အီလိုကော့ (တမ်းပလိတ်:Lang-ilo; တမ်းပလိတ်:Lang-pag; တဂ္ဂလော့: Rehiyon ng Ilocos) သည် ဖိလစ်ပိုင်နိုင်ငံရှိ အုပ်ချုပ်ရေးနယ်မြေတခုဖြစ်ပြီး နယ်မြေ ၁ အဖြစ် သတ်မှတ်ထားသည်။ လူဇွန်ကျွန်း၏အနောက်မြောက်ဘက်တွင်ရှိပြီး အရှေ့ဘက်၌ ကော်ဒယ်လီရာ၊ အရှေ့တောင်နှင့်အရှေ့မြောက်ဘက်၌ ကာဂယံဗေလီ (ကာဂယံတောင်ကြား)၊ တောင်ဘက်၌ အလယ်လူဇွန်နယ်မြေတို့ ရှိသည်။ အနောက်ဘက်၌ တောင်တရုပ်ပင်လယ်မှာ အနားသတ်ဖြစ်သည်။

နယ်မြေကို အီလိုကော့နော့ (အီလိုကော့မြောက်ပိုင်း)၊ အီလိုကော့ဆာ (အီလိုကော့တောင်ပိုင်း)၊ လာယူနီယံနှင့် ပန်ဂါဆီနန်ဟူ၍ ပြည်နယ် ၄ ခုဖြင့် ဖွဲ့ထားသည်။ မြို့တော်မှာ လာယူနီယံပြည်နယ်ရှိ ဆန်ဖာနန်ဒိုမြို့ဖြစ်သည်။ ၂၀၀၀ ခုစစ်တမ်းအရ လူဦးရေ၏ ၆၆.၃၆% မှာ အီလိုကနိုဘာသာကို ပြောဆိုကြသည်။ ပန်ဂါဆီနန်စကားပြောသူ ၂၇.၀၅% နှင့် တဂ္ဂလော့စကားပြောသူ ၃.၂၁% ရှိသည်။

ကိုးကား ပြင်ဆင်ရန်