အောင်စည်းခုံသံဃရာဇာသည် လက်ဝှေ့ထိုးသတ်ရာတွင် တစ်ဖက်ကမ်းခပ်တော်သူ ဖြစ်ပြီး လက်ဝှေ့ဆုအဖြစ် နှစ်စဉ် မြင်း ၁၅ ကောင်မှ အကောင်၂၀ အထိရခဲ့သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းပေါင်စော်ဘွားက လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးကို အင်းဝသို့ခေါ်လာပြီး လက်ဝှေ့ယှဉ်ပြိုင်မည်ဟု တောင်းဆိုလာသည်။ အဆိုပါ ရှမ်းကြီးအား လက်ဝှေ့ယှဉ်ပြိုင်ရန် အင်းဝနှင့် စစ်ကိုင်းတစ်ခွင်တွင် ရှာဖွေမရဖြစ်သဖြင့် အသက်အရွယ်အိုမင်းနေသော သံဃရာဇာကို ပင့်ခေါ်၍ ထိုးသတ်ရန်စီစဉ်ကြသည်။ သံဃရာဇာက “ငါသည် အသက်အရွယ် ကြီးရင့်ပြီ။ ငယ်စဉ်က လက်ဝှေ့ကို ကျော်စောရုံမျှသာ ထိုးသတ်သည်။ ဤပွဲတွင် သေအောင်ထိုးသတ်တော့မည်” ဟု ဆိုလိုက်သည်။ ထို့နောက် စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်ဝတံခါးအရှေ့ကုန်းတွင် လက်ဝှေ့ပွဲကျင်းပသည်။

သံဃရာဇာသည် ရှမ်းကြီးအား ခြေဖြင့် ခတ်သယောင်ပြုပြီး ညာလက်သီးတစ်လုံးကို အဆုံးထိုးချလိုက်သည်။ ပြင်းထန်လှသော သံဃရာဇာ၏ ညာလက်သီးကြောင့် ရှမ်းကြီး၏ မျက်နှာသည် နောက်သို့ရောက်သွားသည်။ အုန်းပေါင်စော်ဘွားက သေသော်ပင် အမြင်မကောင်းပါလား ဆိုလိုက်သဖြင့် သံဃရာဇာက ဘယ်လက်ဖြင့် ထိုးသတ်လိုက်ရာ ရှမ်းကြီးမျက်နှာမှာ ရှေ့သို့ပြန်ရောက်လာသည်။ ထိုအခြင်းအရာကို တွေ့ရသော အင်းဝ မင်းခေါင်နှင့် အုန်းပေါင်စော်ဘွားတို့က သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်နှင့် ငွေတစ်ပိဿာ ဆုပေးခဲ့သည်။ ရခိုင်သူမြတ်လည်းရှု []

အောင်စည်းခုံသင်္ဃရာဇာ

ပြင်ဆင်ရန်

မင်းခေါင်းကြီးလက်ထက် အုန်းပေါင်စော်ဘွားက လက်ဝှေ့ကောင်း ရှမ်းကြီးကို အဝသို့ ခေါ်ခဲ့၍ လက်ဝှေ့မော်ကွန်း တင်မည်ဟု လာသည်ကို အဝ စစ်ကိုင်း သတ်ဘက်မရှိ၍ သင်္ဃရာဇာသို့ စုံစမ်းသော် "ငါကား အထက်မင်းကြီးလက်ထက် လူပျိုလူရွယ်ဖြစ်၍ ကျော်စောရုံမျှသာ သတ်သည်၊ ယခုမှာ အသက် ၆၉ နှစ်အရွယ် ကြီးပြီဖြစ်၍ သေ အောင်သတ်တော့မည် " ဟု ဆိုလိုက်သည်။ "မသေပါစေနဲ့ တန်ရုံသာ သတ်ပါ" ဟု ဆင့်ဆိုပြီးမှ စကားကျောင်းတော် မော်ကွန်းစိုက်သော မုခ်ဝတံခါးအရှေ့ ငါးတာခြားကုန်းတွင် မင်းနှင့်စော်ဘွား နေ၏။ ရဟန်းရှင်လူများလည်း ထိုကုန်းပြည့်မျှ ကြည့်ရှုကြသည်။

ရှမ်းကြီးနှင့် အောင်စည်းခုံသင်္ဃရာဇာလည်း သတ်ခတ်ကြမည့် အရေးအရာ "ဟို ဟာ" ဆို၍ ကခုန်ပြီးလျှင် သင်္ဃရာဇာက ခြေခတ်ယောင်ယောင် ခြောက်၍ လက်ျာလက်နှင့် ရှမ်းကြီးကို သတ်လိုက်သည်။ ရှမ်းကြီးမျက်နှာ နောက်‌မှာနေလေ၏။ အုန်းပေါင်စော်ဘွားက "သေသော်ပင် အမြင်ကောင်းသေး၏၊ ယခုမှာ အမြင်မကောင်းပါတကား" ဟု ဆိုသည်တွင် လက်ဝဲလက်နှင့် သတ်လိုက်ပြန်သည်။ ရှမ်းကြီးမျက်နှာ ရှေ့မှာ နေမြဲနေပြန်လေ၏။ မင်းနှင့်စော်ဘွားလည်း "အံ့ဘွယ် ရှိလှပေသည်" ဟု ဆို၍ မြင်း ၂၊ ဖျင်လိပ် ၃၊ ငွေ ၁-ပိဿာ ဆုလာဘ် ပေးကြလေ၏။ [] []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. သာသနာလင်္ကာရစာတမ်း၊ ဟံသာဝတီ၊ ၁၉၅၆၊ စာ-၁၃၁
  3. မြန်မာ့ရိုးရာ သိုင်းပညာသမိုင်း၊ မြန်စာဂုဏ်ကျော်မြင့်၊ ၁၉၆၄