အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ
အီရန်နိုင်ငံတွင် နိုင်ငံ၏ပထမအဆင့်အနေဖြင့် ပြည်နယ်များအဖြစ်ပိုင်းခြားထားသည်။
နိုင်ငံ၏ပြည်နယ်အတွင်း ရှဲဟ်ရိစ်တာန်(ပြည်နယ်အတွင်းရှိမြို့များ)များရှိပြီး ထို ရှဲဟ်ရိစ်တာန်(ပြည်နယ်အတွင်းရှိမြို့များ)အတွင်း၍ ဘခ်ရှ်(ခရိုင်)များရှိသည်။ များသောအားဖြင့် ရှဲဟ်ရိစ်တာန် တစ်ခုအတွင်း များစွာသောမြို့ငယ်များနှင့် ရွာများတည်ရှိပေသည်။ တစ်ဖန် ရွာငယ်များစွာကိုစုပြီး ကျေးလက်ဒေသခရိုင်ဟူ၍လည်းဖွဲ့စည်းထားပြန်သည်။ ရှဲဟ်ရိစ်တာန်(ခရိုင်)များအတွင်း ရှဲဟ်ရိစ်တာန် တစ်ခုကို ခရိုင်များ၏ဗဟိုဌာနချုပ်အဖြစ်လည်း သတ်မှတ်ထားပေသည်။။
အောက်မှာဖော်ပြတဲ့အတိုင်းအီရန်အစိုးရအဆိုအရ, မတ်လ 2016 (အီရန်ပြက္ခဒိန် 1394) ၏သကိန်းဂဏန်းများမှာအောက်ပါအတိုင်းဖြစ်သည်။
အင်္ဂလိပ် | ပါးရှန်း | ပါးရှန်း pl. | နံပါတ် |
---|---|---|---|
ပြည်နယ်များ | استان ostān | استانها ostānhā | ၃၁ |
ပြည်နယ်တွင်းရှိမြို့များ | شهرستان shahrestān | ၄၂၉ | |
ခရိုင် | بخش bakhsh | ၁၀၅၇ | |
မြို့ | شهر shahr | ၁၂၄၅ | |
ကျေးလက်ခရိုင် | دهستان dehestān | ၂၅၈၉ |
အောက်မှာဖော်ပြတဲ့အတိုင်းအီရန်အစိုးရအဆိုအရ, မတ်လ 2016 (အီရန်ပြက္ခဒိန် 1394) ၏သကိန်းဂဏန်းများမှာအောက်ပါအတိုင်းဖြစ်သည်။[၁]
အင်္ဂလိပ် | ပါးရှန်း | ပါးရှန်း pl. | နံပါတ် |
---|---|---|---|
ပြည်နယ်များ | استان ostān | استانها ostānhā | ၃၀ |
ပြည်နယ်တွင်းရှိမြို့များ | شهرستان shahrestān | شهرستانها shahrestānhā | ၄၂၉ |
ခရိုင် | بخش bakhsh | بخشها bakhshhā | ၁၀၅၇ |
မြို့ | شهر shahr | شهرها shahr hā | ၁၂၄၅ |
ကျေးလက်ခရိုင် | دهستان dehestān | دهستانها dehestānhā | ၂၅၈၉ |
အထက်ပါ ပိုင်းခြားပုံများကို နားလည်လွယ်ရန် ဤသို့ဥပမာပေးလိုသည်။ ဥပမာအနေဖြင့် P ပြည်နယ်ကို A နှင့် B ဟူ၍နှစ်ပိုင်းခွဲလိုက်သည်။ A ရှဲဟ်ရိစ်တာန်တွင် ဗဟို၊ X နှင့် Y ဟူ၍အစိတ်အပိုင်း(၃)ပိုင်းရှိသည်။ ဗဟိုတွင်လည်း (၃)ပိုင်းရှိပြီး ပထမဦးဆုံးM အပိုင်းသည် A ၏ ဗဟိုဌာနချုပ်ဖြစ်သည်။ ခရိုင်တစ်ခုအောက်တွင် မြို့နယ်များRD(သို့)မြို့နယ်တစ်ခု(သို့)ကျေးလက်များ (Vများ)ရှိနေနိုင်သည်။ ယခုပေးသောဥပမာတွင် ဗဟိုဌာနချုပ်သည် M မြို့နယ် ၊N မြို့နယ် နှင့်RTDတို့ရှိပြီး ၎င်းတို့အောက်တွင် V1 , V2 , V3 , V4 စသဖြင့် ကျေးရွာများရှိသည်။ X ခရိုင်သည်လည်း O ၊ U နှင့် RD တို့ပါဝင်ပြီး Y တွင်မူ RD V မြို့တစ်မြို့တည်းရှိပြီးထို RD V သည် Y ခရိုင်အတွင်းဌာနချုပ်ဖြစ်သည်။ Bရှဲဟ်ရိစ်တာန်တွင်လည် ခရိုင်တစ်ခုတည်းနှင့် Q မြို့တစ်မြို့တည်းရှိပေသည်။။
ပြည်နယ် | ရှဲဟ်ရိစ်တာန် | ခရိုင် | မြို့/မြို့နယ်* | ရွာများ |
---|---|---|---|---|
P | A | ဗဟို | မြို့ M (c) | |
မြို့N | ||||
RD T | V၁၊V၂၊V၃၊V၄ | |||
X | မြို့O | |||
RD U | V၅၊V၆ | |||
Y | RD V | V၇၊V၈၊V၉ | ||
B | ဗဟို | မြို့Q |
ရှာဖွေရန်
ပြင်ဆင်ရန်