အော့ဆာကန် သည် ကင်မရွန်းနိုင်ငံ၊ လစ်တိုရယ်စီရင်စုဒေသ၊ Edéa မြို့ အနောက်ဘက်တွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ အော့ဆာကန်သည် ကန်ငယ်များဖြစ်သည့် အရှေ့မြောက်ဘက်ရှိ Mevia ကန်မှသည် အနောက်တောင်ဘက်ရှိ Mwembe ကန်များအထိ စသည့်ကန်များနှင့် အတူတကွ တည်ရှိသည်။ ကန်သည် ဧရိယာ ၃၉.၂၇ စတုရန်းကီလိုမီတာရှိကာ ကင်မရွန်းနိုင်ငံတွင် အကြီးဆုံးသဘာဝရေကန် ဖြစ်သည်။[၁] ကန်သည် ပိုင်းဖြတ်ထားသည့် ပုံသဏ္ဌာန်ရှိကာ ကုန်းမြေများနှင့် ရေဝင်ပေါက်များစွာ တည်ရှိသည်။ အော့ဆာကန်သည် အကျယ်ဆုံးနေရာသည် ၇ ကီလိုမီတာ ရှိသည်။ ကန်သည် ဆာနာဂါမြစ်၏ အနိမ့်ပိုင်းရေဝင်ပေါက်တွင် တည်ရှိသည်။ ကန်နှင့် ထိုမြစ်ကို ဆက်သွယ်ထားသည့်နေရာသည် အလျား ၃ ကီလိုမီတာရှိသည့် ရေသွားလမ်းတစ်ခု ဖြစ်သည်။ ကန်သည် ကမ္ဘာမြေ၏ ပွတ်တိုက်လှုပ်ရှားမှုကြောင့် ဖြစ်လာသည်။[၂]

အော့ဆာကန်
Location of Lake Ossa in Cameroon.
Location of Lake Ossa in Cameroon.
အော့ဆာကန်
Location of Lake Ossa in Cameroon.
Location of Lake Ossa in Cameroon.
အော့ဆာကန်
တည်နေရာLittoral Province
ကိုဩဒိနိတ်3°47′48″N 10°01′29″E / 3.796663°N 10.024779°E / 3.796663; 10.024779ကိုဩဒိနိတ်: 3°47′48″N 10°01′29″E / 3.796663°N 10.024779°E / 3.796663; 10.024779
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများCameroon
Lake Ossa

ကိုးကား ပြင်ဆင်ရန်

  1. Olson, David & Ormeno Garcia, Santiago. (2017). Participatory Freshwater Conservation: Management guidelines for the Lake Ossa Wildlife Reserve in Cameroon.
  2. Neba, Aaron (1999). Modern Geography of the Republic of Cameroon, 3rd ed. Bamenda: Neba Publishers. p. 44