အော်လ်တာရှိ ကျောက်ထွင်းပန်းချီများ

အော်လ်တာရှိ ကျောက်သားအနုပညာ လက်ရာများ သည် နော်ဝေနိုင်ငံ ဖင်မာ့ခ် ကောင်တီရှိ အော်လ်တာစည်ပင်သာယာနယ်နိမိတ် အနီးတဝိုက်တွင် တည်ရှိသည်။​ ၁၉၇၃ ခုနှစ်တွင် ပထမဆုံး ကျောက်ထွင်းပန်းချီကို စတင်တွေ့ရှိသည့် အချိန်မှစ၍ အော်လ်တာ၏ အနီးတဝိုက်ဒေသများတွင် ကျောက်ထွင်းပန်းချီပေါင်း ၆,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ အော်လ်တာမှ ၅ ကီလိုမီတာမျှ ကွာဝေးသော ဂျေယပ်မာလုတာတွင် ထောင်ပေါင်းများစွာသော ကျောက်ထွင်းပန်းချီများကို တွေ့ရှိခဲ့ရပြီး လဟာပြင် ပြတိုက် အဖြစ် ပြသထားရှိသည်။ ထိုဒေသအား စတိုးစတိုင်၊ ကာ့ဖ်ဂျော့ဒ်၊ အမ်မန်စနက်စ် နှင့် ထရန်ဖာရဲ့ဖ်တို့နှင့်အတူ ၁၉၈၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။​ ထိုနေရာသည် နော်ဝေ၏ တစ်ခုတည်းသော သမိုင်းမတင်မီခေတ်က ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည်။[၁]

အော်လ်တာရှိ ကျောက်သားအနုပညာ လက်ရာများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  နော်ဝေ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၃၅၂
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
အော်လ်တာရှိ ကျောက်ထွင်းပန်းချီ အသေးစိတ်

ထရွန်ဆို တက္ကသိုလ် ယဉ်ကျေးမှု သိပ္ပံ ဌာနမှ ပါမောက္ခ နွတ် ဟဲစကော့ မှ ထိုကျောက်ထွင်းပန်းချီများအား အုပ်စု ၅ စု အဖြစ် ခွဲခြားခဲ့သည်။ အစောဆုံး ကျောက်ထွင်းပန်းချီကို ဘီစီ ၄၂၀၀ ခုနှစ်ခန့်ကဟု ခန့်မှန်းခဲ့ကြပြီး နောက်အကျဆုံး ကျောက်ထွင်းပန်းချီကို ဘီစီ ၅၀၀ ခန့်ဟု သတ်မှတ်ခဲ့ကြသည်။​၂၀၁၀ တွင် သုတေသနပညာရှင် ဂျန် မက်ဂနဲ ဂျာဒီက အစောဆုံး လက်ရာကို နှစ် ၁၀၀၀ မျှ ရှေ့သို့ ရွှေ့ခဲ့သည်။ ပုံအများအပြားမှာ မုဆိုး-စုဆောင်းသူ ယဉ်ကျေးမှုကို ဖော်ပြနေကြပြီး သူတို့သည် ရိန်းဒီးယား ကို ထိန်းကြောင်းနိုင်ကြောင်း တွေ့ရပြီး လှေတည်ဆောက်ခြင်း နှင့် ငါးဖမ်းခြင်းတို့ကိုလည်း ပြုလုပ်ကြောင်း တွေ့ရကာ ရှာမန်ရိုးရာ​ဝတ်ပြုခြင်း ကို ဆောင်ရွက်ကြပြီး ဝက်ဝံ နှင့် အခြား ကိုးကွယ်ရာ တိရစ္ဆာန်များ ရှိကြောင်း တွေ့ရသည်။

၂၀၁၄ တွင် ကမ္ဘာ့အမွေအနှစ်နေရာ ကျောက်ထွင်းပန်းချီ ဌာန ၏ အော်လ်တာပြတိုက်ကို "altarockart.no" ဒိုမိန်းဖြင့် လွှင့်တင်ခဲ့ကာ ၎င်းတွင် အော်လ်တာရှိ ကျောက်သားပန်းချီများ ၏ ပုံများကို ဒီဂျစ်တယ် မော်ကွန်းတိုက် အနေဖြင့် သိမ်းဆည်းပြသထားသည်။ ထိုမော်ကွန်းတိုက်တွင် ထောင်ပေါင်းများစွာသော ပုံများနှင့် ခြစ်ရာများ ပါဝင်ပြီး နောင်တွင် အခြားသော စာရွက်စာတမ်းများ ဖြစ်သည် ၃ ဘက်မြင် စကင်န်ပုံ နှင့် ဆောင်းပါးများပါ ပါဝင်လာနိုင်သည်။


ကိုးကား ပြင်ဆင်ရန်