အဲပပ်နတ်ဘုရား
ရှေးခေတ်အီဂျစ် မြွေနတ်ဘုရား
အဲပပ် (သို့) အားပပ် (အင်္ဂလိပ်: Apep) [မှတ်စု ၁] သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားတစ်ဦးဖြစ်၍ လောကအစ မရှိခြင်းတရားနတ္ထိ၏ ပြယုတ်ဖြစ်သည်။ ထို့ကြောင့်ပင် အလင်း နှင့် 'မား'(အစီစဉ်ကျနခြင်း/သစ္စာတရား) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အနုပညာလက်ရာများ၌ ၎င်းကို ကြီးမားသောမြွေတစ်ကောင်အဖြစ်သရုပ်ဖော်ကြသည်။ ꜥꜣpp(y) အဖြစ်ရေးသားခဲ့ခြင်းနှင့် နောက်ပိုင်းတွင် ကော့ပ်တစ်ဘာသာစကားဖြင့် Ⲁⲫⲱⲫ (Aphōph) ဟူ၍ ရှင်သန်တည်ရှိခဲ့သောကြောင့် အီဂျစ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်း၏အမည်ကို *ʻAʼpāp(ī) အဖြစ်ပြန်လည်တည်ဆောက်ခဲ့ကြသည်။[၁] အဲပပ်အမည်ကို အဌမမြောက်မင်းဆက်ခေတ်တွင် စတင်ဖော်ပြခဲ့ကြပြီး ၎င်း၏အမည်ကို ဂုဏ်ပြု အစွဲပြု၍ပေးထားဖူးသောအမည်များမှာ အီဂျစ်၏ ဆယ့်လေးဆက်မြောက်မင်းဆက်ဘုရင် Apepi နှင့် ကြီးကြယ်ခဲ့သော ဟစ်ခ်ဆော့စ်ဘုရင် (Greater Hyksos) Apophis တို့ဖြစ်ကြသည်။
အဲပပ်/ အဲပါဖစ် | |
---|---|
အားတာမ် နှင့် အဲပါဖစ်မြွေ | |
သင်္ကေတ | မြွေ |
ကိုယ်ရေး အချက်အလက် | |
မိဘများ | Neith |
မွေးချင်း | ရား |
မှတ်စု
ပြင်ဆင်ရန်- ↑ အခြားစာလုံးပေါင်းများမှာ Apepi သို့ Aapep သို့ Apophis ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Erman, Adolf, and Hermann Grapow, eds. 1926–1953. Wörterbuch der aegyptischen Sprache im Auftrage der deutschen Akademien. 6 vols. Leipzig: J. C. Hinrichs'schen Buchhandlungen. (Reprinted Berlin: Akademie-Verlag GmbH, 1971).
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |