ဦးအောင်ကြည်သိန်း (၁၉၅၈ ဖွား) သည် မွန်လူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး မွန်ပြည်နယ် ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။[၁] သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမာခံလည်း ဖြစ်ပြီး လွှတ်တော်အမတ် လည်း ဖြစ်ခဲ့သည်။

အောင်ကြည်သိန်း
မွန်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
ယခင်လူဦး​ဇော်လင်းထွန်း
မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒေါက်တာ အောင်မြတ်ကျော်စိန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဧပြီ ၂၀၁၇ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဒေါ် ခင်ဌေးကြွယ်
မဲဆန္ဒနယ်ချောင်းဆုံမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၉,၆၆၇ (၄၁.၇၀%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၈-0၅-၂၉) မေ ၂၉၊ ၁၉၅၈ (အသက် ၆၅)
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ဝင်းမြင့်ရီ
သားသမီး၂ဦး
ပညာရေးB.E (Mechanical)
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်
အစိုးရအဖွဲ့မွန်ပြည်နယ်အစိုးရအဖွဲ့

ငယ်ဘဝ ပြင်ဆင်ရန်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာတွင် ဖခင်ဖြစ်သူ ဦးမြမွှေး နှင့် မိခင်ဖြစ်သူ ဒေါ်လှမေ တို့က ၁၉၅၈ခုနှစ် မေလ ၂၉ ရက်တွင် မွေးဖွားသည်။

ပညာရေး ပြင်ဆင်ရန်

ဦးအောင်ကြည်သိန်းသည် အခြေခံပညာကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အ.မ.က (ကွမ်ရိုက်)၊ အ.ထ.က (ရွာလွှတ်) နှင့် စက်မှု အ-ထ-က (မော်လမြိုင်) တို့တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှ B.E (Mechanical) ဘွဲ့ရရှိခဲ့သည်။

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနတွင် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ဒု-လုပ်ငန်းမှူး (အလုပ်သင်) အဖြစ် ဝန်ထမ်းဘဝကို စတင်ခဲ့ပြီး ညွှန်ကြားရေးမှူး (စီမံ) အထိ တာဝန်ထမ်းကာ အငြိမ်းစားယူသည်။သူသည် အမျိုးသားညီလာခံတွင် နိုင်ငံဝန်ထမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု ပြင်ဆင်ရန်

နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးသည့်နောက် သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်လာခဲ့ပြီး မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့သည်။[၂] ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရာတွင် အနိုင်ရသည်။[၃] ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမှတ်(၂) မှ ဝင်ပြိုင်သည်။ အနိုင်မရဘဲ ရှုံးနိမ့်ခဲ့သည်။

ဝန်ကြီးချုပ်ဖြစ်လာပုံ ပြင်ဆင်ရန်

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မွန်ပြည်နယ်အစိုးရအဖွဲ့ ၏ သယံဇာတရေးရာဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၄] ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တာဝန်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။[၅]

မိသားစုဘဝ ပြင်ဆင်ရန်

ဇနီးဖြစ်သူ ဒေါ်ဝင်းမြင့်ရီနှင့် အိမ်ထောင်ကျခဲ့ပြီး သားနှစ်ဦး ထွန်းကားသည်။

ကိုးကား ပြင်ဆင်ရန်

  1. မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်သိန်း ခန့်အပ်ခံရEleven Media Group (၂ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ပြည်နယ်ပါတီဥက္ကဋ္ဌ ကျိုက်ထို မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံUSDP Party (၁ ဇူလိုင် ၂၀၁၉)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနဲ့ မေးမြန်းချက်RFA Burmese (၂ ဧပြီ ၂၀၁၇)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. အိမ်စောင့်အစိုးရ၏ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းBNI (၂ ဩဂုတ် ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီ အပြောင်းအလဲ စစ်တပ်ကလူဟောင်းတွေလွှမ်းမိုးထားBBC Burmese (၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။