အောင်တိုး
မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်
ဦးအောင်တိုး သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်တိုးသည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၂ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သက်တမ်းအကြာဆုံး ပြည်ထောင်စု တရားသူကြီးချုပ် ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)ကိုရေးဆွဲရာတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်သည်။ [၁] သရေစည်သူ ဘွဲ့ရရှိခဲ့သည်။
ဦးအောင်တိုး | |
---|---|
ပြည်ထောင်စုတရားသူကြီးချုပ် | |
တာဝန်သက်တမ်း စက်တင်ဘာ ၁၉၈၈ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | ဦးတင်အောင်ဟိန်း |
ဆက်ခံသူ | ဦးထွန်းထွန်းဦး |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
ကွယ်လွန် | ၂၄ မေ ၂၀၂၁ ရန်ကုန်မြို့ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်အေးကြည် |
ပညာရေး | B.A., B.L |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | ဥပဒေပညာရှင် |
ဘဝအကျဉ်း
ပြင်ဆင်ရန်ဦးအောင်တိုးသည် ဝဏ္ဏကျော်ထင် ဦးသိမ်းတိုးနှင့် ဒေါ်သိန်းတို့မှ ၁၉၂၅ တွင်မွေးဖွားခဲ့သည်။ ၂၀၂၁-ခုနှစ်၊ မေလ၊ ၂၄-ရက်နေ့ (တနင်္လာနေ့) ညနေ ၆း၄၀ တွင် ရန်ကုန်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင်အသက် (၉၆)နှစ် ရှိပြီဖြစ်သည်။ ဒေါ်အေးကြည်သည် ဇနီးဖြစ်ပြီး သမီးနှစ်ယောက် ကျန်ရစ်သည်။ [၂]
ကိုးကား
ပြင်ဆင်ရန်ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |