ဦးအောင်နိုင်ဝင်း
ဖိုင်:Aung Nine Win Image.jpg
မွေးဖွားဦးအောင်နိုင်ဝင်း
(1974-06-06) ဇွန် ၆၊ ၁၉၇၄ (အသက် ၄၉)
မန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်၊ ကြာပို့ကျေးရွာ
နိုင်ငံလူမျိုးဗမာ ဗုဒ္ဓဘာသာ
အလုပ်အကိုင်အမျိုးသားကိုယ်စလှယ်လောင်း
မိဘ(များ)ဦးဘိုတင်+ ဒေါ်လှကြီး
ရရှိသည့်ဆုများ1997 BSc (DSA)

မွေးရပ် ပြင်ဆင်ရန်

မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ကြာပို့ကျေးရွာဆင်းရဲတဲ့မိသားစုကနေ မွေးဖွားခဲ့သူဖြစ်ပါတယ်။

 
ဦးအောင်နိုင်ဝင်း၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(ရေးမြို့နယ်)

ကိုယ်ရေးအတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

အလယ်တန်းအဆင့်ထိ ဇာတိဒေသမှာပဲ ပညာသင်ကြားခဲ့ပြီးအခြေခံပညာအထက်တန်းအဆင့်(၁၀) တန်းကို မန္တလေးမြို့ ၊ အထက ( ၁၇ )ကနေ ၁၉၉၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်၊

၁၉၉၃ ကနေ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ်၊အမှတ်စဉ် (၃၈ ) ဗိုလ်လောင်းသင်တန်းမှာ တက်ရောက်အောင်မြင်ခဲ့ပြီး၊တပ်မတော်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊

၂၀၁၁ ခုနှစ်မှာ တပ်မတော်မှ အငြိမ်းစားရယူခဲ့ကာ ရေးမြို့မှာအိမ်ထောင်ကျပြီး အခြေချနေထိုင်ခဲ့ပါတယ်၊ဇနီးအမည်က ဒေါ်ငယ်ငယ်ထွေးဖြစ်ပြီး မွန်တိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်၊

ရေးမြို့မှာ အခြေချနေထိုင်စဉ်ကစလို့ ဒေသနဲ့ ဒေသခံတွေရဲ့အရေးကိစ္စများအတွက် လုပ်နိုင်စွမ်းရှိသမျှ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်၊

၂၀၁၂ ခုနှစ်မှစပြီး ယနေ့ကာလအထိ NGO,INGO,CSO တွေနဲ့ ချိတ်ဆက်ပေါင်းစပ်ပြီး ဒေသတွင်းရှိ CSO များနှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊အသိပညာပေးလှုပ်ရှားမှုများကို အကြိမ် ၅၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊

၂၀၁၄ ခုနှစ်မှာ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society- YSS ) အဖွဲ့ကို ဖွဲ့စည်းရာတွင် ဦးဆောင်ဖွဲ့စည်းသူအဖြစ်ပါဝင်ခဲ့ပြီး အတွင်းရေးမှူတာဝန်ယူကာ အဖွဲ့နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊အသိပညာပေးဆောင်ရွက်မှုများ၊အဂတိတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ၊သဘာဝဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးဆိုင်ရာများ၊ကပ်ရောဂါဘေးဆိုင်ရာ ကာကွယ်/ကူညီ/ထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်၊

ရေးတော်ဝင်(အခမဲ့) သတင်းလွှာကို ၂၀၁၄ ခုနှစ်မှစတင်၍ တာဝန်ခံအယ်ဒီတာနှင့် ထုတ်ဝေသူအဖြစ် တာဝန်ယူကာ ၂၀၁၈ ခုနှစ်အထိ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်၊ရေးတော်ဝင်သတင်းလွှာတွင် စေစားရာ၊တင်မိုးရွာကဗန်ဂိုး၊ဖိုးသိ၊အောင်နိုင်ဝင်း(ရင်တွင်းဖွင့်) စသောကလောင်အမည်များဖြင့် ဆောင်းပါး၊ကဗျာ၊သရော်စာ နှင့် သတင်းများကို ရေးသားခဲ့ပါတယ်၊

​ရေးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော ရေးမြို့နယ်ဓမ္မစကူးဖောင်ဒေးရှင်းတွင် ၂ နှစ်ကျော်ကြာ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ လုပ်ဆောင်ခဲ့သည်၊

စီးပွားရေးအနေဖြင့် ရောင်းဝယ်ရေးလုပ်ငန်း၊ဥယဉ်ခြံလုပ်ငန်းများလုပ်ဆောင်နေပါသည်၊

ယနေ့အချိန်တွင် 2020 ရွေးကောက်ပွဲ၌ မွန်ပြည်နယ် အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်မြေ အမှတ် ၆ မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံသွားမည် ဖြစ်သည်။