အုံးလီးဖန်
ဥံးလီးဖန် (အင်္ဂလိပ်: OnlyFans) သည် လန်ဒန်အခြေစိုက် အသင်းဝင်ကြေးယူ အကြောင်းအချက်မျှဝေရေး ဝန်ဆောင်မှုတခုဖြစ်ပြီး အကြောင်းအချက်များဖန်တီးသူတို့သည် အသင်းဝင်ကြေးသွင်းသူတို့ ပေးသောငွေကို ရယူခွင့် ရှိသည်။ [၁] အသင်းဝင်သူတို့ထံမှ လစဉ်ကြေးဖြင့် ငွေရနိုင်သည့်အပြင် အပိုဆုပေးစနစ်၊ တခါကြည့်တခါပေးစနစ်များလည်း ထည့်သွင်းပေးထားသည်။ [၂]
ဖတ်ရှုရရှိနိုင်မှု | English |
---|---|
တည်ထောင် | နိုဝင်ဘာ ၂၀၁၆ |
ဌာနချုပ် | လန်ဒန်, အင်္ဂလန် |
ပိုင်ဆိုင်သူ | Fenix International Limited |
တည်ထောင်သူများ | တင် စတုတ်ကလီ |
စီအီးအို | တင် စတုတ်ကလီ |
လက်ရှိ အခြေအနေ | Active |
ဝန်ဆောင်မှုတွင် ဂီတပညာရှင်များ၊ ကိုယ်ကာယကြံ့ခိုင်ရေးပညာရှင်များနှင့် အခြားစိတ်ဝင်စားဖွယ်ဗီဒီယို ဖန်တီးနိုင်သူများ ရှိသော်လည်း ဖန်တီးသူအများစုမှာ လိင်လုပ်သားများ ဖြစ်နေသည်။ ၂၀၂၁ ခု၊ ဩဂုတ်လ ၁၉ ရက်တွင် အောက်တိုဘာလမှစ၍ လိင်ပိုင်းဆိုင်ရာအကြောင်းအချက်များကို ဝက်ဘ်ဆိုက်ပေါ်မှ ဖယ်ရှားကာ နောင်တွင် အလားတူအကြောင်းအချက်မျိုး တင်၍ ငွေရှာခွင့်ပြုတော့မည်မဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် [၃]တစ်ပတ်အကြာမှာပဲကုမ္ပဏီ၏ CEOတင် စတုတ်ကလီ ဖြစ်သူက ကြေညာချက်အားရုပ်သိမ်းခဲ့ပြီး လိင်အသားပေး ရုပ်သံများအား ပြန်လည်မျှဝေခွင့်ပြုခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "FENIX INTERNATIONAL LIMITED - company report". Dun & Bradstreet.
- ↑ Jankowicz, Mia. "We spoke to a woman earning more than $100,000 a year selling explicit content on OnlyFans — this is exactly how she makes her money". Business Insider. Retrieved 13 May 2020.
- ↑ Shaw, Lucas (19 August 2021). "OnlyFans to Block Sexually Explicit Videos Starting in October". Bloomberg. Retrieved 19 August 2021.