စောဘရီ
(အောင်ဆန်းသူရိယ စောဘရီ မှ ပြန်ညွှန်းထားသည်)
စောဘရီသည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော အရပ်သား တိုင်းရင်းသား ကရင်လူမျိုး ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် မိမိ အသက်ကို ပဓာန မထားဘဲ ဓားစာခံများကိုကယ်တင်စဉ်တွင်အသက်ပေးလှူသွားသူဖြစ်သည့်အလျှောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်းခံရသူဖြစ်သည်။
အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။
ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူ ၆ ဦးသာ ရှိသေးသည်။
၎င်းတို့မှာ-
- ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချို
- တပ်သား အောင်ဆန်းသူရိယ လှသောင်း
- အရပ်သား အောင်ဆန်းသူရိယ စောဘရီ
- တပ်သား အောင်ဆန်းသူရိယ စောမြင့်
- တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း
- ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းတို့ ဖြစ်သည်။
ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ စောဘရီ၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။