အောင်ဇေယျတံတား (လှိုင်သာယာကြိုးတံတား၊ အင်းစိန်ကြိုးတံတား) သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် နှင့် အင်းစိန်မြို့နယ်သို့ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား တစ်စင်းဖြစ်သည်။ မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တို့၏ အရှည်ဆုံး ပန်ကာဒီဇိုင်းကြိုးတံတားဖြစ်သည်။ အရှည် ၁,၇၆၄ မီတာ (၅,၇၈၇ ပေ) ရှည်သည်။ ၄ လမ်းသွား ၁၄ မီတာ (၄၆ ပေ) အကျယ်ကားလမ်း နှင့် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိ လူသွားလမ်းနှစ်ခု ပါဝင်သည်။ တံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အောင်ဇေယျတံတား
အောင်ဇေယျတံတား
ကိုဩဒိနိတ်16°52′48″N 96°05′01″E / 16.879862°N 96.0835993°E / 16.879862; 96.0835993ကိုဩဒိနိတ်: 16°52′48″N 96°05′01″E / 16.879862°N 96.0835993°E / 16.879862; 96.0835993
သယ်ဆောင်မှု၄ လမ်းသွားကားလမ်း၊ လူသွားလမ်း ၂ ခု
ဖြတ်သန်းမှုလှိုင်မြစ်
တည်နေရာလှိုင်သာယာအရှေ့ပိုင်းမြို့နယ် နှင့် အင်းစိန်မြို့နယ်
အခြားအမည်များလှိုင်သာယာကြိုးတံတား၊ အင်းစိန်ကြိုးတံတား
အစွဲပြုအမည်အလောင်းမင်းတရား(ဦးအောင်ဇေယျ)
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိကြိုးတံတား(ပန်ကာ ဒီဇိုင်း)
စုစုပေါင်းအရှည်၁,၇၆၄ မီတာ (၅,၇၈၇ ပေ)
အကျယ်ကားလမ်း ၆၂ ပေ၊ လူသွားလမ်း ၆ ပေ ၆ လက်မစီ
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် ၆၀ တန်
ယဉ်လမ်းကြောင်း၄ လမ်း
သမိုင်းကြောင်း
ဆောက်လုပ်သူဆောက်လုပ်ရေး ဝန်ကြီးဌာန
စတင်ဆောက်လုပ်ချိန်၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်
လုပ်ငန်းပြီးဆုံးချိန်၂၀၀၅ ခုနှစ်
ဖွင့်လှစ်သည့်နေ့၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်

တံတားအချက်အလက်များ

ပြင်ဆင်ရန်

အောင်ဇေယျတံတားသည် လှိုင်မြစ်ကို ဖြတ်သန်းရန် တည်ဆောက်ထားသည့် ဒုတိယမြောက်တံတား ဖြစ်သည်။ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တစ်ခုတည်းသော ကြိုးတံတားလည်းဖြစ်သည်။ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၆၀ တန် ဖြစ်သည်။ အရှည် ၁,၇၆၄ မီတာ (၅,၇၈၇ ပေ) ရှည်ပြီး လှိုင်မြစ်လမ်းပေါ်တွင် တည်ဆောက်ထားသည်။ ၄ လမ်းသွား ၁၄ မီတာ (၄၆ ပေ) အကျယ် ကားလမ်း နှင့် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိ လူသွားလမ်းနှစ်ခု ပါဝင်သည်။ အင်းစိန်ဘက် ချင်းကပ်လမ်းတွင် ၅၅၀ မီတာ (၁,၈၀၀ ပေ) ရှိ၍ လှိုင်သာယာဘက်ချဉ်းကပ်လမ်းတွင် ၆၀၃ မီတာ (၁,၉၇၈ ပေ) ရှိသည်။ ရန်ကုန်မြို့၏ အဓိကတံတား ၉ စင်းမှ တစ်စင်းဖြစ်သည်။ကွန်ကရစ်တိုင် ဖြင့် သံမဏိကြိုးများဆိုင်းထားသော တံတားဖြစ်သည်။ သံမဏိကြိုးဆိုင်းထားသောနေရာတွင် အောက်ခြေကို သံပေါင်ဖြင့် ဆောက်လုပ်ထားသည်။ အများဆုံးကွေ့ ဒီဂရီမှာ ၉ ဒီဂရီဖြစ်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

အောင်ဇေယျတံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။စတင်ဆောက်လုပ်ချိန်မှာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ဖြစ်ကာ လုပ်ငန်းပြီးဆုံးချိန်မှာ ၂၀၀၅ ခုနှစ် ဖြစ်သည်။

တည်ဆောက်မှု

ပြင်ဆင်ရန်

အောင်ဇေယျတံတား ကိုတည်ဆောက်ရခြင်းမှာ ဘုရင့်နောင်တံတား အမှတ် ( ၁ ) ယာဉ်ကြောရှုပ်ထွေးကြောင့်ဖြစ်သည်။

ခေါ်တွင်ပုံ

ပြင်ဆင်ရန်
 

အလောင်းမင်းတရား(ဦးအောင်ဇေယျ)ကို ဂုဏ်ပြုသောအားဖြင့် ကမ္ပည်းမော်ကွန်းတင်ခဲ့ခြင်းဖြစ်သည်။