အီး-စီးကရက်

ဆေးလိပ်ဆေးရွက်ကြီး ဖြတ်ရန် သို့မဟုတ် တခြားတခုအဖြစ်ပြောင်းလဲအသုံးပြုရာတွင်သုံးသော ကိရိယာ

အီး-စီးကရက်သည် ပုံမှန်စီးကရက်ထက်ရှည်သည်။ အတွင်းက လဲလို့ရသည့် ခွက်လေးထဲတွင် နစ်ကိုတင်းနှင့် propylene glycol [3] လို့ခေါ်သော စီးကရက်မီးခိုးလိုထွက်တာတူအောင်လုပ်ပေးသည့် ဓာတ်တစ်ခုပါဝင်သည်။ သောက်သုံးသူ လေရှူသွင်းလိုက်သောအခါမှာ အာရုံခံစင်ဆာကနေ၍ လေဝင်တာကို သိတာနှင့် စီးကရက်ထဲမှာရှိသော micro-processor chip ကနေ တစ်ဆင့် အငွေ့ကနေ အမှုန်အမွှားပုံစံပြောင်းပေးသည့် atomizer [4] ကို အရည်စက်များ လေရှူရာလမ်းကြောင်းသို့ ပို့ဆောင်မှု လုပ်ဆောင်စေမှာဖြစ်သည်။ ဘက်ထရီအားပြန်သွင်းလို့ရပြီး မီးမလာရင် သောက်၍ မရပါ။

အီး-စီးကရက်အမျိုးမျိုး

အီး-စီးကရက် များကို တရုတ်နိုင်ငံက (၂၀၀၄) ခုနှစ်မှ စတင် ထုတ်လုပ်ခဲ့ပြီး ဘက်ထရီ အသုံးပြု စက်ကိရိယာငယ်သည် စီးကရက် အစစ်ကဲ့သို့သော အခြေအနေမျိုး ဖြစ်နေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အီး-စီးကရက် များသည် အမျိုးအစား အလိုက် အရသာ ကွဲပြားလေ့ရှိပြီး လူငယ်များနှင့် ဆယ်ကျော်သက်များ အတွက် ချောကလက်အရသာ ရှိသော အီး-စီးကရက်များပင် တီထွင်ထားသည်။ အီး-စီးကရက် ခေါ် အီလက်ထရောနစ် စီးကရက် များသည် ကာဆင်နိုဂျင်နှင့် အခြားသော အဆိပ်အတောက် ဓာတုပစ္စည်းများ ပါရှိနေကြောင်း အမေရိကန် အစားအသောက် နှင့် ဆေးဝါးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (FDA) က ကြေညာလိုက်သည်။

အီး-စီးကရက် များတွင် ဒိုင်အီသိုင်လင်း ဂလိုင်ကော ကဲ့သို့ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါရှိနေကြောင်း FDA ကဆိုသည်။ အီး-စီးကရက် များသည် ဆေးလိပ်ဖြတ်ရန် သင့်တော်သော နည်းလမ်း တခုအဖြစ် အစားထိုး အသုံးပြုနိုင်ရန် နှင့် မီးခိုးငွေ့ မထွက်စေ လိုသောကြောင့် ဆေးလိပ်သောက်ခွင့် မပြုကြောင်း တားမြစ်ထားသည့် နေရာများ အတွက် အသုံးပြုနိုင်ရန် ထုတ်လုပ် ထားသော်လည်း အန္တရာယ်ရှိသော အနေအထားကိုမူ သာမန် ဆေးလိပ်ကဲ့သို့ပင် ပြောင်းလဲနိုင်ခြင်း မရှိကြောင်း FDA မှ ကော်မရှင်နာ မာဂရက် အေဟမ်းဘတ် က ပြောကြားခဲ့သည်။ FDA သည် ယခု ကြေညာချက်ကို ထုတ်ပြန်ရန် အတွက် အီး-စီးကရက် အမျိုးအစား (၁၈)မျိုးကို လေ့လာခဲ့ပြီး ၎င်းတို့အနက် အလွန် လူကြိုက်များသည့် အီး-စီးကရက် Brand နှစ်ခုလည်း ပါဝင်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. http://www.peoplemediavoice.com/health-news/e-cigarettes-contain-toxins-fda-analysis-shows.html[လင့်ခ်သေ]