အဲလက်စ် ဟစ်ဂင်စ်
အလက်စ်ဇန်းဒါး ဂေါဒန် ဟစ်ဂင်စ် (အင်္ဂလိပ်: Alexander Gordon Higgins) (၁၉၄၉ မတ် ၁၈ – ၂၀၁၀ ဇူလိုင် ၂၄)[၄] သည် မြောက်အိုင်ယာလန်သား အဆင့်မြင့် စနူကာ ကစားသမားတစ်ဦးဖြစ်ကာ ဤကစားနည်း၏ အထင်ရှားဆုံးသော ပုဂ္ဂိုလ်များထဲမှတစ်ဦး အဖြစ် အမှတ်ရစရာကောင်းသူ ဖြစ်သည်။ ၎င်း၏ သွက်လက်လျင်မြန်စွာ ကစားနိုင်မှုကြောင့် 'ဟာရီကိန်း ဟစ်ဂင်စ်' ဟူ၍ အမည်ပြောင်ရရှိခဲ့ပြီး[၅] ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကို ၁၉၇၂၊ ၁၉၈၂ များတွင် ဆွတ်ခူးခဲ့သည်။ ၁၉၈၃တွင် ယူကေချန်ပီယံ၊ ၁၉၇၈နှင့် ၁၉၈၁ နှစ်များတွင် မာစတာဆု ရရှိခဲ့သဖြင့် စနူကာလောက၏ 'သုံးထပ်ကွမ်းသရဖူ' ကို ပြည့်စုံစေခဲ့သည်။
၂၀၀၈၌ တွေ့ရစဉ် | |
မွေးဖွား | Belfast, Northern Ireland | ၁၈ မတ်၊ ၁၉၄၉
---|---|
ကွယ်လွန် | ၂၄ ဇူလိုင်၊ ၂၀၁၀ Belfast, Northern Ireland | (အသက် ၆၁)
ကိုယ်စားပြု နိုင်ငံ | မြောက်အိုင်ယာလန် |
အမည်ပြောင် | Hurricane,[၁] The Irish Hurricane |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | ၁၉၇၁–၁၉၉၇[၂] |
အမြင့်ဆုံး အဆင့် | အဆင့်(၂) (၁၉၇၆/၇၇]] နှင့် ၁၉၈၂/၈၃]])[၃] |
ကစားသမားဘဝ အောင်မြင်မှုများ | £ 711,999 |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၂ ၁၉၈၅ ဗြိတိသျှအလွတ်တန်း ပြိုင်ပွဲ[၃] |
အမှတ် (၁၀၀) (သို့) အထက် | ၈၂ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၁ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၂၃ |
ကမ္ဘာ့ချန်ပီယံ |
|
လူကြိုက်များမှုကြောင့် ဟစ်ဂင်စ်ကို 'ပြည်သူ့အချစ်တော်' (People's Champion) ဟူ၍ လူသိများပြီး[၆] ၁၉၈၀နှစ်များအတွင်း ဤကစားနည်းကို ထိပ်တန်းရေပန်းစားစေရန်ပြုလုပ်ပေးရင်း စနူကာကို ပရိသတ်များစွာဆီသို့ ဆောင်ယူပေးမှုများကြောင့် ရံခါတွင် ၎င်းကို ကျေးဇူးဥပကာရပြုကြသည်။[၇] ခန့်မှန်း၍မရနိုင်သော၊ (ပြိုင်ဆိုင်ရန်) ခက်ခဲသောသူတစ်ဦးဟူ၍လည်း ဂုဏ်ပုဒ်များရှိသည်။[၈] ဆေးလိပ် အလွန်အကျွံသောက်သူ၊ [၉] အရက်နှင့် လောင်းကစားများဖြင့် ရုံးကန်နေရသူ၊ [၇][၁၀] ကိုကိန်းနှင့် မဲရီဝါးနားအရွက် (ဆေးခြောက်) (marijuana) သုံးကြောင်းလည်း ဝန်ခံသူဖြစ်သည်။[၅] ၁၉၉၈တွင် လည်ချောင်း ကင်ဆာ ရရှိခဲ့ပြီး[၁၁] ဟစ်ဂင်စ်သည် ၎င်း၏ ဘဲလ်ဖာ့စ်တ်မြို့ရှိ နေအိမ် (Belfast) တွင် ၂၀၁၀ ဇူလိုင် ၂၄ တွင် ကွယ်လွန်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Hughes၊ Simon။ "These days Hurricane Higgins is running out of wind"၊ Sydney Morning Herald၊ Fairfax Digital၊ 25 January 2003။ 28 April 2008 တွင် ပြန်စစ်ပြီး။ Archived from the original on 30 March 2008။
- ↑ Then and Now: Alex Higgins။ Eurosport (4 November 2009)။ 14 January 2010 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Chris၊ Turner (3 August 2010)။ Alex Higgins။ Chris Turners Snooker Archive။ 10 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2010 တွင် ပြန်စစ်ပြီး။
- ↑ Boyle၊ Simon။ "Alex 'Hurricane' Higgins dies, aged 61"၊ London: The Telegraph၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 27 July 2010။
- ↑ ၅.၀ ၅.၁ "Obituary: Alex Higgins"၊ BBC၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 26 July 2010။
- ↑ Weber၊ Bruce။ "Alex Higgins, the Bombastic 'People's Champion' of Pro Snooker, Dies at 61"၊ New York Times၊ 31 July 2010။ 3 August 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 19 October 2014။
- ↑ ၇.၀ ၇.၁ Neenan၊ Bill။ "Snooker's elite pay tribute to the inspiration of Alex Higgins"၊ London: guardian.co.uk၊ 24 July 2010။ 24 July 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 29 July 2010။
- ↑ "Hurricane Higgins used to live in Cuffley" (in en)၊ Hertfordshire Mercury၊ 30 July 2010။ Archived from the original on 2 May 2017။
- ↑ "Where are they now?"၊ BBC Sport၊ 24 July 2010။ 31 January 2002 တွင် ပြန်စစ်ပြီး။
- ↑ "Hurricane warning"၊ Irish Independent၊ 19 October 2002။
- ↑ Alex Higgins။ Talk Snooker (24 July 2010)။ 17 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 July 2010 တွင် ပြန်စစ်ပြီး။
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |