အဲဟိမအိုးဟရှိ သည် တော့တိုရိခရိုင်၊ ဆခိုင်ဆိပ်ကမ်းမြို့နှင့် ရှိမနဲခရိုင်၊ မဆွတ်အဲမြို့တို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ ဤတံတားကို ဆခိုင်ဆိပ်ကမ်းထိန်းသိမ်းရေးအဖွဲ့က စီမံခန့်ခွဲလျှက် ရှိသည်။ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွားလာရေးရုံးက တည်ဆောက်ခဲ့သည်။ နခမုအိရေကန်ပေါ်တွင် ဖြတ်သန်းကာ တည်ဆောက်ထားသည်။[၁]

Eshima Ohashi Bridge
江島大橋
The Eshima Ohashi Bridge from the side
ကိုဩဒိနိတ်35°31′09″N 133°12′00″E / 35.519167°N 133.2°E / 35.519167; 133.2ကိုဩဒိနိတ်: 35°31′09″N 133°12′00″E / 35.519167°N 133.2°E / 35.519167; 133.2
ဖြတ်သန်းမှုNakaumi
တည်နေရာShimane and Tottori prefectures
ပြုပြင်ထိန်းသိမ်းသူSakaiminato management association
အချက်အလက်များ
စုစုပေါင်းအရှည်1.7 km
အကျယ်11.3 m
အမြင့်44.7 m
အကျယ်ဆုံး တံတားအခန်း250 m
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်1997
လုပ်ငန်းပြီးဆုံးချိန်2004
ရှိမနဲခရိုင်ဘက်မှ တံတား၏ အဝင်နေရာကို မြင်ရပုံ

တည်ဆောက်ခြင်း ပြင်ဆင်ရန်

၎င်းကို ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တည်ဆောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် အကြီးဆုံး rigid-frame တံတားတစ်စင်း ဖြစ်သည်။ ထို့အပြင် ဤတံတားသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးလည်း ဖြစ်သည်။

ဤတံတားတွင် ရွေ့လျားနိုင်သည့်တံတား ပါဝင်သည်။ သင်္ဘောများ ဖြတ်သန်းပါက ၇ မိနစ်၊ ၈ မိနစ်ခန့် ရပ်နားထားရသည်။ ၁၄ တန်နှင့်အထက်လေးသည့် ကြီးများသည့် ယာဉ်များကို တံတားအရှင်ပေါ်တွင် ဖြတ်သန်းသွားလာခွင့် ပြုမထားပေ။ ရွေလျားနိုင်သည့် တံတားတွင် နေ့စဉ်ယာဉ်ပေါင်း ၄၀၀၀ ဖြတ်သန်းလျက်ရှိသည်။

အချက်အလက်များ ပြင်ဆင်ရန်

  • စတင်ရာနေရာ = တော့တိုရိခရိုင်၊ ဆိုင်းခိုင်မိနတိုမြို့၊ တိုမချိ
  • အဆုံးနေရာ = ရှိမနဲခရိုင်၊ မဆွတ်အဲ၊ ယခဆွတ်ခမြို့၊ အဲရှိမ
  • စုစုပေါင်းအရှည် = ၁.၇ ကီလိုမီတာ (တံတားအပြင်ဘက်အရှည် ၁၄၄၆.၂ မီတာ)
  • အကျယ် = ၁၁.၃ မီတာ

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Japan's 'rollercoaster bridge' (April 30, 2015)။ 27 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2016 တွင် ပြန်စစ်ပြီး။