အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
အဲရစ် (အင်္ဂလိပ်:136199 Eris ယခင်အခေါ်အဝေါ် "2003 UB 313"; သင်္ကေတ: )[၁၆] သည် နေအဖွဲ့အစည်းအတွင်းတွင် ရှိပြီး နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းအပြင်ဘက်မှ သွားလာနေသော (trans-Neptunian object or TNO) ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်သည်။ အဲရစ်သည် ယခုအထိရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုဟ်ထက်ပင် ကြီးမားသည်။ အဲရစ်ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေအဖွဲ့အစည်း၏ ပြင်ပသို့ ရိုက်ကူးထားသော ပုံအဟောင်းများကို သေချာစွာကြည့်ရှုရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီးသော အချိန်တွင် အဲရစ်အား ဇီနာ(Xena)ဟုသာ တရားဝင်မဟုတ်သော အမည်နှင့် ညွှန်းဆိုခေါ်ဝေါ်ကြသည်။ တယ်လီဗီးရှင်း ဇာတ်လမ်းတွဲ စစ်မင်းသား ဇီနာ (Xena: Warrior Princess) မှ အဓိကဇာတ်ကောင်၏ အမည်ကိုပေးခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဂရိဒဏ္ဍာရီမှ နတ်ဘုရား၏အမည်ကို ယူ၍ အဲရစ်ဟု တရားဝင်အမည်ပေးခဲ့သည်။
Eris (center) and Dysnomia (left of center), taken by the Hubble Space Telescope | |||||||||
ရှာဖွေတွေ့ရှိခြင်း | |||||||||
---|---|---|---|---|---|---|---|---|---|
ရှာဖွေတွေ့ရှိခဲ့သူ | |||||||||
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | January 5, 2005[၂][lower-alpha ၁] | ||||||||
အသံထွက် | /ˈɪərɪs/ or /ˈɛrɪs/[lower-alpha ၂] | ||||||||
အစွဲပြု၍ မှည့်ခေါ် | Eris | ||||||||
အခြားအမည်များ | 2003 UB313[၃] | ||||||||
ဂြိုဟ်သိမ်စာရင်း | |||||||||
ပါဝင်အရာဝတ္ထုများ | Eridian | ||||||||
ပတ်လမ်း ဂုဏ်အင်များ[၃] | |||||||||
Epoch December 9, 2014 (JD 457000.5) 2 | |||||||||
အဝေးဆုံးပတ်လမ်း |
| ||||||||
အနီးဆုံးပတ်လမ်း |
| ||||||||
ဆီမီး မေဂျာ ဝင်ရိုး |
| ||||||||
ပတ်လမ်း ဗဟိုကျမှု | 68 0.440 | ||||||||
ပတ်လမ်း ကာလ |
| ||||||||
ပျမ်းမျှ ပတ်နှုန်း | 3.4338 km/s | ||||||||
ပျမ်းမျှ မူမမှန်မှု | ° 204.16 | ||||||||
ပတ်လမ်း တိမ်းစောင်းမှု | 44.0445° | ||||||||
Longitude of ascending node | 35.9531° | ||||||||
Argument of perihelion | 150.977° | ||||||||
သိရသည့် ဂြိုဟ်ရံလများ | ဒီဆနိုးမီးယား | ||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||
ဒိုင်မင်းရှင်း | ±12 km 2326 | ||||||||
ပျမ်းမျှ အချင်းဝက် | ±6 km 1163[၈][၉] | ||||||||
မျက်နှာပြင် ဧရိယာ | ±0.02)×107 km2 (1.70[lower-alpha ၃] | ||||||||
ထုထည် | ±0.10)×109 km3 (6.59[lower-alpha ၃] | ||||||||
ဒြပ်ထု | |||||||||
ပျမ်းမျှ သိပ်သည်းဆ | ±0.07 g/cm3 2.52[lower-alpha ၄] | ||||||||
အီကွေတာ မျက်နှာပြင် ဒြပ်ဆွဲအား]] | ±0.02 m/s2 0.82 ±0.002 0.083g[lower-alpha ၅] | ||||||||
အီကွေတာ လွတ်မြောက် အလျင် | 1.38±0.01 km/s[lower-alpha ၅] | ||||||||
ဘေးဘက် လှည့်ပတ်ကာလ | ±0.5 hr 25.9[၁၁] | ||||||||
Geometric albedo | +0.09 −0.04 0.96[၈] | ||||||||
| |||||||||
ဥက္ကာခဲ အမျိုးအစား | B−V=0.78, V−R=0.45[၁၂] | ||||||||
မြင်သာသော ပမာဏ | 18.7[၁၃] | ||||||||
ပကတိ ပမာဏ (H) | +0.06 −0.11 1.17[lower-alpha ၆] | ||||||||
ထောင့်ဖြတ်အချင်း | 40 milli-arcsec[၁၅] |
အဲရစ်တွင် ဒစ်စ်နိုမီယာ (Dysnomia) အမည်ရှိသော ဂြိုဟ်ရံလ ၁စင်းရှိပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒစ်စ်နိုမီယာတွင် ဂါဘရီယယ် (Gabrielle) ဟူသော နာမည်ပြောင်တစ်ခုရှိပြီး ဇီနာဇာတ်လမ်းတွဲထဲမှ အခြားဇာတ်ကောင်တစ်ကောင်၏ အမည်ဖြစ်သည်။ ဒစ်နိုမီယာ ဆိုသော အမည်မှာ ဂရိဒဏ္ဍာရီထဲမှ အဲရစ်၏ သမီးတော်၏အမည်ဖြစ်သည်။ အဲရစ်နှင့် ဒစ်စ်နိုမီယာကို ဇီနာနှင့် ဂါဘရီယယ် ဟူ၍ အမည်မပေးနိုင်သည့် အကြောင်းမှာ နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းကြောင်းအပြင်ဘက်တွင် လှည့်ပတ်နေသမျှသော အရာဝတ္ထုတို့ကို ဖန်တီးမှုဒဏ္ဍာရီနှင့် သက်ဆိုင်သော အမည်ပေးရမည် ဟူသည့် ဥပဒေသရှိသောကြောင့်ဖြစ်သည်။
အစကနဦး သတင်းများတွင် အဲရစ်အား ၁၀ ခုမြောက်ဂြိုဟ်အဖြစ် တင်ပြကြပြီး နာဆာ(NASA) မှ အချို့သော နက္ခတ္တဗေဒပညာရှင်နှင့် သိပ္ပံပညာရှင်တို့က ထိအယူအဆကို ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော်အဲရစ်သည် ပလူတိုထက်ပို၍ကြီးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဲရစ်ကို မည်သည့်အခါကမှ ဂြိုဟ်အဖြစ် တရားဝင်သတ်မှတ်ခြင်းမရှိခဲ့ပေ။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဂြိုဟ်ဟူသော ဝေါဟာရကို ပြန်လည်သတ်မှတ် ပြီးသည့် အချိန်တွင် အဲရစ်အား ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား အသစ်တွင် ထည့်သွင်းခဲ့သည်။
ယနေ့တွင် သိပ္ပံပညာရှင်တို့သည် အဲရစ်နှင့် သူ၏ ဂြိုဟ်ရံလ ဒီဆနိုးမီးယားတို့၏ အကြောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လများ သို့မဟုတ် ခါးပတ်များ ဆက်လက်ရှိမရှိကိုလည်း ရှာဖွေနေကြသည်။
အဲရစ်သည် ပြန့်ကျဲအချပ်ပြား အရာဝတ္ထု ဖြစ်ပါတယ် ၎င်းအား နေစင်္ကြာဝဠာရဲ့ ကျူးပါး ခါးပတ် ပတ်ဝန်းကျင်နှင့် ပလူတို ဂြိုဟ်ပတ်လမ်းကြောင်းရဲ့အလွန်မှာ တည်ရှိပါတယ်။ ဒါကို "ပလူတွန်" လို့လည်း ခေါ်ပါသေးတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရွယ်အစား ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ တည်နေရာဟာ ပလူတိုနဲ့ ဆင်တူနေတာမို့ကြောင့်ပါပဲ။
အဲရစ်ဂြိုဟ်သိမ်ဟာ နေကို ကမ္ဘာနှစ် (၅၅၇) နှစ်လျင် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်ပါတယ်။ ယနေ့အချိန်မှာတော့ နေမင်းနဲ့ အဝေးဆုံးအနေအထားမှာ တည်ရှိနေပါတယ်။ ၎င်းဟာ ဘဲဥပုံ ဂြိုဟ်ပတ်လမ်းကြောင်း ဖြစ်ပါတယ် ဆိုလိုတာကတော့ စက်ဝိုင်းပုံပတ်လမ်း မဟုတ်ပါဘူး။ ၎င်းဟာ ထောင့် ၄၄ ဒီဂရီ တိမ်းစောင်းပါတယ်။ အဲရစ်ဟာ အချင်းအားဖြင့် ကီလိုမီတာ (၂၄၀၀) ရှိပြီး ပလူတိုထက် နည်းနည်းလေး ကြီးပါတယ်။
အခြားကြည့်ရန်
ပြင်ဆင်ရန်မှတ်စု
ပြင်ဆင်ရန်- ↑ Images were taken on October 21, 2003; the object was not detected and identified until 2005.
- ↑ [၆] Both are common; the former is the literary pronunciation of the name, but Brown and his students use the latter.[၇]
- ↑ ၃.၀ ၃.၁ Calculated from the mean radius
- ↑ Calculated by dividing the listed mass by the listed volume
- ↑ ၅.၀ ၅.၁ Calculated based on the known parameters
- ↑ Calculated from the listed diameter (D) and albedo (p) using [၁၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Staff (May 1, 2007)။ Discovery Circumstances: Numbered Minor Planets။ IAU: Minor Planet Center။ May 5, 2007 တွင် ပြန်စစ်ပြီး။
- ↑ Brown၊ Mike (2006)။ The discovery of 2003 UB313 Eris, the largest known dwarf planet။ May 3, 2007 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ JPL Small-Body Database Browser: 136199 Eris (2003 UB313)။ November 23, 2014 တွင် ပြန်စစ်ပြီး။
- ↑ List Of Centaurs and Scattered-Disk Objects။ Minor Planet Center။ September 10, 2008 တွင် ပြန်စစ်ပြီး။
- ↑ Buie၊ Marc (November 6, 2007)။ Orbit Fit and Astrometric record for 136199။ Deep Ecliptic Survey။ December 8, 2007 တွင် ပြန်စစ်ပြီး။
- ↑ Define Eris။ Dictionary.com။ Random House။ October 4, 2012 တွင် ပြန်စစ်ပြီး။
- ↑ Julia Sweeney and Michael E. Brown။ Hammer Conversations: KCET podcast (2007)။ October 6, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 1, 2008 တွင် ပြန်စစ်ပြီး။
- ↑ ၈.၀ ၈.၁ "Size, density, albedo and atmosphere limit of dwarf planet Eris from a stellar occultation" (2011). European Planetary Science Congress Abstracts 6. Bibcode: 2011epsc.conf..137S. Retrieved on September 14, 2011.
- ↑ Beatty၊ Kelly (November 2010)။ Former 'tenth planet' may be smaller than Pluto။ NewScientist.com။ Sky and Telescope။ October 17, 2011 တွင် ပြန်စစ်ပြီး။
- ↑ "The Mass of Dwarf Planet Eris" (15 June 2007). Science 316 (5831). doi: . PMID 17569855. Bibcode: 2007Sci...316.1585B.
- ↑ Johnston၊ Wm. Robert (20 September 2014)။ (136199) Eris and Dysnomia။ Johnston's Archive။ 27 September 2015 တွင် ပြန်စစ်ပြီး။
- ↑ "Characterisation of candidate members of (136108) Haumea's family" (February 2010). Astronomy and Astrophysics 511: A72. doi: . Bibcode: 2010A&A...511A..72S.
- ↑ AstDys (136199) Eris Ephemerides။ Department of Mathematics, University of Pisa, Italy။ February 28, 2016 တွင် ပြန်စစ်ပြီး။
- ↑ Conversion of Absolute Magnitude to Diameter။ sfasu.edu။ March 23, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "The trans-Neptunian object UB313 is larger than Pluto" (2 February 2006). Nature 439 (7076): 563–564. doi: . PMID 16452973. Bibcode: 2006Natur.439..563B.
- ↑ JPL/NASA (2015-04-22)။ What is a Dwarf Planet?။ 2022-01-19 တွင် ပြန်စစ်ပြီး။