အုံးဖြန်မိုင် ဒုက္ခသည်စခန်း
အုံးပြန့် မိုင် (အုံးပြန့် ဟုလည်း ခေါ်) သည် မြန်မာနယ်စပ်နှင့် ၁၂ ကီလိုမီတာအကွာ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ဖြစ်သည်။[၁] ၇၉ ဟက်တာ ကျယ်ပြီး တာ့ (ตาก) ပြည်နယ်အတွင်းရှိ ဖုတ်ဖ (พบพระ) ခရိုင်၊ ခီရီရပ် (คีรีราษฎร์) ခရိုင်ခွဲ၌ တည်ထားသည်။
၂၀၁၄ ဇွန်လတွင် လူဦးရေ ၁၂၉၀၀ ရှိပြီး အများစုမှာ စစ်ဘေးရှောင် ကရင်များ ဖြစ်သည်။[၂]
စခန်းအခြေအနေ
ပြင်ဆင်ရန်ရေ၊ မီး၊ နှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ရနိုင်သည်။[၁] ၂၀၁၂ ခုတွင် မီးလောင်ရာ စခန်း၏ သုံးပုံတစ်ပုံ မီးသင့်သည်။ အိမ်ခြေ ၁၀၀၀ ခန့်၊ ဗလီ ၃ လုံးနှင့် ကလေးထိန်းကျောင်း ၂ ကျောင်း ပျက်စီးသွားသည်။[၃]
စခန်း မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်တောင်နှစ်ခုကြားတွင် ဆောက်ထားခြင်း ဖြစ်သည်။ ကနဦးက သစ်ပင်အနည်းငယ်ရှိသော တောဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀ တွင် ရှိသည်။ မိုးကာလတွင် ရွှံ့ထူပြီး ဘေးရှိ တောင်နံရံများ ပြိုတတ်သည်။[၄] နွေအခါ၌ ရေအခက်အခဲ ရှိသည်။ အချို့အခါများတွင် ရေအတွက် ခိုက်ရန်ဖြစ်ရသည်။
ပတ်ဝန်းကျင်မှာ သာယာသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံးရေတံခွန်ဖြစ်သော တီလောဆု ရေတံခွန်မှာ စခန်းအနီးတွင်ပင် ဖြစ်သည်။ ရေတံခွန်အမြင့် မီတာ ၂၀၀-၃၀၀ ခန့် ရှိပြီး အကျယ်မှာ ၄၀၀-၅၀၀ ခန့် ဖြစ်သည်။[၅] ဒီဇင်ဘာမှ ဧပြီအတွင်း ရေတံခွန် ဖွင့်သည်။
စခန်းဖွဲ့စည်းပုံ
ပြင်ဆင်ရန်နှစ်ပိုင်းခွဲထားပြီး ဇုန်(က) နှင့် ဇုန်(ခ) ဟူ၍ ရှိသည်။ ဇုန်တစ်ခုစီ၌ အပိုင်းနံပါတ်၊ အိမ်နံပါတ်များ ထားသည်။ ခန်းမကျယ်၌ လှောင်ထားသော ရိက္ခာတို့ကို လစဉ် ထုတ်ပေးသည်။ ထိုရိက္ခာတို့ကို ထိုင်း-ဗမာနယ်စပ် အကျိုးတူအဖွဲ့ (Thai-Burma Border Consortium) က ထောက်ပံ့ခြင်း ဖြစ်သည်။ ပုံမှန်ရိက္ခာစာရင်းတွင် ဆန်၊ ကျောက်မီးသွေး၊ စားဆီ၊ ပဲဝါခြမ်းနှင့် ဂျုံတို့ ပါသည်။[၆] မိသားစုအရွယ်အလိုက် ထုတ်ပေးခြင်း ဖြစ်သည်။
ထင်ရှားပုဂ္ဂိုလ်များ
ပြင်ဆင်ရန်- ခလော ဟေး (lang-th| เกลอร์ เฮห์) - ကရင်တိုင်းရင်းသား၊ ဗြိတိန်နိုင်ငံသားအဖြစ် ၂၀၀၆ ခုတွင် ရသည်။ ရှက်ဖီးယူနိုက်တက်တွင် တောင်ပံကစားသမား ဖြစ်လာသည်။ ယခု လစ်သူယေးနီးယားရှိ ဘောလုံးကလပ် ဂျိုနာဗာတွင် ကစားနေသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Umpiem Mai Refugee Camp။ Committee for Coordination of Services to Displaced Persons in Thailand (CCSDPT)။ 14 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2016 တွင် ပြန်စစ်ပြီး။
- ↑ Umpiem Mai။ TBC The Border Consortium။ 31 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2016 တွင် ပြန်စစ်ပြီး။
- ↑ UPDATE: Fire destroys a third of Umpiem Mai refugee camp။ Karen News (February 23, 2012)။ 10 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2016 တွင် ပြန်စစ်ပြီး။
- ↑ "Umpiem Mai Refugee Camp." CCSDPT. N.p., n.d. Web. 06 May 2016.
- ↑ "Umphang Hill Adventure - Thee Lor Sue Waterfall Is Biggest in Thailand and No.6 of the World." Umphang Hill Adventure. N.p., n.d. Web. 06 May 2016.
- ↑ "Umpium Mai Refugee Camp - Room to Grow Foundation. Umpium Mai Refugee Camp - Room to Grow Foundation. Web. 02 May 2016.
- ↑ Kler Heh: A remarkable journey from Thai refugee camp to Sheffield United။ FourFourTwo (10 June 2016)။ 18 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2016 တွင် ပြန်စစ်ပြီး။