အီလက်ထရွန်းနစ် အင်ဂျင်နီယာပညာရပ်

အီလက်ထရွန်းနစ် အင်ဂျင်နီယာပညာရပ် ဆိုသည်မှာ လျှပ်စစ်နှင့် သံလိုက်ဓာတ် နိယာမများကို အသုံးချသည့် အင်ဂျင်နီယာပညာရပ်တစ်ခု ဖြစ်သည်။ အီလက်ထရွန်းနစ်အင်ဂျင်နီယာများသည် ရေဒီယိုလှိုင်း အသုံးပြုခြင်း၊ အီလက်ထရွန်းနစ်ဆားကစ်များ ဒီဇိုင်းထုတ်ခြင်း၊ ကွန်ပျူတာစနစ်များ၏ ဒီဇိုင်းနှင့် မောင်းသူမဲ့လေယာဉ်ပျံများနှင့် အခြား ထည့်သွင်းနှစ်မြှုပ်ထားသည့် စနစ်များ ကဲ့သို့သော ထိန်းချုပ်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်။

ပုံနှိပ်ဆားကစ်ဘုတ်တစ်ခု

'အီလက်ထရွန်းနစ် အင်ဂျင်နီယာ' ဟူသော ဝေါဟာရသည် ၁၉၅၀ ခုနှစ် နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အီလက်ထရွန်းနစ်အင်ဂျင်နီယာပညာရပ်ကို ရေဒီယိုအင်ဂျင်နီယာပညာရပ်အဖြစ် လူသိများသည်။ ထိုအချိန်က တက္ကသိုလ်တစ်ခုတွင် ရေဒီယိုအင်ဂျင်နီယာပညာရပ်ကို သင်ယူခြင်းသည် ရူပဗေဒဘွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော အီလက်ထရွန်နစ် စက်ပစ္စည်းများကို တီထွင်လာသည်နှင့်အမျှ ရေဒါ၊ ရုပ်မြင်သံကြား၊ အသံစနစ်များ၊ Hi-Fi နှင့် နောက်ပိုင်းတွင် ကွန်ပျူတာများနှင့် မိုက်ခရိုပရိုဆက်ဆာများ ပါဝင်လာခဲ့သည်။ ၁၉၅၀ ခုနှစ်များ၏ အလယ်ပိုင်းမှ နှောင်းပိုင်းကာလများတွင် 'ရေဒီယိုအင်ဂျင်နီယာ' ဟူသောအသုံးအနှုန်းမှသည် 'အီလက်ထရွန်းနစ်အင်ဂျင်နီယာ' ဟူသောအမည်သို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီး ယင်းနောက် သီးခြားဘွဲ့ယူရသောပညာရပ်တစ်ခု ဖြစ်လာခဲ့သည်။

အင်ဂျင်နီယာများသည် ရူပဗေဒ နှင့် သင်္ချာ ပညာရပ်များကို လေ့လာရမည်ဖြစ်ပြီး ၎င်းတို့သည် စနစ်များကို နားလည်ရန်နှင့် ၎င်းတို့ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် အထောက်အကူဖြစ်စေလေသည်။ ယနေ့ခေတ်တွင် အင်ဂျင်နီယာလုပ်ငန်းအများစုသည် ကွန်ပျူတာများနှင့် အီလက်ထရွန်းနစ် စနစ်များကို ဒီဇိုင်းထုတ်ရာတွင် ကွန်ပျူတာအထောက်အကူပြုနည်းပညာများကို အသုံးပြုလေ့ရှိကြသည်။ အချို့သော အီလက်ထရွန်နစ် အင်ဂျင်နီယာများသည် စက်ရုပ်နည်းပညာရပ်ပိုင်းတွင် အလုပ်လုပ်ကြလေသည်။