အောင်ကျော်ထွန်း (ဘောလုံးသမား)

အောင်ကျော်ထွန်းသည် မြန်မာလက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်သည်။

အောင်ကျော်ထွန်း
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အောင်ကျော်ထွန်း
မွေးသက္ကရာဇ် (1986-08-05) ဩဂုတ် ၅၊ ၁၉၈၆ (အသက် ၃၇)
မွေးရပ်ဇာတိ မြန်မာနိုင်ငံ
အရပ်အမြင့် ၁.၆၈ m (၅ ft ၆ in)
ကစားသည့်နေရာ အလယ်တန်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၂–၂၀၀၉ သစ်တော
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၀–၂၀၀၃ မြန်မာ ၁၃ (၁)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

နိုင်ငံတကာ ကစားသမားဘဝ ပြင်ဆင်ရန်

အောင်ကျော်ထွန်းသည် ၂၀၀၀ ခုနှစ် တိုက်ဂါးဖလားတွင် ထိုင်းနိုင်ငံနှင့် ကစားသောပွဲတွင် မြန်မာလက်ရွေးစင်အသင်း၌ ဝင်ရောက်ကစားခဲ့သဖြင့် ဖီဖာအသိအမှတ်ပြုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသော အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့သည်။ ထိုပြိုင်ပွဲကစားနေစဉ်တွင် သူ၏ အသက်မှာ ၁၄ နှစ်နှင့် ၉၃ ရက်သာ ရှိသေးသည်။ သူသည် ထိုစံချိန်ကို ဆယ်စုနှစ်တခုလုံးထိန်းသိမ်းထားနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မှ ဆိုမာလီနိုင်ငံသားကစားသမား အဗ္ဗီနျူ မိုဟာမတ်မှ ထိုစံချိန်အား ချိုးနိုင်ခဲ့သည်။ သူ၏ ပထမဆုံးပြိုင်ပွဲဖြစ်သော ထိုင်းနိုင်ငံအသင်းနှင့် ကစားသောပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်ချိုးနိုင်ခဲ့သည်။ ထိုစံချိန်ကို ယနေ့တိုင် ကျော်ဖြတ်နိုင်သူ မရှိသေးပေ။[၁][၂][၃] သူသည် နိုင်ငံတကာ ကစားပွဲ ၁၃ ပွဲ ကစားခဲ့သည်။ [၄]

နည်းပြဘဝ ပြင်ဆင်ရန်

ယခုအခါတွင် သူသည် မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်းတွင် လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်လျက်ရှိသည်။[၅]


ကိုးကား ပြင်ဆင်ရန်

  1. Oldest and Youngest Players and Goal-scorers in International Footballrsssf.com (4 February 2016)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  2. On This Day In 1998: Michael Owen Of England Joins Ranks Of Youngest International Debutantshoateallthepies.tv (11 February 2016)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  3. India's Youngest-Ever Player Just Scored A Left-Footed Goal Like MessiThe 18 (27 December 2015)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  4. Aung Kyaw Tunnational-football-teams.com (11 January 2017)။ 11 January 2017 တွင် ပြန်စစ်ပြီး။
  5. အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ကစားမည်း မြန်မာလက်ရွေးစင် ယူ-၁၉ အသင်း ပဏာမ လူစာရင်းထုတ်ပြန် (in Burmese)။ Myanmar Football Federation (8 May 2016)။ 11 January 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်