ခုခံအားကျဆင်းမှု ကူးစက်ရောဂါ

(အေအိုင်ဒီအက်စ် မှ ပြန်ညွှန်းထားသည်)

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အင်္ဂလိပ်: Acquired immune deficiency syndrome; အတိုကောက် အေအိုင်ဒီအက်စ်) သည် အိတ်ချ်အိုင်ဗွီပိုး (HIV virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လူ့ကိုယ်ခံစွမ်းအားကျ ကူးစက်ရောဂါပိုးဟု အဓိပ္ပါယ်ရပါသည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွန်သေးငယ် နုနယ်ပြီး သာမန်မျက်စိဖြင့် မမြင်ရချေ။ အလွန်အားကောင်းသော ခေတ်မီအဏုကြည့် မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်ပါသည်။ AIDS ဆိုသည့် စကားလုံးသည် A=Acquired (မွေးရာပါမဟုတ်၊ ကူးစက်ခြင်းဖြင့် ရရှိလာသော)၊ I=Immune (ခုခံအား/ကိုယ်ခံအား)၊ D=Deficiency (လျော့နည်းကျဆင်းမှု)၊ S=Syndrome (ရောဂါလက္ခဏာစု) ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် AIDS ကို မြန်မာလို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဟု ခေါ်ဆိုပါသည်။ အေအိုင်ဒီအက်စ်ရောဂါဟု ပြောနေရေးနေကြသော်ငြား နိုင်ငံတကာတွင်တော့ စာလုံးလေးလုံးကို ပေါင်းစပ်ပြီး အေ့ဒ်စ်ရောဂါဟု အသံထွက် ခေါ်ဝေါ်ကြပါသည်။

HIV/AIDS
SynonymsHIV disease, HIV infection[၁][၂]
A red ribbon in the shape of a bow
အနီရောင်ဖဲကြိုးသည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသော လူနာများနှင့် အေအိုင်ဒီအက်စ် ဖြစ်နေသူတို့နှင့် စည်းလုံးခြင်း အထိမ်းအမှတ် သင်္ကေတ ဖြစ်သည်။[၃]
SpecialtyLua error in မော်ဂျူး:String2 at line 32: attempt to perform arithmetic on local 'c' (a nil value).
လက္ခဏာများEarly: Flu-like illness[၄]
Later: Large lymph nodes, fever, weight loss[၄]
ရှုပ်ထွေးမှုများOpportunistic infections, tumors[၄]
ကာလLifelong[၄]
အကြောင်းရင်းHuman immunodeficiency virus (HIV)[၄]
အန္တရာယ်ညွန်းကိန်းExposure to blood, breast milk, sex[၄]
စမ်းသပ်နည်းBlood tests[၄]
ကာကွယ်ခြင်းSafe sex, needle exchange, male circumcision, pre-exposure prophylaxis, post-exposure prophylaxis[၄]
ကုသခြင်းAntiretroviral therapy[၄]
ရောဂါလက္ခဏာNear normal life expectancy with treatment[၅][၆]
11 years life expectancy without treatment[၇]
ကြိမ်ရေ1.7 million new cases (2018)[၈]
37.9 million living with HIV (2018)[၈]
သေဆုံး770,000 (2018)[၈]

HIV ရောဂါပိုးအစပြင်ဆင်

အိတ်ချ်အိုင်ဗွီရောဂါပိုးသည် အာဖရိကတိုက် တောတောင်တွေထဲက လူဝံ၊ မျောက် အစရှိသည့် သတ္တဝါများဆီမှာ ရှိခဲ့သည်ဟု ယူဆကြပါသည်။ ထိုသတ္တဝါတွေဆီက ရောဂါပိုးသည် အသွင်ကူးပြောင်းပြီး လူတွေဆီကို ရောက်ရှိလာပုံရကြာင်း အချို့သိပ္ပံပညာရှင်များက ရေးသားဖော်ပြကြပါသည်။ လူသူနည်းတဲ့ တောတောင်တွေထဲမှာ အိတ်ချ်အိုင်ဗွီပိုးဟာ လူတစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက်ဖို့ အခွင့်အရေး မရခဲ့ပေ။ တဖြည်းဖြည်းနှင့် နည်းပညာတွေ တိုးတက်လာပြီး ဆက်သွယ်သွားလာမှု အင်မတန်လျင်မြန် လွယ်ကူလာတဲ့အခါမှာတော့ လူတွေဟာ တစ်နေရာကနေ တစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံကို နေ့ချင်းညချင်း အရောက် ကူးလူးသွားနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် လူများ၏ နေပုံထိုင်ပုံလည်း ပြောင်းလဲလာသည်။ လိင်မှုဆိုင်ရာ အမူအကျင့်များလည်း ပြောင်းလဲလာသည်။ ဘိန်းဖြူပေါ်လာသည့်အခါ ဘိန်းဖြူကို သွေးကြောထဲ ထိုးသွင်း သုံးစွဲကြသည်။ ထိုသို့ ဘိန်းဖြူထိုးသည့်အခါ ဆေးထိုးအပ်များကို အတူတူ မျှသုံးကြသည့်အတွက် ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေမှာ ကပ်ကျန်သည့် သွေးကနေတစ်ဆင့် အိတ်ချ်အိုင်ဗွီပိုး အလွယ်တကူ ကူးစက်ပျံ့နှံ့တော့သည်။ ဆေးစွဲသူများမှတဆင့် ၎င်းတို့၏ ဇနီးမယားများ၊ လိင်ဆက်ဆံဘက်များ၊ ပြည့်တန်ဆာများဆီကို ကူးစက်ကြပါသည်။ ဆေးစွဲသူတွေထဲမှာ ပြည့်တန်ဆာအလုပ်လုပ်နေကြသူတွေ ရှိနေပြန်တော့ သူတို့ကနေတစ်ဆင့် လူအများကြီးကို ရောဂါကူးနိုင်ပြန်သည်။ အေ့ဒ်စ်ရောဂါ၏ ကူးစက်နည်းသည် တစ်နည်းမကဘဲ တစ်နည်းနှင့်တစ်နည်း ဆက်နွယ်ပြီးလည်း ကူးစက်နိုင်သည့်အတွက် ကူးစက်မှု ပိုမိုတွင်ကျယ်လာပါသည်။ ထိုသို့ဖြင့် တစ်နေရာမှာရှိသည့် ရောဂါပိုးသည် နေရာအနှံ့အပြားကို ရောက်ရှိသွားပြီး ယခုအခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးကို အိတ်ချ်အိုင်ဗွီပိုး ကူးစက်ပျံ့နှံ့လျက် ရှိပါသည်။

အေအိုင်ဒီအက်စ်ရောဂါကို စတင်တွေ့ရှိပုံပြင်ဆင်

အေအိုင်ဒီအက်စရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သည်။ အေအိုင်ဒီအက်စ်ရောဂါသည် ထိုမတိုင်မီကတည်းကပင် ကမ္ဘာပေါ်ရှိနေရာဒေသ အနှံ့အပြားတွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကပ်ရောဂါအသွင်ဖြင့် အာဖရိက၊ အမေရိက နိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့သည်။

ရောဂါပေါ်ကာစအချိန်က အနောက်နိုင်ငံသား ယောက်ျားချင်း လိင်တူဆက်ဆံသူတွေမှာ အများဆုံး တွေ့ခဲ့ရပြီး နောက်ပိုင်းတွင်တော့ ဖိုမဆက်ဆံရာမှ၊ မူးယစ်ဆေးသုံးစွဲရမှ ကူးစက်ကုန်ကြသည်။ အာရှနိုင်ငံများတွင် မူးယစ်ဆေးအကြောထဲထိုးသုံးတဲ့ လူတွေဆီမှာ ရောဂါပိုး စတွေ့ခဲ့ပါသည်။ ရောဂါပိုးသည် စတွေ့ခဲ့တဲ့လူတွေဆီမှာသာ ရှိနေခြင်းမဟုတ်ဘဲ ထိုမှတစ်ဆင့် ပြည့်တန်ဆာအမျိုးသမီးများဆီသို့၊ ပြည့်တန်ဆာအမျိုးသမီးများမှ လိင်အပျော်အပါးလိုက်စားတဲ့ အမျိုးသားများဆီသို့၊ လိင်အပျော်အပါး လိုက်စားသည့် အမျိုးသားများမှတဆင့် ယင်းတို့၏ ဇနီးများဆီသို့ အဆင့်ဆင့် ကူးစက်ခဲ့သည်။ အမျိုးသမီးများကို ရောဂါပိုးကူးသွားသည့်အခါ ၎င်းတို့ ကိုယ်ဝန်ဆောင်သည့်အချိန်တွင် သန္ဓေသားကိုပါ တဆင့် ကူးစက်ပြန်လေသည်။

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုးပြင်ဆင်

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုးရှိသည်။ ကမ္ဘာပေါ်တွင် အဓိက ကူးစက်ပျံ့နှံ့နေတာက အိတ်ချ်အိုင်ဗွီ-၁ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီ-၂ ကို ၁၉၈၆ ခုနှစ်မှာ စတင်စမ်းသပ် တွေ့ရှိခဲ့သည်။ ၎င်းပိုးနှစ်မျိုးသည် ပုံစံဆင်တူသော်လည်း အသေးစိတ်မှာ ကွဲပြားခြားနားကြသည်။ အိတ်ချ်အိုင်ဗွီ-၂ သည် အိတ်ချ်အိုင်ဗွီ-၁ လောက် ကူးစက်မှုနှုန်း မမြန်ပေ။ ရောဂါလက္ခဏာများမှာလည်း အိတ်ချ်အိုင်ဗွီ-၁ လောက် မပြင်းထန်ပေ။ အိတ်ချ်အိုင်ဗွီ-၂ ကို အနောက်အာဖရိက တိုင်းပြည်အချို့မှာသာ တွေ့ရှိရပါသည်။

အေ့ဒ်စ်ရောဂါကြောင့် ကိုယ်ခံအားကျဆင်းခြင်းပြင်ဆင်

လူတို့၏ ပတ်ဝန်းကျင်တွင် ဒုက္ခပေးနိုင်သည့် ရောဂါပိုးအမျိုးမျိုး ရှိလေသည်။ နေ့စဉ်သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းဖြင့် ထိုရောဂါပိုးများ ခန္ဓာကိုယ်ထဲ ရောက်လာတတ်သည်။ သို့သော် ကိုယ်ခံအားကောင်းနေလျှင် ဘာရောဂါမှ ဖြစ်မလာနိုင်ပေ။ ဖျားခြင်း၊ နာခြင်း၊ အအေးမိ ချောင်းဆိုးခြင်းများသည် ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးထဲမှာ ရှိသည့် သွေးဖြူဥများက အပြင်မှ ဝင်လာသည့် ရောဂါပိုးများကို ဖျက်ဆီးတိုက်ဖျက်ပေးနေ၍ ဖြစ်သည်။ သွေးဖြူဥများနှင့် ဖွဲ့စည်းထားသည့် ခုခံမှု စွမ်းအားစနစ်ကြောင့် ကိုယ်ခံအား ရှိနေပြီး လူတွေမှာ တော်ရုံတန်ရုံ ရောဂါမဖြစ်နိုင်ချေ။ အိတ်ချ်အိုင်ဗွီပိုးသည် သွေးဖြူဥထဲကိုဝင်၍ မျိုးတူ အိတ်ချ်အိုင်ဗွီပိုးတွေ များများထုတ်လုပ်ပြီး သွေးဖြူဥများကို ပျက်စီးစေသည်။ သွေးဖြူဥ ပျက်စီးတာများလာသည့်အခါတွင် ဝင်လာသော တခြားရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်း မရှိတော့ချေ။ ခုခံမှုစွမ်းအားစနစ် ပျက်စီးသွားပြီး ကိုယ်ခံအားများလည်း လျော့ကျသွားတော့သည်။ ကိုယ်ခံအား လျော့ကျသွားသူများသည် အဆုတ်တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အပြင်းစားရေယုန်၊ ဦးနှောက်ယောင်ရောဂါ အစရှိသည့် စိုးရိမ်စရာကောင်းသည့် ရောဂါများ အလွယ်တကူ ဖြစ်လာပါသည်။

အိတ်ချ်အိုင်ဗွီပိုး၏ တည်ရှိရာပြင်ဆင်

သွေးဖြူဥများသည် ကိုယ်တွင်းရှိ အရည်အားလုံးတွင် ရှိသည်။ ထို့ကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးဆီကို အိတ်ချ်အိုင်ဗွီပိုး အနည်းနှင့်အများ ရောက်သွားနိုင်သည်။ သို့သော် မျက်ရည်၊ ချွေး၊ ဆီးတို့ကိုတော့ ရောက်ရှိနိုင်မှု အင်မတန်နည်းသည့်အတွက် ယင်းတို့မှတစ်ဆင့် ကူးစက်မှုမရှိနိုင်ပါ။ သုတေသနပြုချက်များအရ အိတ်ချ်အိုင်ဗွီပိုးသည် သွေး၊ သုတ်ရည်နှင့် မိန်းမလိင်အင်္ဂါမှ ထွက်သည့် အရည်များတွင် အဓိက အများဆုံး ရှိပါသည်။

အိတ်ချ်အိုင်ဗွီပိုး၏ လူခန္ဓာကိုယ်ပြင်ပတွင် ရှင်သန်နိုင်မှုပြင်ဆင်

အိတ်ချ်အိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်၏ ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ချေ။ ပြင်ပမှ နေရောင်၊ လေထုတို့နှင့် တွေ့ထိလျှင် သေသွားသည်။ ခန္ဓာကိုယ်အပြင်ဘက် ရောက်လာသည့် သွေးများ၊ အရည်များ ခြောက်ခမ်းသွားချိန်တွင် ပိုးလည်း သေသွားပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ပါဝင်သည့် သွေး(သို့)အရည် ကျသွားသည့် နေရာ၏ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနှင့် အရည်ပမာဏ အနည်းအများ (ဥပမာ-သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါသည်။ ထို့ကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့ သွေး(သို့)အရည်ပဲဖြစ်စေ အလွယ်တကူ မကိုင်တွယ်သင့်ချေ။ ကိုင်တွယ်သည့်အခါ ကာကွယ်မှု ယူရပါမည်။ အိတ်ချ်အိုင်ဗွီပိုးသည် အလွယ်တကူ မကူးစက်နိုင်၊ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ပိုးမသတ်ထားသည့် ဆေးထိုးအပ်များဖြင့် ဆေးထိုးခြင်းများဆီကသာ အဓိက ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများပြင်ဆင်

လူတစ်ယောက်၏ ရုပ်ရည်ကိုကြည့်ပြီး ထိုလူမှာ အိတ်ချ်အိုင်ဗွီပိုးရှိမရှိ သေချာမပြောနိုင်ချေ။ ရောဂါပိုးရှိသူ အများအပြားသည် အပေါ်ယံကြည့်လျှင် ပုံမှန် ကျန်းမာနေသည်ဟု ထင်ရသည်။ သို့သော် လူ၏ ခန္ဓာကိုယ်ထဲတွင် အိတ်ချ်အိုင်ဗွီပိုးသည် လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပေသည်။ နှစ်ပေါင်းအတော်ကြာပြီး သွေးဖြူဥတွေ အတော်များများ ပျက်စီးပြီးသည့်အခါမှ စ၍ ဖျားတတ်သည်။ ထိုအချိန်ကျမှ ရောဂါလက္ခဏာများ ပေါ်လာပါမည်။

ရောဂါပိုးကူးစက်ခြင်းပြင်ဆင်

ရောဂါပိုးပါဝင်သည့် သွေး၊ သုတ်ရည်၊ မိန်းမအင်္ဂါမှထွက်သည့် အရည်များ မိမိ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျှင် ရောဂါကူးစက်နိုင်ပါသည်။ ထို့ကြောင့်

  • ရောဂါပိုးရှိသူနှင့် ဖိုမဆက်ဆံခြင်းမှ ရောဂါကူးစက်နိုင်ပါသည်။ ယောကျ်ားချင်း လိင်တူဆက်ဆံလျှင်လည်း ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံသည့် အဖော်များလေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲ ဖြစ်သည်။
  • ရောဂါပိုးပါသည့် သွေးသွင်းမိပါက ရောဂါကူးစက်နိုင်ပါသည်။
  • ရောဂါပိုးရှိသည့် လူနာကို ထိုးပြီးသည့် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကို သေသေချာချာ ရေနွေးဆူဆူဖြင့် မပြုတ်ဘဲ နောက်တစ်ယောက်ကို ထိုးလျှင်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။ မူးယစ်ဆေး သွေးကြောထဲထိုးသွင်းသူများ ရောဂါကူးစက်သည်မှာ ဤနည်းဖြင့် ဖြစ်သည်။
  • ရောဂါပိုးရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်မှ သူ၏ သန္ဓေသားကို ကူးစက်နိုင်သည့်အတွက် မွေးကင်းစကလေးတွင် ရောဂါပိုးပါဝင်လာတတ်ပါသည်။

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးပြင်ဆင်

နှစ်စဉ် ဒီဇင်ဘာ တစ်ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ၁၉၉၃ နှစ်လည် အခြေအနေခန့်မှန်းချက်အရ ကမ္ဘာပေါ်၌ အိပ်ချ်အိုင်ဗွီပိုးစွဲကပ်နေသူ ၁၃ သန်း ရှိ၍ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်ပေါင်း ၂ ဒသမ ၅ သန်းရှိသည်။ မြန်မာနိုင်ငံ ပြည့်တန်ဆာများတွင် သွေးထဲ ံ၍ဥ0x038 ရောဂါပိုးရှိသူ ၉ဇ0x040 ရှိနေပြီ။ လွန်ခဲ့သော ၂ နှစ်က ဝ ဒသမ ၅ဇ0x040 သာ ရှိသည်။

ဤရောဂါကို ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စတင်တွေ့သည်။ ၁၉၉၃ ခုနှစ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ဖြစ်ပွားနေပြီဟု သတင်းပို့ထားသူ (၇၁၈,၈၉၄) ဦး ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို)က ကြေညာသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကြောင့် သက္ကရာဇ် ၂ဝဝဝ အတွင်းတွင် နောက်ထပ် လူခြောက်သန်း သေဆုံးလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး မိုက်ကယ်မာဆန်က ပြောကြားသည်။

အေအိုင်ဒီအက်စ်ရောဂါ အာရှတိုက်တွင် ကူးစက်မှုအနေအထားပြင်ဆင်

ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် အာရှတိုက်တွင် မကြုံဖူးအောင် ကူးစက်ပျံ့နှံ့လျက်ရှိရာ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်၌ တစ်ကမ္ဘာလုံး ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင် ၁ဝ သန်းရှိမည်ဟု ခန့်မှန်းထားသည့်အနက် အများစုမှာ အာရှတိုက်တွင်ရှိမည့် အလားအလာရှိကြောင်းဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ဖြစ်ပွားနိုင်သည့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဦးရေမှာ ၁၉၈၇ ခုနှစ်၌ ၁,ဝဝဝ စီရှိခဲ့ရာမှ ယခုအခါတွင် ရောဂါဖြစ်ပွားသူ ဝေဒနာရှင်ထောင်ပေါင်းများစွာ ရှိနေပြီကို တွေ့ရသည်ဟုလည်း ဖော်ပြလိုက်သည်။ထိုင်းနိုင်ငံတွင် အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်သိန်းမှ လေးသိန်းကြားရှိမည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံတွင် လေးသိန်းမှ တစ်သန်းအတွင်းရှိမည်ဟု ခန့်မှန်းသည်။ ယခုရာစုနှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း၌ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ သန်း ၄ဝ အထိ ရှိမည်ခန့်မှန်းထားရာ ထက်ဝက်ကျော်မှာ အာရှတိုက်တွင် တွေ့ရှိမည်ဟုလည်း ခန့်မှန်းတွက်ဆထားသည်။

အာရှတိုက်တွင် အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့ရသည့် အကြောင်းရင်းများတွင် ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါးများ အကြောတွင်းထိုးသွင်းမှုတို့ အဓိကပါဝင်သည် စသည်ဖြင့် ရိုက်တာသတင်း၊ ဩဂုတ် ၄၊ ၁၉၉၂ က ဖော်ပြလိုက်သည်။

လိင်တူဆက်ဆံသူများ၊ သွေးသွင်းဆေးကုသမှု ခံယူသူများတွင်သာ ဤရောဂါ အဓိကဖြစ်ပွားခဲ့သည်။ ယခုတော့ ပြည့်တန်ဆာများက တစ်ဆင့် ဖိုမစိတ်ဆန္ဒလွန်ကဲသော ယောကျာ်းများ၊ ပြည့်တန်ဆာများ၊ ကလေးများသို့ ကူးစက်နေပြီ။

ရောဂါပိုးကို ရှာလို့မတွေ့နိုင်သောကာလပြင်ဆင်

အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသော အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကို ရောဂါကူးစက်ခံရပြီဆိုသည်နှင့် ချက်ချင်းသွေးထဲမှာ ရောဂါပိုးရှိကြောင်း ပြမည်မဟုတ်ပါ။ အိပ်ချ်အိုင်ဗွီ ရောဂါပိုးသည် ကူးစက်ခံရသူ၏ ခန္ဓာကိုယ်၌ ပွားများနေပြီး၊ ကာလအတော်ကလေးကြာတော့မှ ရောဂါပိုး သွေးထဲရှိကြောင်း ပြမည်ဖြစ်ပါသည်။ ဤသို့ ရောဂါပိုးကူးစက်ခံပြီး ရောဂါလက္ခဏာ မပြသေးသော ကာလကို ဆေးပညာရှင်များက တ0x048၍0x1150x050ီဥတ0x048 စ0x038နမ0x057၍ဦ ဟု ခေါ်0x100ကသည်။ ဤကာလသည် အနည်းဆုံး နှစ်လမှ တစ်နှစ်နီးပါး အချိန်ကြာတတ်သဖြင့် ယခု‌‌‌ပိုးရှိသော အမျိုးသမီး/သားနှင့် ဆက်ဆံမိပြီး တစ်ပတ်လောက်အတွင်း သွေးထဲ၌ အိပ်ချ်အိုင်ဗွီရောဂါပိုး ရှိ မရှိ စစ်ဆေးကာ သွေးထဲရောဂါပိုးမရှိဟု အဖြေရရုံနှင့် စိတ်မချရပါ။

နောက်ထပ်ပိုပြီး ထူးခြားသော တွေ့ရှိချက်တစ်ခုက အိပ်ချ်အိုင်ဗွီနှင့် အလားတူသော အခြားဗိုင်းရပ်စ်ရောဂါပိုး အချို့ကလည်း အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေတတ်ပါသေးသည်။ ဤပိုးအမျိုးအစားတို့ကို ယခုအသုံးပြုနေသော သမားရိုးကျသွေးစစ်ဆေးသည့်နည်းဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိပါ။

အကြမ်းအားဖြင့် ရောဂါကူးစက်ခံရသော ရောဂါသည် ၉ဝဇ0x040 လောက်ကိုသာ ယခုအသုံးပြုနေသော သွေးစစ်သည့်နည်းဖြင့် ရောဂါပိုးရှိ မရှိကို အဖြေပေးနိုင်ပါသည်။

အိပ်ချ်အိုင်ဗွီပိုးရှိ မိခင်နို့ရည် ရင်သွေးငယ်ကို ကူးစက်နိုင်ခြင်းပြင်ဆင်

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်) ကိုဖြစ်ပွားစေသည့် အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ အမျိုးသမီးများသည် ၎င်းတို့၏ ရင်သွေးငယ်များကို နို့ချိုတိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်၌ အိပ်ချ်အိုင်ဗွီံရောဂါပိုးကူးစက်ပျံ့ပွားနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြ ထားသည်။

သို့ရာတွင် မိခင်များသည် အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်နေလျှင်သော်မှ ၎င်းတို့၏ ရင်သွေးငယ်များကို နို့ချိုတိုက်ကျွေးခြင်း ရပ်မပစ်သင့်ကြောင်းဖြင့်လည်း အခြားအစီရင်ခံစာတစ်ရပ်၌ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကူးစက်နေသည့် မိခင်၏ နို့ရည်တိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်၌ အိပ်ချ်အိုင်ဗွီပိုးကူးစက်နိုင်ကြောင်းကို လောလောလတ်လတ် ကလေးမွေးဖွားခဲ့ကြသည့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်နေသော မိခင် ၂၁၅ ဦး၏ နို့ရည်များကို စူးစမ်းလေ့လာခဲ့ရာမှ သိရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အေအိုင်ဒီအက်စ်ရောဂါနောက်ဆုံးတွေ့ရှိချက်များပြင်ဆင်

၁၉၉၂ ပထမသုံးလပတ်၌ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်သူ လေးဦးရှိခဲ့သည်။ ၁၉၉၃ ၌ အေအိုင်ဒီအက်စ်ရောဂါဖြစ်သူ၁၆ ဦးရှိသည်။ ၁၉၉၃ ဒုတိယသုံးလပတ်၌ လူနာ ၂၂ ဦးရှိလာသည်။

လုပ်အားပြည့်ဝသည့် အသက် ၂ဝ - ၃၉ အရွယ်၌ ဖြစ်နေ၍၊ နိုင်ငံ၏စီးပွားရေး ထိခိုက်လာနိင်သည်။ ပြည့်တန်ဆာများအကြား သွေးထဲအိပ်ချ်အိုင်ဗွီပိုးတွေ့ရသူ ၉ဇ0x040 အထိ မြင့်မားလာပြီ။

မြန်မာနိုင်ငံ အထူးကုဆရာဝန်ကြီးများ၏ (၆) ကြိမ်မြောက် ညီလာခံကို ရန်ကုန်မြို့ဆရာဝန်အသင်းတိုက်၌ ၁၉၉၃ တွင်ကျင်းပခဲ့ရာ အမြို့မြို့အနယ်နယ်မှ ဆရာဝန်ကြီးပေါင်း ၂ဝဝ ကျော်တက်ရောက်ခဲ့ကြသည်။

အဆိုပါ သုတေသနညီလာခံ၌ စာတမ်းများကို တင်သွင်းဆွေးနွေးခဲ့ကြရာ အများပြည်သူလူထုနှင့် သက်ဆိုင်သည်ဟုစာရေးသူ ထင်မြင်သော အေအိုင်ဒီအက်စ်ရောဂါအခြေအနေကိုဖော်ပြပါရှိသည့် စာတမ်းကောက်နုတ်ချက်အချို့ကို အောက်တွင်ဖော်ပြပါသည်။

ကျိုင်းတုံမြို့ပြင်ဆင်

ကျိုင်းတုံမြို့ အေအိုင်ဒီအက်စ်အခြေအနေသွေးလှူရှင်အားလုံးနှင့်ရောဂါရှိလိမ့်မည်ဟု ထင်ရသော ဝေဒနာရှင်များကို စစ်ဆေးခဲ့သည်။ ကျန်းမာသန်စွမ်းသော သွေးလှူရှင်ပေါင်း ၄၉၄ ဦးအနက် ၁၄ ဦး၏ သွေးထဲတွင် တစ်နေ့ကျလျှင် အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေမည်ဖြစ်သော အိပ်ချ်အိုင်ဗွီပိုးကို စစ်ဆေးတွေ့ရသည်။ ရောဂါပိုးပြန့်ပွားမှုနှုန်း ၃ ဒသမ ဝ၂ ဇ0x040 ရှိသည်။ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ကောင်းဖြစ်နေလိမ့်မည်ဟုထင်ရသော ဆေးရုံပေါ်မှဝေဒနာရှင် ၈၉ ဦးကို ဆေးစစ်ခဲ့ရာ ၃၇ ဦး(၄၁ ဒသမ ၅၇ဇ0x040) တွင် သွေးထဲ၌ရောဂါပိုးရှိနေသည်ကိုတွေ့ရသည်။

ထားဝယ်မြို့ပြင်ဆင်

ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားနေသော ပထမဆုံးလူနာကိုတွေ့ရသည်။ သည်နောက်တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်နေလိမ့်မည်ဟုထင်ရသော ရောဂါသည်များကိုဆက်တိုက် တွေ့ရှိလာသည်။ သို့သော် သွေးကိုစစ်ဆေးရန် အခွင့်အလမ်းမရကြသဖြင့် ဆရာဝန်များက ရောဂါအမည်ကို မဖော်နိုင်ခဲ့ကြချေ။

၁၉၉၃ ဩဂုတ်လကစပြီး သွေးထဲ၌ ရောဂါပိုးရှိမရှိ စစ်ဆေးရန် ကိရိယာပစ္စည်းများ ထားဝယ်ဆေးရုံသို့ ရောက်လာသည်။ ၁၉၉၃ ဩဂုတ်နှင့် စက်တင်ဘာလ နှစ်လအတွင်း ဆေးရုံပေါ်မှ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေလိမ့်မည်ဟု ထင်ရသော ဝေဒနာရှင် ၁၄ ဦးကို သွေးစစ်ဆေးခဲ့ရာ ၉ ဦးတွင် ရောဂါပိုးရိနေသည်ကိုတွေ့ရသည်။ ယင်းဝေဒနာရှင်များအနက် ၇ ဦးမှာ ယောကျ်ားများဖြစ်ကြ၍ ၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကြသည်။


တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူများ၏ နှုန်းထားပြင်ဆင်

မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၁၉၇၄ ခုနှစ်က စတင်သည်။ ရန်ကုန်မြို့ ဆေးစွဲသူများ ကုသရေးဌာနက ၁၉၈၇ ခုနှစ်ကစပြီး ဆေးစွဲနေလိမ့်မည် ထင်ရသော သူများစာရင်းကို ကောက်ယူထားရှိသည်။ အထက်ပါ မိမိဘာသာဆေးစွဲနေပါသည်ဟု မှတ်ပုံတင်ထားသူ လူအရေအတွက်ကို ဥပဒေအရ မူးယစ်ဆေး သုံးစွဲနေသည်ဟု မသက်မှတ်ပါဆိုပြီး အမ်ဘီစံရသူများ၏ အရေအတွက် နှင့် နှိုင်းယှဉ်ကြည့်လျှင် မူးယစ်ဆေးကို တကယ်သုံးစွဲနေသူတွေက မှတ်ပုံတင်ထားသော စာရင်းထက် သုံးလေးဆ ပိုလိမ့်မည်ဟု ယူဆရသည်။


အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့် တီဘီရောဂါပြင်ဆင်

ရန်ကုန်အလုပ်သမားဆေးရုံကြီးမှ တင်သွင်းသော သုတေသနစာတမ်းဖြစ်သည်။ အဆိုပါ ဆေးရုံတွင် တီဘီရောဂါနှင့်အတူ သွေးထဲ၌ အိပ်ချ်အိုင်ဗွီရောဂါပိုးရှိသူ ၁ဝ ဦးကို ကုသပေးခဲ့ရသည်။ သူတို့အားလုံးမှာ အသက် ၂၃ နှစ်မှ ၃၉ နှစ်အတွင်းရှိ မြန်မာ လူမျိုးဗုဒ္ဓဘာသာဝင် အမျိုးသားများဖြစ်ကြသည်။ မြန်မာ့မီးရထားဌာနမှ အများဆုံး ၄ ဦး ပါဝင်သည်။ သူတို့အားလုံး ဆေးလိပ်သောက်ခဲ့ကြသည်။ အရက်သောက်သူ အရေအတွက် ၈ဝဇ0x040 ဖိုမစိတ်လွန်ကဲသူ (ဇနီး၊ မယားတစ်ဦးနှင့် မကျေနပ်သူ) ၇ ဦးပါဝင်သည်။ ဆေးစွဲသူက ၅ ဦး။ယင်းဝေဒနာရှင်များအနက် လေးဦးအသက်သေဆုံးသွားပြီး သွေးထဲရောဂါပိုးတွေ့သည့်ရက်နှင့် အသက်သေဆုံးသည့် ရက်တို့မှာ ၆ ရက်၊ ၁ လ၊ ၂ လနှင့် ၅ လ တို့ဖြစ်သည်။


မိမိ၏ သွေးဖြင့် မိမိခန္ဓာကိုယ် ခွဲစိတ်ကုသရာတွင်အသုံးပြုခြင်းပြင်ဆင်

မိမိ၏ ခန္ဓာကိုယ်မှ သွေးကို ကြိုတင်ထုတ်ထားပြီး မိမိခွဲစိတ်ကုသသည့်နေ့တွင် မိမိအတွက် ပြန်လည်သုံးစွဲသည့် နည်းဖြစ်သည် အသစ်အဆန်းတောမဟုတ်ပါ။ သို့သော် ယခုလိုသွေးသွင်းရာမှ အန္တရာယ်အမျိုမျိုးရတတ်သော ခေတ်တွင် ပြန်လည်အသုံးဝင်လာသော နည်းဖြစ်သည်။ ဤနည်းဖြင့် ဝေဒနာရှင် ၁၉ ဦးကို ရန်ကုန် အမှတ် (၂) တပ်မတော်ဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးတို့မှ ပညာရှင်များတွဲဖက် သုံးစွဲကြည့်ရာလူနာ ၁၅ ဦး(၇၈ ဒသမ ၉ဇ0x040) တွင် အောင်မြင်စွာ သွေးသွင်း ကုသနိုင်ခဲ့ပါသည်။ လူနာ ၄ ဦးတွင် မအောင်မြင်ပါ။ မအောင်မြင်ရသည့် အကြောင်းတို့မှာ - - သွေးထုတ်ရာမှ မူးသွားခြင်း - ပင်ကိုသွေး အားနည်းခြင်း - ရေခဲသေတ္တာ အခက်အခဲ - ရောဂါရှာဖွေရာမှ အခက်အခဲတို့ ဖြစ်ကြပါသည်။

ယခုကုထုံးက သမားရိုးကျ သွေးသွင်းကုသသည့်နည်းနှင့် ကွာခြားသောအချက်မှာ လူမမာထံမှ ကြိုတင်ထုတ်ယူထားသော သွေးကို ရေခဲခန်းထဲ၌ အခဲအဖြစ် သိမ်းဆည်းထားခြင်းဖြစ်သည်။ ဤနည်းဖြင့် သွေးကို သာမန်သွေးလှူဘဏ်များ၌ သိမ်းဆည်းထားခြင်းထက် ကာလတစ်ဆ ပိုပြီးကြာအောင် သိမ်းဆည်းထားနိုင်သည်ဟု သိရပါသည်။

ကုသရန်ဆေးသစ်များပြင်ဆင်

ဗဇဤ ဆေးက အေအိုင်ဒီအက်စ် ရောဂါသည်များကို အနည်းဆုံး အသက်တစ်နှစ် ပိုရှည်အောင် ကူညီနိုင်စွမ်းရှိသည်။ဗဇဤ ကို အေအိုင်ဒီအက်စ်လက္ခဏာမပေါ်မီ ကြိုတင်သုံးစွဲလို့ အကျိုးမရှိပါ။ ဤဆေးကို အပြိုင်ထုတ်လုပ်နေကြသဖြင့် ဗဇဤ ဆေး မကြာခင်ဈေးနှုန်းချိုသာတော့မည်။ ဗဇဤ ကို ဆရာဝန် တိုင်းအသုံးပြုခွင့်မရှိ၊ အထူးသင်တန်းတက်ပြီးသူများသာ သုံးစွဲခွင့်ရှိပါသည်။ တိုးတက်ဆဲနိုင်ငံတွေမှာ လူသားများအတွက် ဒေါ်လာ ၂ဝဝဝ မှ ဒေါ်လာ ၄ဝဝဝ တန် ဗဇဤ သုံးရန် လက်မလှမ်းနိုင်သေး။ ရောဂါမဖြစ်ရအောင် နေထိုင်ကြခြင်းသည်သာ အဓိက ဖြစ်ပါသည်။ ဗဇဤ နှင့် ဆေးသဘောချင်းတူပြီး ဈေးနှုန်းချိုသာစွာ ထုတ်လုပ်နိုင်မည့် ဆေးနှစ်လက်ကိုတော့ သုတေသနပြုနေကြဆဲ။

ပထမဆေးက ီီူ (ီငိညေသျငညန)၊ ဘရစ်စတိုစကွစ်ကုမ္ပဏီမှ ထုတ်လုပ်၍ နိုင်ငံပေါင်း ၂ဝ တွင် အသုံးပြုခွင့်ရထားပြီး ဖြစ်သည်။ ဒုတိယ ဆေးက ီီဂ0x035 ( ဇေူခငအဘေငညန) အမည်ရှိဆေး ဖြစ်၏။ ဟော့လင်းလာရို့ချ် ကုမ္ပဏီက ထုတ်လုပ်ပြီး၊ နိုင်ငံ ၁၃ နိုင်ငံတွင် သုံးစွဲနေကြပြီဖြစ်သည်။အထက်ဖော်ပြပါ ဗ0x1150x050ဤယီီဂ0x035 နှင့် ီီူ ဆေးသုံးမျိုးကို စုပေါင်းသုံးစွဲခြင်းဖြင့်ရမည့် စွမ်းပကားကိုလည်း သုတေသနပြုနေကြဆဲ။[၉]

ကိုးကားပြင်ဆင်

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named AIDS2010GOV
  2. HIV Classification: CDC and WHO Staging Systems | AIDS Education and Training Centers National Coordinating Resource Center (AETC NCRC) (in en)။ AIDS Education and Training Center Program။
  3. Wear your red ribbon this World AIDS Day | UNAIDS။ UNAIDS Secretariat။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ ၄.၇ ၄.၈ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named WHO2015Fact
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named CDC21015Bas
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named UN2012Vac
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named UNAIDS2007
  8. ၈.၀ ၈.၁ ၈.၂ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named UN2018
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)