ရွေးချယ်ပေးသည်။

မြို့ရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဒေသအလိုက်ရွေးကောက်ပွဲများပြုလုပ်၍ တင်မြှောက်ပေးသည်။ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို အထူးသဖြင့်မြို့ကြီးများဖြစ်သောသဲဟ်ရာန်နှင့်အခြားမြို့ကြီးများ တွင်ဘာသာသာ သနာနှင့်ယဉ်ကျေးမှုထုံးတမ်းများကိုလေးစားစောင့်ထိန်းသူတို့ကိုသာ လုပ်ပိုင်ခွင့်ပေးထားသည်။

-အဖွဲ့အစည်းများနှင့်နိုင်ငံရေးဖြစ်စဉ်များ ပြင်ဆင်ရန်

(အီရန်နိုင်ငံရေးလောကတွင် အုပ်စုနှစ်မျိုးရှိသည်၊ တစ်မျိုးမှာလက်ခံခွင့်ပြုထားသောအုပ်စုဖြစ်ပြီး နိုင်ငံရေးကိစ္စရပ် များဖြစ်သည့် လွှတ်တော်ကိုစားလှယ်နှင့်သမ္မတ ရွေးကောက်ပွဲများတွင်ပါဝင်ခွင့်ရှိသည်။ နောက်တစ်စုမှာအစ္စလာမစ် ္က သမ္မတနိုင်ငံတော်နှင့် ဆန့်ကျင်ဘက်အုပ်စုဖြစ်သည်။ .

 နိုင်ငံတော်၏အခြေခံမူအရ နိုင်ငံရေးအဖွဲ့အစည်းများလွတ်လပ်ခွင့်ရှိသည် မည်မျှပင်ဥပဒေဘောင်အတွင်း၌မရှိသည် ဖြစ်စေ၊ဆန့်ကျင်ဘက်အဖွဲ့အစည်းများသည်ရွေးကောက်ပွဲတွင်ပါဝင်ခွင့်မရှိပါ၊ဆန့်ကျင်ဘက်အုပ်စုတို့သည်ပြည်တွင်း ပြည်ပ နှစ်အုပ်စုရှိသည်။ .

ထိုဆန့်ကျင်ဘက်အုပ်စုများနှင့် ပူးပေါင်းခြင်းသည်အန ္တရာယ်ကြီးမားပြီးသေဒဏ်သေမိန့်ချမှတ်ရမည့်အခြေအနေအ ထိဖြစ်သွားနိုင်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုနှောက်ရှက်ဖျက်ဆီးသူများသည် ထိုအဖွဲ့အစည်းများနှင့်ပူး ပေါင်းသူများဟုယူစရပေမည်။

အီရန်တွင် အစ္စလာမ်သာသနာမှအခြားသာသနာသို့ကူးပြောင်းသွားခြင်း ၊တစ်ပါးတည်းအရှင်ကိုလက်မခံတော့ခြင်း နှင့် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)အားစော်ကားမှုပြုခြင်းသည် ကြီးလေးသောပြစ်မှုမြှောက်သည်။

-အောက်တွင်ထိုအဖွဲ့အစည်းတို့၏လှုပ်ရှားမှုများအနည်းငယ်ဖော်ပြသွားမည်.

-တရားဝင်အဖွဲ့အစည်းများနှင့်ဥပဒေ ပြင်ဆင်ရန်

တရားဝင်နိုင်ငံရေးလှုပ်ရှားမှုတွင် ဆန်ကျင်ဘက်အဖွဲ့အစည်းများမှကာကွယ်ခြင်း အစ္စလာမစ် ္က နိုင်ငံရေးကလည်း စောင့်ကြည့်လျက်ရှိသည်။ ထိုအုပ်စုများကိုသာမန်အားဖြင့်(ညာအုပ်စု) (ဘယ်အုပ်စု) (ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကိုကာကွယ်သည့်အုပ်စု)(ငြိမ်းချမ်းကောင်းမွန်ရေးလိုလားသည့်အုပ်စု)ဟူ၍ခွဲခြားသိရှိနိုင်သည်။ ၎င်းအုပ်စုများသည် အစ္စလာမ်၊အစ္စလာမစ် ္ကသမ္မတနိုင်ငံတော်နှင့် ဝေလာယသ်သေဖှကီးဟ် (ရဲဟ်ဘဲရ်၏အရိုက်အရာ) ကိုတော့လက်ခံ သည့်အဖွဲ့အစည်းများဖြစ်သည်။ .

ညှိနှိုင်းရေးတွင်အခရာကျပြီးအားကိုးရလောက်သော(ဖှရာဂျနာဟီး)ပုဂ္ဂိုလ်မှာ အာယသွလ္လာဟာရှင်မီရဖှ်စန်ဂျာနီ ဖြစ် သည်။

အောက်တွင်ဖော်ပြပါအဖွဲ့အစည်းနှစ်ခု၏အနေအထားနှင့် ပုဂ္ဂိုလ်များကိုရည်ညွှန်းတင်ပြသွားမည်

-အခြေခံကျသောအဖွဲ့အစည်းများ ပြင်ဆင်ရန်

(ရိုးရာယဉ်ကျေးမှုကိုထန်းသိမ်းစောင့်ရှောက်သည့်အဖွဲ့အစည်းများနှင့်အတူရှိသော အဖွဲ့အစည်းများသည်အခြေခံကျ သောအဖွဲ့အစည်းများဖြစ်သည်။ .

ထိုအဖွဲ့အစည်းတို့သည်အစ္စလာမ်ကိုနှစ်နှစ်ကာကာယုံကြည်ကြပြီး အေမာမ်ခိုမိုင်နီ၏ လမ်းညွှန်ပြသမှုများကိုလိုက် နာကြကာ စိုင်ယိဒ်အလီခါမေနာယီ-ရဲဟ်ဘဲရ်-အပေါ်လည်းသစ္စာရှိသူများဖြစ်ကြသည်။

ထိုအဖွဲ့အစည်းများသည်သမိုင်းတစ်လျှောက် အစ္စလာမ်နှင့်ပတ်သက်၍တိကျပြတ်သားခဲ့ကြပြီး ရွေးကောက်ပွဲများ နှင့်ပတ်သက်ပြီး၎င်းအဖွဲ့အစည်းများအကြားအနည်းငယ်ပဋိပက္ခရှိသည်။ .

တရားဝင်သတ်မှတ်ကြေညာမှုမရှိသော်လည်း အာယသွလ္လာစိုင်ယိဒ်အလီခါမေနာယီ သည်ထိုမှန်ကန်သည့်အဖွဲ့အ စည်းတို့၏ဘက်တော်သားဖြစ်သည်။

လက်ရှိသိသာထင်ရှားသောထိုအဖွဲ့အစည်းများမှာ-မားမားမတ်မတ်ရပ်တည်နေသော ရူဟာနီ (သာသနာ့ပညာရှင်) အုပ်စု၊အစ္စလာမ့်စည်းလုံးညီညွတ်ရေးအုပ်စု၊အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးတိုးတက်ရေးအုပ်စု တို့ဖြစ်သည်။ ထိုအဖွဲ့ အစည်းများတွင် အမှန်ကန်ဆုံးအပြတ်သားဆုံးရပ်တည်သူများမှတစ်ဦးကိုပြပါဆိုလျှင် မိုဟမ္မဒ်သကီမစ်္စဘာယဇ်ဒီ ဟု ဆိုရပေမည်။

  • *မစ္စ်ဘာယဇ်ဒီ နှင့်၎င်း၏နောက်လိုက်တပည့်များသည် လက်ရှိအနေအထားတွင်အီရန်၌ အာဏာရယူလိုကြသည်။ ထိုပုဂ္ဂိုလ်တို့သည် ၎င်းတို့၏ရည်ရွယ်ချက်အောင်မြင်ရေးအတွက်စစ်တပ်နှင့်ပူးပေါင်းကာ အာယသွလ္လာရဖှ်စန်ဂျာနီနှင့် ၎င်း၏ဘက်တော်သားများ အင်အားကို လျော့ကျသွားအောင်ကြိုးပမ်းလျက်ရှိသည်။ ထိုပဋိပက္ခများသည် မဂျလစ်စေ ခွဗ်ရဂါးန် တွင်အလွန်အရေးကြီးသောကိစ္စရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မစ်္စဘာယဇ်ဒီ ၏နောက်လိုက်များ သည် မင်္နဟာယူးန် အမည်ရှိရွေးကောက်ပွဲဆိုင်ရာစာရင်းတွင် သဲဟ်ရာန်မြို့မှ ရူဟာနီ များ၊(ပညာမြို့တော်ဟုတင်စား ထားသည့်) ကွမ်း မြို့သာသနာ့ပညာကျောင်း(ဟောင်ဇာ)မှပညာရှင်များအားလုံးနီးပါးကို စုစည်းထားနိုင်ခဲ့သည်။ သဲဟ်ရာန်မြို့တွင် ဟာရှင်မီရဖှ်စန်ဂျာနီ၊ဟစန်ရူဟာနီ၊ မရှ်ဟဒ်မြို့တွင် ဝါအိဇ်သဗစီ နှင့် ဟာရှင်မီရှဟ်ရူဒီ တို့အုပ်စုအ နည်းငယ်ကသာ ဟာရှင်မီရဖှ်စန်ဂျန်နီအုပ်စုအနိုင်ရရေးအတွက်ကြိုးပမ်းခဲ့ကြသည်။

ဖွံ့ဖြိုးရေးနှင့်အေးချမ်းသာယာရေးလိုလားသည့်အဖွဲ့~~ ပြင်ဆင်ရန်

(ဤအဖွဲ့သည် ညာအုပ်စုနှင့်အနည်းငယ်(မဲ)ကွာဟမှုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ရူဟာနီယသ်အကြားကွဲပြားမှုနှင့် စုစည်းသောရူဟာနီအဖွဲ့အစည်းကို (အာယသွလ္လာရူဟွလ္လာ ခိုမိုင်နီ၏ထောက်ခံအားပေးမှုနှင့်)ဖွဲ့စည်းနိုင်ခဲ့ခြင်းသည်ထိုအဖွဲ့အစည်း၏ပထမခြေလှမ်းဟုဆိုရပေမည်။

သို့သော်ထိုအဖွဲ့အစည်း၏အဓိကလုပ်ဆောင်ချက်သည် ၁၃၇၆ ခုနှစ်သမ္မတရွေးကောက်ပွဲတွင်ရုပ်လုံးပေါ်လာခဲ့သ ည်၊ပုံမှန်အတိုင်းထင်မထားသည့် စိုင်ယိဒ်မိုဟမ္မဒ်ခါသမီ သည်မဲပေါင်း ၂ သန်းကျော်ဖြင့်လူထု၏ (လွတ်လပ်ရေးနှင့် အေးချမ်းသာယာရေးကိုယ်စားလှယ်အဖြစ်)အနိုင်ရရှိသွားခဲ့သည်။ ထိုရွေးကောက်ပွဲပြီးနောက်ပိုင်း အီရန်တွင် လွတ် လပ်ရေးနှင့်အေးချမ်းသာယာရေးလှုပ်ရှားမှုများပေါ်ပေါက်လာခဲ့သည်၊ ခါသမီသည် ၁၃၇၆ ခွရ်ဒါဒ် ၂ ရက်နေ့တွင် သမ္မတဖြစ်လာသည့်အတွက် [ခွရ်ဒါဒ်၂ လှုပ်ရှားမှု] ဟုကျော်ကြားခဲ့သည်။ သို့ပါ၍ထိုအုပ်စုကို ခွရ်ဒါဒ် ၂ အုပ်စုဟူ၍ လည်းခေါ်ကြသည်။

၎င်းအဖွဲ့အစည်းသည်ကျယ်ပြန့်သောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ခဲ့သည်၊ထိုအဖွဲ့အစည်းတွင်ရှိနေသော သူများအားလုံးသည် မွတ်္စလင်္မများဖြစ်ကြပြီး အာယသွလ္လာရူဟွလ္လာခိုမေနီ ၏ဦးဆောင်လမ်းပြမှုကိုလက်ခံယုံကြည်သူ များတော့လည်းဖြစ်ကြသည်။ သို့သော်လည်းကောင်းတို့၏ဘက်တော်သားများသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ဆန့် ကျင်ဘက်အုပ်စုများအထိပူးပေါင်းပတ်သက်မှုများရှိခဲ့သည်။ ထိုအချိန်က ခါသမီ နှင့် ခွရ်ဒါဒ် ၂ ကိုကာကွယ်ခြင်းဆို သည့်ခေါင်းစဉ်ဖြင့် အီရန်အစ္စလာမ်မစ်အချုပ်အချာအာဏာအပေါ် ဆန့်ကျင်မှုများပဋိပက္ခများကို များစွာဖန်တီးခဲ့ကြ သည်။

နေရာရပြီးနောက် ၎င်းအဖွဲ့အစည်းသည် အစ္စလာမ်မစ်လွှတ်တော်နှင့်ဒေသအလိုက်အဖွဲ့အစည်းများ(အထူး သဖြင့်အီရန်၏မြို့တော်သဲဟ်ရာန်)ကိုစည်းရုံးနိုင်ခဲ့သည်။ သို့သော်အတားအဆီးများစွာနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ၁၃၈၀ ခုနှစ်ရွေးကောက်ပွဲတွင် ခါသမီသည်ဒုတိယအကြိမ်မဲနိုင်ပြီးသမ္မတရာထူးကိုရရှိသွားပြန်သည် ၊သို့ပါ၍အဆိုပါ ရှစ်နှစ်လုံးလုံးကို(ခွရ်ဒါဒ် ၂ လှုပ်ရှားမှု)အရှိန်အဟုန်ကောင်းခဲ့သည့်ကာလဟုဆိုရပေမည်။ သို့သော်ထိုရှစ်နှစ်ပြီးနောက် အစ္စလာမ့်လွှတ်တော်၊ သဲဟ်ရာန်နှင့်အခြားမြို့ကြီးများရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံး ၎င်းတို့နှင့်ဆန့်ကျင် ဘက်အနေအထားသို့ပြောင်းလဲသွားသည်။ ခါသမီ အာဏာရှိနေချိန်ကာလမှာပင် သတင်းစာများမီဒီယာများ၌ ခွရ်ဒါဒ် ၂ လှုပ်ရှားမှုကိုအကြိမ်ကြိမ်ချန်လှပ်ခဲ့ကြသည်၊ ခါသမီ သက်တမ်းပြည့်ခါနီးကာလမှာပင် မီဒိယာများ၌(လွတ်လပ်ရေး နှင့်အေးချမ်းသာယာရေး)ဟူသည့်ခေါင်းစဉ်ကိုလုံးဝမတွေ့ရတော့ချေ။

ပသို့ဆိုစေ ခါသမီ၏ရှစ်နှစ်တာကာလပြီးဆုံးချိန်တွင်၎င်းတို့၏လှုပ်ရှားမှုသည် အစ္စလာမ့်လွှတ်တော်နှင့်နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးတွင်မှေးမှိန်သွားခဲ့သည်။ ဒေသအလိုက်လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများတွင်လည်းရှုံးနိမ့်ခဲ့ကြ သည်၊(မိုဟမ္မဒ်မိုအီးန်၊မဲဟ်ဒီကရူဘီ နှင့် မဲဟ်ရ်အလီဇာဒဲ သုံးဦးစလုံးအပြတ်အသတ်ရှုံးနိမ့်ခဲ့ကြသည်။ မည်မျှအထိဆို လျှင်၎င်းတို့၏လှုပ်ရှားမှုများသည်နိုင်ငံရေးလောကနှင့် အတော်ကိုအလှမ်းဝေးသွားကြသည်။ နောက်ပိုင်းရွေးကောက် ပွဲများတွင်တစ်ဖန်ပြန်၍ မီးရ်ဟိုစိုင်္နမူစဝီကနိုင်ငံရေးလောကတွင်အစိမ်းရောင်လှုပ်ရှားမှုဆိုသည့်ခေါင်းစဉ်ဖြင့်ဝင်ရောက် လာခဲ့ပြန်သည်။ .

လက်ရှိတွင် အီရန်အစ္စလာမစ်စစ်တပ်၊ အီရန်အစ္စလာမစ်တော်လှန်ရေးစစ်တပ်အဖွဲ့အစည်း ၊ရူဟာနီ(သာသနာ့ပ ညာရှင်များ)အဖွဲ့အစည်း၊ အီရန်အစ္စလာမစ်အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ တို့သည်၎င်းတို့၏အဖွဲ့အစည်းများ ပင်ဖြစ်သည်။ သမ္မတဟောင်းစိုင်ယိဒ်မိုဟမ္မဒ်ခါသမီ၊မဲဟ်ဒီကရူဘီ(ပါတီဥက္ကဋ္ဌဟောင်း)၊ မိုဟမ္မဒ်ရေဇာခါသမီ တို့သည် ထိုအဖွဲ့အစည်းတို့၏ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။

Opposition-အတိုက်အခံအဖွဲ့အစည်းများ(တရားမဝင်) ပြင်ဆင်ရန်

ထိုအဖွဲ့အစည်းများတွင်ဘယ်အုပ်စုအကျဆုံးမှာ မစ်လီးယေမဇ်ဟဘ်ဘီး ဖြစ်ပြီးတစ်ခါတစ်ရံ အဖွဲ့အစည်းမှခွဲထွက်ခါ အတိုက်အခံအဖွဲ့အစည်းများနှင့်ပူးပေါင်းတတ်သည်။ (အစ္စလာမ့်စည်းဘောင်ကိုကျော်ပြီး) အီရန်တွင်လွတ်လပ်စွာ နေထိုင်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်း အစ်္ဗရာဟီမ်ယဇ်ဒီ သည်ထိုအဖွဲ့အစည်း၏အရေးပါသောပုဂ္ဂိုလ်ဖြစ်သည်။ အီရန်တွင်လွတ်လပ်စွာနေထိုင်ရေး အဖွဲ့အစည်းများသည်တရားဝင်အဖွဲ့အစည်းများမဟုတ်ပါ။ .

တရားဝင်မဟုတ်သည့်အတိုက်အခံအဖွဲ့အစည်းများ ပြင်ဆင်ရန်

(ထိုကဲ့သို့သောအဖွဲ့အစည်းများထဲမှအဖွဲ့အစည်းတစ်ခုမှာ အတိုက်အခံအဖွဲ့အစည်းအစ္စလာမစ်အုပ်ချုပ်ရေးကိုဖြုတ် ချရေးအဖွဲ့အစည်းပင်ဖြစ်သည်။ အီရန်အစ္စလာမစ်အုပ်ချုပ်ရေးတွင် ထိုကဲ့သို့သောအဖွဲ့အစည်းများသည် ဥပဒေနှင့် ညိစွန်းသည်။ ၎င်းတို့နှင့်ပူးပေါင်းခြင်းသည်လည်း အလွန်ကြီးလေးသောအပြစ်ဖြစ်ပြီး သေဒဏ်ချမှတ်နိုင်သည်၊အထူး သဖြင့်- ဝါကေအဲယေသာဘစ်သာန် ၆၇- အရေးအခင်းနှင့်ပတ်သက်သည့်နိုင်ငံရေးထောင်သား ၈ ထောင်ကျော်အား အတိုက်အခံအုပ်စုများနှင့် လှုပ်ရှားသည့်အပေါ် မိုနာဖှစ်က် (အရေခြုံ) မွရ်သဒ် (အစ္စလာမ်မှအခြားသာသနာသို့ကူး ပြောင်းသွားသူ) မွလ်ဟစ်ဒ် (အမှန်တရားမှသွေဖည်သူ) ပုဒ်မများဖြင့်သေဒဏ်ချမှတ်ခဲ့သည်။

အီရန်တွင်အတိုက်အခံအုပ်စုများသည် သီးသန့်မီဒီယာများကိုအသုံးပြုကာလူထုအကြား ဆက်သွယ်မှုများ ဖြန့် ကျက်မှုများပြုလုပ်ကြသည်၊ satellite,radio,television စသည့်လိုင်းများကိုဥပဒေနှင့်ဆန့်ကျင်ပြီးခိုးလွှင့်ကြသည်။ ယ ခုထိ၎င်းတို့သည်လျှို့ဝှက်စွာလှုပ်ရှားစမြဲဖြစ်သည်။ ၎င်းတို့၏ဌာနချုပ်နှင့်ခေါင်းဆောင်ပိုင်းများသည် ပြည်ပနိုင်ငံများ တွင်ရှိသည်။ ထိုအဖွဲ့အစည်းများအကြား ဆိုရှယ်လစ်ဇင် ကွန်မြူနစ်ဇင် အောက်မှလှုပ်ရှားသော မားရ်ကစီဇင် အုပ်စု များအနေနှင့်တွေ့ရှိရမည်ဖြစ်သည်။

ခွရ်ဒစ်သာန် တွင်ထိုအတိုက်အခံအင်အားစုများသည် အချို့သောနေရာဒေသတို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ သို့သော်အရေးပါသောနေရာဒေသများကို စစ်တပ်ကထိန်းချုပ်ထားသဖြင့် ၎င်းတို့ထင်သလောက်ဝင်ရောက်စွက်ဖက် နိုင်ခြင်းမရှိချေ။

အစ်လာမ်မစ်အုပ်ချုပ်ရေးကို တွန်းလှန်ရန်အတွက် အတိုက်ခံအဖွဲ့အစည်းအချင်းချင်းပူးပေါင်းစည်းလုံးရေးကြိုးပမ်း သော်လည်းမအောင်မြင်ကြချေ။ အလွန်ဆုံးသေးငယ်သောအဖွဲ့အစည်းအနေအထားသို့သာပြောင်းလဲသွားကြသည်။

အောက်တွင်အတိုက်အခံအဖွဲ့အစည်းများကိုဖော်ပြသွားမည်၊အဖွဲ့အစည်းအားလုံးတော့မဟုတ်ပါ~~

ဂျစ်္ဗဟဲယေမစ်လီ နှင့်မစ်လီဂရာယားန် ပြင်ဆင်ရန်

လက်ရှိထိုအဖွဲ့အစည်းသည်အချုပ်အချာအာဏာနှင့် ပတ်သက်ပြီးအကောင်းအဆိုး ခွဲခြားရေးခေါင်းစဉ်ဖြင့်ရပ်တည် လျက်ရှိသည်၊သို့သော်အချုပ်အချာအာဏာ၏ လွှမ်းခြုံမှုအောက်တွင်မရှိပါ။ ဂျစ်္ဗဟဲယေမစ်လီ ကို ၁၃၆၀ ခုနှစ်တွင်ယ ခင်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်၏ ရဲဟ်ဘဲရ် အာယသွလ္လာရူဟွလ္လာခိုမိုင်နီ ကဥပဒေနှင့်ဆန့်ကျင်သောအဖွဲ့အစည်း အဖြစ်ကြေညာထားသည်။ အဗ်ဒွလ်အလီအဒီးဗ်ဘရူမန်၊အဘာစ်အမီးရ်အင်န်သေဇားမ်၊ဒါဝူးဒ်ဟဲရ်မီဒါးစ်ဘာဝန်းဒ် နှင့် ဟိုစိုင်န်ရှားဟ်ဟိုစိုင်နီ တို့သည်ထိုအဖွဲ့အစည်း၏ပုဂ္ဂိုလ်ကြီးများဖြစ်သည်။

ထီးနန်းပုံစံလိုလာသူများ ပြင်ဆင်ရန်

အီရန်တွင်အတိုက်အခံအဖွဲ့အစည်းများအကြားမကြာမကြာဆိုသလိုသူတို့အချင်းချင်းမသင့်မြတ်မှုများလည်းရှိသည် ဘုရင်အုပ်ချုပ်ရေးစနစ်မျိုးကိုလိုလားတမ်းတနေကြသူများဖြစ်သော ရှားဘုရင်၏လက်ပါးစေများ အိမ်ရှေ့မင်းသား ဆက်ခံခဲ့သောမျိုးနွယ်များ မိုဟမ္မဒ်ရေဇာပဲဟ်လဝီ အီရန်နောက်ဆုံးဘုရင်၏သားတို့ဖြစ်သည်။

ထိုအဖွဲ့အစည်းများသည်မည်မျှပင် ရေဇာပဲဟ်လဝီအား ဘုရင်တင်မြှေက်ရေးတွင်သဘောထားတူညီမှုရှိကြသော် လည်းလက်တွေ့၌ညီညွတ်မှုမရှိကြချေ။ တစ်ကိုယ်တည်းလှုပ်ရှားမှုများသာရှိကြသည် ရဇာပဲဟ်လဝီကိုယ်တိုင်က လည်းမည်သည့်အဖွဲ့အစည်း၏ဘက်တော်သားဖြစ်ကြောင်းထုတ်ဖော်ကြေညာခြင်းမရှိပေ။ ထီးနန်းသရဖူကိုပင်လိုလား မှု၊တောင်းဆိုမှုများမရှိ နိုင်ငံကိုအုပ်ချုပ်လိုသည့်နိုင်ငံရေးသမားအသွင်နှင့်သာရပ်တည်ခဲ့သည်။ .

အီရန်အစ္စလာမ်မစ်အုပ်ချုပ်ရေး၏ အတိုက်အခံဆန့်ကျင်ရေးအုပ်စုအနေနှင့် နောက်အုပ်စုတစ်ခုမှာညာအုပ်စုဖြစ် သည်အမေရိကန် လော့စ်အန်ဂျလစ် တွင်၎င်းတို့၏ဌာနချုပ်ရှိပြီး Radio,Television,Satellite,Internet တို့မှနိုင်ငံရေး (ယဉ်ကျေးမှုဆိုင်ရာ)စသည့်မျိုးစုံတို့ကို အီရန်သို့ထုတ်လွှင့်လျက်ရှိသည်။ ဤအဖွဲ့အစည်းများတွင် ကျော်ကြားသည့် အဖွဲ့အစည်းတစ်ခုကိုဖော်ပြရမည်ဆိုလျှင် အန်ဂျွန်မန်နေဖာဒေရှာဟီး ပင်ဖြစ်သည်။ ရေဇာပဲဟ်လဝီအပြင် ဒါရ်ယူရှ်ဟမာယူးန် သည်ထိုအုပ်စု၏လက်ရှိအရေးပါကျော်ကြားသူတစ်ဦးဖြစ်သည်။

ရေဇာပဲဟ်လဝီ သည်အတိုက်အခံအုပ်စုများကိုစုရုံးရန်ဖိတ်ခေါ်ပြီး၎င်းတို့၏ကြွေးကျော်ချက်မှာ ”ယနေ့သည်စုရုံးမှု သက်သက် ငါတို့အတွက်အနာဂတ်” ဟူ၍ဖြစ်သည်။

မိုဂျာဟစ်ဒီးနေခလပ်က် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့~ ပြင်ဆင်ရန်

(ထိုအုပ်စုများသည် အီရန်အစ်လာမ်မစ်တော်လှန်ရေးမတိုင်မီကတည်းကအီရန်တွင်ရှိနေခဲ့ကြသည်။

၎င်းအုပ်စုတို့သည် အီရန်အစ်လာမ်မစ်အုပ်ချုပ်ရေးသမိုင်းတစ်လျှောက် လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်ခဲ့ပြီး အီရန် အီရတ်စစ်ပွဲတွင်ထိုတပ်ဖွဲ့များသည်အီရတ်ဘက်မှ အီရန်သို့တိုက်ခဲ့သည်။ သို့ပါ၍အီရန်အစိုးရသည်ဤကဲ့သို့ပူး ပေါင်းလှုပ်ရှားသူများကို သေဒဏ်ချမှတ်ခဲ့သည်။ သို့သော်သွေးမစွန်းသည့်လက်များကိုအီရန်အစိုးက လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည် ယခုထိထိုအုပ်စုများမှများစွာသောပုဂ္ဂိုလ်တို့သည်အီရန်သို့ပြန်လည်ရောက်ရှိ(အလင်းဝင်)လာနေ ဆဲဖြစ်သည်။

ထိုအဖွဲ့အစည်းများသည် အီရတ်တွင် ဆဒ်ဒါမ်ဟိုစိုင်န် အုပ်စိုးခဲ့စဉ်ကာလကစစ်တပ်အခြေစိုက်စခန်းများစွာရှိခဲ့ပြီးအ မေရိကန်၏ဖော်ထုတ်ချက်အရ ၎င်းတို့၏ခေါင်းဆောင်သည် ဆဒ်ဒါမ် နှင့်လျှို့ဝှက်စွာတွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

၎င်းစါဇမါန်-အဖွဲ့အစည်း-သည်အခြားအဖွဲ့အစည်းများနှင့်အတူ လက်နှက်ကိုင်အဖွဲ့အစည်းများ သာမန်လက်နှက် မဲ့အဖွဲ့အစည်းများဖြစ်သော ဥပမာ ပြည်သူ့ကာကွယ်ရေးတပ်စု တို့ကိုပျိုးထောင်ပေးခဲ့သည်။ မဲရ်ယမ်ရဂျ်ဝီး အားဤ ရှိုရာအဖွဲ့အစည်းကအီရန်၏အနာဂတ်အတွက် သမ္မတလောင်းအဖြစ်လည်းသတ်မှတ်ရွေးချယ်ထားသည်။ .

၎င်းအဖွဲ့အစည်းအောက်မှအဖွဲ့ခွဲတစ်ခုမှာ-အီရန်လွတ်လပ်စွာနေထိုင်မှုကြိုးပမ်းရေး-တပ်စုဖြစ်သည်။

ကွန်မြူနစ် အုပ်စု~ ပြင်ဆင်ရန်

အီရန် ဝါယမကွန်မြူနစ် အုပ်စုသည်လုံးဝဥူုံ ဘယ်အုပ်စုဖြစ်သည်။ ကွန်မြူနစ်အယူအစကိုစတင်တည်ထောင်သူ မန်ဆူရ်ဟစ်က်မသ် သည်ခေါင်းဆောင်ဖြစ်ပြီးအဖွဲ့ခွဲလေးများအနေနှင့်တည်ထောင်လှုပ်ရှားခြင်းဖြစ်သည်။၎င်းအဖွဲ့အ စည်းတို့၏ ကြွေးကျော်သံများမှာ “အစ်လာမ်မစ်အုပ်ချုပ် ရေးကျဆုံးပါစေ” “ဆိုရှယ်လစ်ဇင်ရှင်သန်ပါစေ” ”လွတ်လပ်ခြင်းသည်ညီမျှခြင်း လုပ်သားတို့၏အုပ်ချုပ်ခြင်း” ထိုအုပ်စုသည်အပြင်းအထန် မဇ်ဟဘ် အတွက်အတိုက် အခံအုပ်စုဖြစ်ပြီး ဘယ်အုပ်စုဖြစ်သည်။

ထိုအုပ်စုသည် ဘဲရ်လီးန်ကွန်ဖရန့် ကိုလုပ်ကြံဖျက်စီးပြီး နောက်၎င်းအဖြစ်အပျက်ကိုအီရန်ရုပ်သံမှကြေညာရာကျော် ကြားသွားခဲ့သည်။ အဲမြဲဆိုသလို အစ်လာမ်မစ်အုပ်ချုပ်ရေးကို ပျက်စီးရာပျက်စီးကြောင်းကြိုးပမ်းနေသူများဖြစ်သည်။ စိုင်ယိဒ်မိုဟမ္မဒ်ခါသမီ နှင့် ခွရ်ဒါဒ် ၂ အားအပြင်းအထန်အတိုက်အခံလုပ်သည့်အုပ်စုဖြစ်သည်။ မလျှော့သောဇွဲလုံ့လ တို့ဖြင့်အစ္စလာမ်မစ်အုပ်ချုပ်ရေးကို တော်လှန်နေသူများဟူ၍လည်းဝင့်ကြွားကြပြီး ဆိုရှယ်လစ်သမ္မတနိုင်ငံထူထောင် ရန်ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ထိုအဖွဲ့အစည်း၏လုပ်ရပ်များတစ်လျှောက်ကြည့်မည်ဆိုလျှင် (အီရန် ခွရ်ဒစ်္စသာန်ရှိကွန်မြူနစ်အုပ်စုဖြစ်သော ကူမဲလဲဟ် နှင့်ပူးပေါင်းပြီး) ခွရ်ဒစ်သာန် တွင်ဂရုပြုရလောက်သည့်အဖွဲ့အစည်းဖြစ်လာကာ အလျင်းသင့်သလိုအီရန် ပြည်မပိုင်းသို့စုံစမ်းထောက်လှမ်းရေးများစေလွှတ်ကြသည်။ သို့သော်ထိုအဖွဲ့အစည်းသည်သင်းကွဲအနေအထားများ သို့ရောက်ပြီး ကော်မတီလေးများအဖြစ်နှင့်သာရပ်တည်နေကြကာ တပ်အင်အားအနေဖြင့်မရှိကြတော့ချေ။ သို့သော် စစ်တပ်အင်အားရှိသည်ဟုကြွေးကျော်နေကြတုံးဖြစ်သည်။

ထိုအုပ်စု၏လက်ရှိခေါင်းဆောင်မှာ ဟမီးဒ်သက္ကဝါယီးဖြစ်ပြီးထိုအဖွဲ့၏အခြားသောပုဂ္ဂိုလ်များမှာ အလီဂျဝါဒီး နှင့် အာဇဲရ်မါဂျဒီ တို့ဖြစ်ကြသည်။

အီရန်ဝါယမကွန်မြူနစ် ဟစ်က်မသ်သီးစသ် အုပ်စု~ ပြင်ဆင်ရန်

ဟစ်က်မသ်သီးစသ် အုပ်စုသည်အီရန်ကွန်မြူနစ်အုပ်စု၏အဖွဲ့ခွဲဟုဆိုရပေမည်။ ၂၀၀၄ ခုနှစ်နောက်ပိုင်းဗဟိုတပ်စုမှ ခွဲထွက်ပြီး ခွရ်ဒစ်္စသာန်တွင် ဟပ်ကာ အုပ်စုကိုဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအုပ်စုသည်ခွဲထွက်ချိန်တွင် မန်စူးရ်ဟစ်က်မသ် ၏လမ်းစဉ်ကိုဆက်လက်အကောင်အထည်ဖော်သူများအဖြစ်ကြွေးကျော်ခဲ့ကြသည်။ ထို့အတွက်ကြောင့်မိမိတို့အဖွဲ့အ စည်းကို ဟစ်က်မသ်သီးစသ် ဟုဆိုကြခြင်းဖြစ်သည်။

ထိုအုပ်စုသည်ခွဲထွက်လာပြီးနောက် ဘယ်အုပ်စု၏အဓိကလမ်းစဉ်ဖြစ်သော မဇ်ဟဘ်နှင့်အစ္စလာမ်မစ်အုပ်ချုပ်ရေး အားအတိုက်အခံလှုပ်ရှားမှုများဆက်လက်လုပ်ကိုင်ခဲ့သည်။ ၎င်းတို့၏ကြွေးကျော်သံများကိုလည်းအမြဲဆိုသလိုကြွေး ကျော်နေခဲ့ပြီးထိုအဖွဲ့အစည်းနှစ်ခုသည်ခွရ်ဒစ်္စသာန်အုပ်စု၏ အားပေးအားမြှေက်မှုတွင်ရှိနေသည်။ ၎င်းတို့၏ကြွေး ကျော်သံအသစ်မှာ”ခွရ်ဒစ်္စသာန် ခွန်အားတို့၏တံခါးပေါက်” ဟူ၍ဖြစ်သည်

ထိုအုပ်စုသည် (လွတ်လပ်ရေးဂါးဒ်) ဆို သည့်အမည်ဖြင့်စစ်တပ်အင်အားရှိပြီးအီရန် ခွရ်ဒစ်္စသာန်တွင် လှုပ်ရှားလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်