အောင်မြေရုပ်စုံစေတီတော်

အောင်မြေရုပ်စုံစေတီတော်သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်နတ်မောက်မြို့နယ်နတ်မောက်မြို့ပေါ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး အနောက်ဘက်စောင်းတန်းရှိ မည်သည့်ခုနှစ်၊ မည်သည့်အချိန်က မည်သူ တည်ထားမှန်း အထောက်အထား ရှာဖွေ၍ မတွေ့သေးသော ရှေးဟောင်းစေတီတော် တစ်ဆူ ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၆၂ တပို့တွဲလဆုတ် ၈ ရက်နေ့က ထီးတော် အသစ် တင်လှူသည်။ အောင်မြေရုပ်စုံစေတီတော် ဆိုသည့်အတိုင်း စေတီ၏ ဖောင်းရစ်များအောက် ရှစ်မြှောင့်နေရာတွင် နတ်ဘီလူးရုပ်ကြွ ၄ ရုပ်နှင့် နတ်သားရုပ် ၄ ရုပ်တို့ကို အထင်အရှား တွေ့မြင်ရသည်။ ယခင်ကတည်းက ဝါတွင်းကာလတွင် ဘုရားဖူးသူ၊ အဓိဋ္ဌာန်ပြုသူများဖြင့် စည်ကားလေ့ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဆရာသညာမှူး (ဩဂုတ်၊ ၂၀၀၁)။ အောင်မြေရုပ်စုံစေတီတော်မှ စိတ်ဝင်စားဖွယ် အရုပ်များ။ နက္ခတ္တရောင်ခြည်။ p. ၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)