အေမာမ်များ၏ သားစဉ်မြေးဆက်များ

(၁၂)ပါးအေမာမ်များ၏ သားတော်များ(သို့) သားစဉ်မြေးဆက်မှ အနွယ်များကိုလည်းကောင်း၊ ၎င်းတို့၏ အုတ်ဂူတော်များကိုလည်းကောင်း အေမာမ်ဇာဒါဟ်ဟု (ဖာရစီဘာသာရပ်တွင်) ခေါ်ဆိုလေသည်။ ထိုအေမာမ်ဇာဒါဟ် အများစု၏ (အုတ်ဂူတော်များ) သည် အီရန်နိုင်ငံ၏ မြို့များနှင့် ကျေးရွာများတွင်တည်ရှိကြသည်။ အနည်းစုမှာ အီရတ်နိုင်ငံတွင်လည်း တည်ရှိကြသည်။ အီရန်နိုင်ငံတွင် ၎င်းတို့၏ အုတ်ဂူများကို လူသားခြင်းစာနာထောက်ပံရေးအဖွဲ့က စီမံခန့်ခွဲအုပ်ချုပ်ထားလေသည်။

ရှီအာဟ်သမိုင်းသုတေသီများက အေမာမ်များ၏ မျိုးနွယ်များ ထိုကဲ့သို့ တစ်ခြားနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်းခြင်းနှင့်ပတ်သက်၍ သက်သေသာဓကအထောက်အထား အမျိုးမျိုးကြောင့် ဖြစ်ကြသည်ဟု ဖော်ပြထားကြလေသည်။ ထိုအထောက်အထားများမှာ

  • ဟစ်ဂျရီရာစုနှစ် (၂) တွင် အီရန်နိုင်ငံတွင် အေမာမ်များ၏ မျိုးနွယ်စုများအတွက် ငြိမ်းချမ်းရာနယ်မြေတစ်ခုဖြစ်သောကြောင့်နှင့် ထိုခေတ် အုပ်ချုပ်ရေးမြို့များဖြစ်သည့် ဘတ်ဂ်ဒသ်နှင့် ဆီးရီးယား မြို့များမှ ဝေးကွာသည့်နေရာတွင် တည်ရှိနေသော်ကြောင့်ဖြစ်သည်။
  • အီရန်နိုင်ငံလူထုအကြား အထူးသဖြင့် ရှီအာများအကြား ရိုသေလေးစားချစ်ခင်မှုကို ရသောကြောင့် ရှီအာတို့၏ ခံယူချက်များကို ပြန်လည်ပို့ပေးရန် သင့်တော်သည့် နေရာတစ်ခုဖြစ်ခြင်း။
  • ဇိုင်ဒီအလဝီ မျိုးနွယ်များ တော်လှန်ရေးသမားများကို စုစည်းရာ အကောင်းဆုံးသောနေရာဖြစ်ခြင်း။

အီရန်နိုင်ငံရှိ အေမာမ်ဇာဒါဟ်များ ပြင်ဆင်ရန်

အီရန်နိုင်ငံအစ္စလာမ်တော်လှန်ရေးအောင်မြင်ပြီးနောက် အီရန်နိုင်ငံရှိ အေမာမ်ဇာဒါဟ်များ၏ အုတ်ဂူများအား စာရင်းပြုစုရာ (၁၅၀၀) အုတ်ဂူရှိကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။ (၂၀၁၂) နှစ်ခုနှစ်တွင် တရားဝင်ထုတ်ပြန်သည့် စာရင်းတွင် (၁၀၅၀၀) ကျော်ရှိသည်ဟုပင် ထုတ်ပြန်ခဲ့လေသည်။ ထိုကြောင့် နှစ်(၃၀)အတွင် အေမာမ်ဇာဒါဟ်များ၏ အုတ်ဂူ၏ အရေအတွက်များမှာ ခုနှစ်ဆ တိုးလာကြောင်းကို တွေ့မြင်နိုင်သည်။ ထိုကြောင့် ပျမ်းမျှအားဖြင့် (၁)နှစ်လျှင် အေမာမ်ဇာဒါဟ်များ၏ အုတ်ဂူပေါင်း (၃၀၀) ကို လေ့လာစူးစမ်းတွေ့ရှိခဲ့ကြောင်း ဖြစ်သည်။

လုပ်ကြံထားသည့်အုတ်ဂူများ ပြင်ဆင်ရန်

အီရန်နိုင်ငံရှိ အေမာမ်ဇာဒါဟ်များ၏ အုတ်ဂူများသည် သက်သေအထောက်အထားမရှိသည့် အုတ်ဂူများဖြစ်ကြသည်။ ထိုအုပ်ဂူများ၏ သမိုင်းအထောက်အထားများနှင့် ပတ်သက်၍ အမျိုးမျိုးသော် သံသယဖြစ်နိုင်သည့် ထင်မြင်ချက်များရှိကြသည်။ ထိုသံသယထင်မြင်ချက်များရှိသည့် အုတ်ဂူများမှ အချို့မှာ ရှဲဟ်ရ်ဘာနူးသခင်မ အုတ်ဂူတော်၊ ကာစင်မ်၏အုတ်ဂူတော်နှင့် ကွလ်ကွလ်ကူလီအုတ်ဂူတော်တို့ဖြစ်ကြသည်။

လုပ်ကြံထားသည့် အုတ်ဂူများကို ဖြိုဖျက်ခြင်း ပြင်ဆင်ရန်

ဂီလန်တိုင်းဒေသကြီးရှိ လူသားခြင်းစာနာထောက်ပံရေးအဖွဲ့မှ တာဝန်ရှိသူ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက်အရ အေမာမ်များ၏သားစဉ်မြေးဆက်မှဖြစ်ကြောင်းဟု ယူဆထားရသော လုပ်ကြံထားသည့်အုတ်ဂူပေါင်း (၁၃) ခုကို ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

ပါလီမန် ပြင်ဆင်ရန်

ထောက်ပံ့ရေးဌာနမှ တာဝန်ရှိသူများ အေမာမ်များ၏ သားစဉ်မြေးဆက်မှဖြစ်ကြောင်းဟု သက်သေအထောက်အထားများပြည့်စုံခြင်းမရှိသည့် လုပ်ကြံထားသည့် အုတ်ဂူများကို ဖြိုဖျက်ခြင်းမရှိကြောင်းနှင့် ပတ်သက်၍ လွှတ်တော်ရှိ ကိုယ်စားလှယ်များကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ထားကြလေသည်။


ကိုးကား ပြင်ဆင်ရန်