အေဂျက် (ရှေးဟောင်းဂရိ: Αἴαςအင်္ဂလိပ်: Ajax) သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်း ဖြစ်သည်။ ဟိုးမားရေးသည့် ဣလိရော့ ကဗျာရှည်တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

ဆလာမစ်ဘုရင် ဆိုင်ချရီယပ်၏ သမီး ပယ်ရီဘိုယာနှင့် အေဂျီနာဘုရင် အေးကပ်၏ သား တဲလမွန်တို့မှ မွေးသည်။ နောင်သော် အေဂျက်က ဆလာမစ်ဘုရင် ဖြစ်လာသည်။ အွိုင်းယပ်၏သား အေဂျက်နှင့် ကွာပြားစေရန် တဲလမွန်သား အေဂျက် (သို့) အေဂျက်ကြီးဟု ခေါ်ကြသည်။

မနုအဿ ချီရွန်က အတိုက်အခိုက် သင်ပေးသည်။ အလန့်အကြောက်ကင်းပြီး ခွန်အားကြီးကာ တိုက်စွမ်းခိုက်ဉာဏ် မြင့်ကြောင်း စာပေတို့၌ ဖော်ပြခံရသည်။

ထရိုဂျန်စစ်ပွဲ ပြင်ဆင်ရန်

အက်ဂါမမ်မွန်ဘက်တွင် အာခိလိအား ဖယ်ပြီးလျှင် အေဂျက်နှင့် အိုဒစ်ဆီယပ်သည် နာမည်အကြီးဆုံး ဖြစ်သည်။ တကြိမ်သော် ဟက်တာနှင့် ရင်ဆိုင်တွေ့၍ စီးချင်းထိုးရာ တနေကုန်သော်လည်း အဖြေမပေါ်။ လူလုံးမကွဲသည့်နောက် သရေသတ်မှတ်ကာ ပြန်ကြသည်။ အေဂျက်က ဟက်တာကို ခရမ်းရောင်ခါးစည်းကြိုး လက်ဆောင်ပေးသည်။ ဟက်တာက ဓားမြမြတလက် ပေးသည်။

ပက်ထရိုကလပ် သေပြီးနောက် ဟက်တာက အလောင်းကို သယ်သွားမည် ပြုသည်။ မီနယ်လော့အကူအညီနှင့် ဟက်တာကိုတားကာ အလောင်းကိုလုပြီး ရထားနှင့် ပြန်သယ်လာသည်။ သို့သော်လည်း အာခိလိ၏ ချပ်ဝတ်တို့ကို ထရိုဂျန်တို့ ချွတ်ယူလိုက်ပြီ ဖြစ်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အာခိလိသေသော် အေဂျက်နှင့် အိုဒစ်ဆီယပ်တို့က ထရိုဂျန်တို့ကို တိုက်ကာ အာခိလိအလောင်းကို ယူပြီး သူ့ရဲဘော် ပက်ထရိုကလပ်နှင့် ယှဉ်၍ မြုပ်ပေးသည်။ ဟက်ဖေးစတပ်၏ အာခိလိအတွက် ချပ်ဝတ်မှာ အေဂျက်တို့နှစ်ယောက်ကို သွေးကွဲစေသည်။ ခေါင်းဆောင်ပိုင်းတို့ စုရုံး ဆုံးဖြတ်ကြရာ အိုဒစ်ဆီယပ်က ရသည်။ မိမိမှာ အိုဒစ်ဆီယပ်လောက် မရဲမစွမ်းဟု ခံစားရသဖြင့် စိတ်ထိခိုက်ကာ ဟက်တာပေးသည့်ဓားဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်။