အဲလ်ဘတ်တို ဘေလဲရက်စ်

မက္ကဆီကို စီးပွားရေးသမားနှင့် နွားရိုင်းမွေးမြူသူ

အဲလ်ဘတ်တို ဘေလဲရက်စ် သည် ရာအူးလ် ဘေးလဲရက်စ် ၏ သားဖြစ်သည်။ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်များအရ သူသည် ယနေ့အချိန်တွင် မက်ဆီကို နိုင်ငံ၏ ဒုတိယအချမ်းသာဆုံးဖြစ်ပြီး လက်တင်အမေရိက တစ်ခုလုံးတွင် စတုတ္ထအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

အဲလ်ဘတ်တို ဘေလဲရက်စ်
အဲလ်ဘတ်တို ဘေလဲရက်စ်
နိုင်ငံသား မက်ဆီကို
လူမျိုး မက်ဆီကန်
အလုပ်အကိုင် သံမဏိနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံ

သူသည် ဒုတိယအရေးအပါဆုံး မက်ဆီကန် မိုင်းတွင်းနှင့် ပထမဆုံးသော ကမ္ဘာ့ငွေတူးဖော်ရေးဖြစ်သည့် Penoles စက်မှုလုပ်ငန်း၊ မက်ဆီကိုနိုင်ငံ၏ အဓိက ကုန်တိုက်စတိုးကြီးများဖြစ်သည့် El Palacio de Hierro လုပ်ငန်းစုများ၊ မက်ဆီကန်လူမျိုးပိုင် Grupo Nacional Provincial အာမခံကုမ္ပဏီ စသည့် လုပ်ငန်းများစွာကို အုပ်ချုပ်သည့် Grupo Bal ဟုခေါ်သော ကုမ္ပဏီစုကြီးကို ပိုင်ဆိုင်ထားပြီး မက်ဆီကို၏ ထိပ်တန်းအဆင့်မြင့် ပညာရေးစင်တာ ITAM ၏ ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည့်အပြင် အခြားသော ငွေကြေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးနှင့် နွားရိုင်းသတ်ပွဲများ ဆက်စပ်နေသည့် လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။