အေး၊ ခေတ္တရာ
ခေတ္တရာအေး (၁၉၁၃-၁၉၅၀) သည် မြန်မာ တေးရေးနှင့် ဂီတပညာရှင် ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
ပြင်ဆင်ရန်၁၉၁၃ ခု၊ မေလ ၁၈ ရက်တွင် ပြည်၌ မြို့ပိုင် ဦးဘကလေး၊ ဒေါ်သောင်းသောင်းတို့မှ မွေးသည်။ အမည်ရင်းမှာ အေးမောင် ဖြစ်သည်။
ပြည်မြို့ ဦးဘသိန်း မူလတန်းကျောင်းနှင့် အေဘီအမ်ကျောင်းတွင် (၉) တန်းအထိ သင်သည်။
အနုပညာခရီး
ပြင်ဆင်ရန်၁၉၃၀ ပြည့်တွင် ပြည်မှ ရန်ကုန်သို့ ပြောင်းလာပြီး သီချင်းရေးသည်။
၁၉၃၆ ခု၊ ဩဂုတ်လ ၁၀ ရက်တွင် မြမျက်ခြယ် တေးသီချင်းကို အသံသွင်းခဲ့သည်။ ဝင်းဝင်း ပြဇာတ်ရုံတွင်လည်း ဆိုက်ဆိုဖုန်း မှုတ်ခဲ့သည့်အပြင် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင်လည်း အလုပ်ဝင်သည်။
မိသားစုဘဝ
ပြင်ဆင်ရန်၁၉၄၀ ပြည့်တွင် ဒေါ်သန်းကြည်နှင့် အိမ်ထောင်ပြုပြီး သားသမီး(၄)ဦး ထွန်းကားသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်ရန်ကုန်မြို့၊ (၄၆)လမ်းတွင် နေထိုင်ခဲ့ပြီး၊ ၁၉၅၀ ပြည့် ဧပြီလ ၃၀ ရက်၊ မွန်းလွဲ (၃) နာရီ၊ မိနစ် (၂၀) တွင် အင်းယား၌ ရေနစ်ကွယ်လွန်သည်။ [၁]
ရည်ညွှန်းချက်
ပြင်ဆင်ရန်- ↑ ခေတ္တရာအေး၏ မှတ်စုစာအုပ်ပါ အချက်အလက်များနှင့် သမီးကြီးဖြစ်သူ ဒေါ်ကြည်ဌေး၏ ကိုယ်တိုင်ပြောပြချက်။