အေကေ-၆၃၀ (အင်္ဂလိပ် : AK-630) ဟာ ရုရှားနိုင်ငံရဲ့ ၃၀မမ ပြောင်းခြောက်လုံးတွဲ ဆုံလည်အမြှောက်အပေါ်မှာ  အခြေခံထားတဲ့ fully automatic naval Close In Weapon System (အနီးကပ်ကာကွယ်ရေးလက်နက်စနစ်) ဖြစ်ပါတယ်။ ပြောင်း(၆)လုံးတွဲရဲ့ ၆ နဲ့ ၃၀မမ ရဲ့ ၃၀ ကိုယူပြီး အေကေ-၆၃၀ လို့နာမည်ပေးထားခြင်းဖြစ်သည်။ အလိုအလျှောက်ဆုံလည်ပေါ်တွင် တပ်ဆင်ထားပြီး ရေဒါနှင့် တီဗွီတို့မှ ပစ်မှတ်ကို ရှာဖွေထောက်လှမ်း လမ်းညွှန်ပေးမှုဖြင့် ပစ်ခတ်နိုင်သည်။ အဓိကအားဖြင့် သင်္ဘောဖျက်ဒုံးပျံများနှင့် precision guided weapon များ၏အန္တရာယ်မှကာကွယ်ရန်ထုတ်လုပ်ထားသော်လည်း၊ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ ကမ်းခြေပစ်မှတ်များနှင့် ရေပေါ်မိုင်းများကိုပါ တိုက်ခိုက်နိုင်ပါတယ်။ အေကေ-၆၃၀ ဟာ Phalanx, Goalkeeper စသည့် CIWS များမပေါ်ခင်အချိန်ကတည်းက စတင်ထုတ်လုပ်ခဲ့သည့် ကမ္ဘာပထမဆုံး CIWS ဖြစ်ပါတယ်။ MR-123-02 Fire Control Radar System, SP-521 Electo-Optical Tracker နှင့် အေကေ-၆၃၀ များအားလုံး ပါဝင်သည့်စနစ်တစ်ခုလုံးကို A-213-Vympel-A လက်နက်စနစ်လို့ခေါ်ပါတယ်။ MP-123 ရေဒါစနစ်တစ်ခုတည်းမှ အေကေ-၆၃၀ အမြှောက် (၂)လက်ကို တစ်ပြိုင်နက်တည်းထိန်းချုပ်အမိန့်ပေးနိုင်ပါတယ်။ အဆိုပါရေဒါစနစ်ဟာ ရေပြင်နှင့် ဝေဟင်ပစ်မှတ် များကို ၄ ကီလိုမီတာ မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်းမှာ ရင်ဆိုင်ပစ်ခတ်နိုင်ပါတယ်။ Electro-Optical စနစ်ဟာ တော်ပီဒိုဘုတ် အရွယ်ရှိ ရေပြင်ပစ်မှတ်ကို ၇၀ ကီလိုမီတာ အကွာအဝေး၌လည်းကောင်း၊ MIG-21 အရွယ်ခန့်ရှိ ဝေဟင်ပစ်မှတ်များကို ၇ ကီလိုမီတာအကွာအဝေး၌လည်းကောင်း သိရှိထောက်လှမ်းနိုင်ပါတယ်။

အေကေ-၆၃၀

Surveillance & Tracking Mode High Jamming Immunity, Laser Range Finder နှင့် TV optical sight စသည့် လက္ခဏာများလည်းပေါင်းစပ်ထည့်သွင်းထားပါတယ်။ အေကေ-၆၃၀ ဟာ အလိုလျောက်ကျည်ဖြည့်စနစ် ဖြစ်သလို၊ အော်ပရိတ်တာမှ Control Console မှသော်လည်းကောင်း၊ သင်္ဘောအပေါ်မှ အဝေးထိန်းပစ်မှတ်ချိန်စနစ် ကနေသော်လည်းကောင်း ထိန်းချုပ်ပစ်ခတ်နိုင်ပါတယ်။ ၎င်းဟာ Phalanx, Goalkeeper အစရှိတဲ့ CIWS တွေထက် ပစ်ခတ်မှုနှုန်း ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ အမြှောက် (၂) လက်ပါတဲ့စနစ်အဖြစ်တပ်ဆင်ကြပြီး၊ ကြီးမားတဲ့သင်္ဘောကြီးများအတွက်တော့ အမြှောက်(၄)လက်ပါတဲ့စနစ်အဖြစ်တပ်ဆင်ကြသည်။ အေကေ-၆၃၀, အေကေ-၆၃၀အမ်, အေကေ-၃၀၆, အေကေ-၆၃၀အမ် ၁-၂ ဆိုပြီးမျိုးကွဲများရှိသည်။

ကိုးကားချက် ပြင်ဆင်ရန်

https://myanmarmilitary.wordpress.com/2013/08/22/ak-630-series-ciws/