အူးလုံ
အူးလုံလက်ဖက် (ရိုးရှင်းတရုတ်: 乌龙; ရိုးရာတရုတ်: 烏龍 (ဝုလုံ, "နဂါးနက်")) သည် တရုတ်ရိုးရာ လက်ဖက်တစ်မျိုးဖြစ်၍ လက်ဖက်ရွက်များ လိပ်တွန့်မှုမရှိခင် တစ်စိတ်တစ်ပိုင်းဓာတ်တိုးစေခြင်း (semi-oxidation)၊ နေရောင်ခပ်ပြင်းပြင်းအောက်၌ ညှိုးခြောက်စေခြင်းဖြစ်စဉ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။[၁]
Oolong tea | |||||||||||||||||||||
"Oolong" in Traditional (top) and Simplified (bottom) Chinese characters | |||||||||||||||||||||
ရိုးရာ တရုတ် | 烏龍茶 | ||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 乌龙茶 | ||||||||||||||||||||
ဆိုလိုရင်း | "Black dragon tea" | ||||||||||||||||||||
|
ဓာတ်တိုးမှုဖြစ်စဉ်ပမာဏသည် မီးမပေးမီ၌ မျိုးမူကွဲနှင့် ထုတ်လုပ်မှုပုံစံတို့ပေါ်မူတည်၍ ၈% နှင့် ၈၅% ကြားတွင် ရှိနိုင်သည်။[၂] အူးလုံလက်ဖက်သည် အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်အာရှတွင် နေထိုင်သော တရုတ်လူမျိုးများကြား အကြိုက်များသည်။[၃]
မတူညီသော အူးလုံလက်ဖက်ရည်ကြမ်းဖျော်နည်းပုံစံသည် အနံ့အရသာ အတော်ကွဲပြားနိုင်သည်။ စိုက်ပျိုးနည်းစနစ်၊ ထုတ်လုပ်ပုံတို့အပေါ်မူတည်ကာ အနံ့အရသာအမျိုးမျိုးဖြစ်နိုင်သည်။[၁] ဖူးကျင့်မြောက်ပိုင်း ဝုယီတောင်တန်းထွက် အူးလုံလက်ဖက်များသည် အကျော်ကြားဆုံးတရုတ်လက်ဖက်များဖြစ်ကြသည်။ ကွဲပြားသော အူးလုံလက်ဖက်များကို ထုတ်လုပ်စီမံရာ၌လည်း ကွဲပြားသောနည်းစနစ်များကိုသုံးကြလေ့ရှိသည်။ သို့ရာတွင် အရွက်များကို ထင်ရှားသော ပုံစံနှစ်မျိုးဖြင့်သာ ဆောင်ရွက်လေ့ရှိကြ၏ ။ အချို့ကို ရှည်လျားတွန့်လိပ်သည့်အရွက်များရစေရန် လိမ့်ကြပြီး အချို့ကို အလုံး/အထုံးပုံစံနှင့် အငြှောင့်ပါစေရန် ပြုလုပ်ကြလေသည်။ ပထမပုံစံသည် ရိုးရာဟန်ဖြစ်၏ ။
၁၈၅၇ တွင် ရှိဟုန်ပေါင်ရေးသော "ဖူးကျင့် ထွေရာလေးပါးမှတ်စုစာ"တွင် တရုတ်ဝေါဟာရ အူးလုံ (ဝုလုံ) ကို ပထမဆုံးအသုံးပြုထားကြောင်း တွေ့ရှိရသည်။ အနက်မှာ "အစိမ်းရင့်ရောင် လက်ဖက်" ဟူ၍ ဖြစ်သည်။[၄]
အူးလုံလပ်ဖက်ခြောက်များကို ထုတ်လုပ်ရာတွင် လိုချင်သည့် အရွက်၏ ကြေမွမှု၊ အညိုသမ်းမှုရစေရန် လုပ်ဆောင်ရသည့်အဆင့်များကို ထပ်ကျော့၍ ပြုလုပ်ကြလေ့ရှိသည်။ ညှိုးခြောက်ခြင်း၊ လှိမ့်ခြင်း၊ ပုံဖော်ခြင်း၊ မီးတိုက်ခြင်းတို့သည် အချိုခြောက် (black tea) နှင့်တူညီသော်လည်း ပြုလုပ်ကိုင်တွယ်ချိန်နှင့် အပူချိန်ကို ပို၍ ဂရုပြုကြရသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Zhongguo Chajing pp. 222–234, 271–282, 419–412,[ရှင်းလင်းချက်လိုအပ်သည်။] chief editor: Chen Zhongmao, publisher: Shanghai Wenhua Chubanshe (Shanghai Cultural Publishers) 1991.
- ↑ 施海根,中國名茶圖譜、烏龍茶黑茶及壓製茶花茶特種茶卷 p2,上海文化出版社 2007 ISBN 7-80740-130-3
- ↑ Joseph Needham, Science and Civilization in China, vol. 6, Cambridge University Press, 2000, part V, (f) Tea Processing and Use, pp. 535–550 "Origin and processing of oolong tea".
- ↑ van Driem 2019, p. 129.
- ↑ Donaldson၊ Babette (1 January 2014)။ The Everything Healthy Tea Book: Discover the Healing Benefits of Tea။ F+W Media။ ISBN 9781440574597။ 29 June 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 8 August 2021 တွင် ပြန်စစ်ပြီး။
ဤ အစားအစာနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |