အဲ့လဗမြစ်သည် ဂျာမနီနိုင်ငံတွင် ရိုင်းမြစ် မှလွဲလျှင် အထင်ရှားဆုံးမြစ်ဖြစ်သည်။ ထိုမြစ်သည် ချက်ကို ဆလိုဗားကီးယားနိုင်ငံ၊ ဗိုဟီးမီးယားပြည်နယ်ရှိ တောင်များတွင် မြစ်ဖျားခံ၍ အနောက်မြောက်ဘက်သို့ မိုင် ၁၅ဝ ခန့်စီးဆင်း ပြီးလျှင် ဂျာမနီနိုင်ငံကိုဖြတ်လျက် မြောက်ပင်လယ်ထဲသို့ စီးဝင် သည်။ မြစ်အလျား ၇၂၅ မိုင်ရှိသည်တွင် ၅၂၅ မိုင်ခန့်အထိ သင်္ဘောများဆန်တက်သွားလာနိုင်သည်။ ကျယ်ဝန်းသောမြစ်ဝထိပ်တွင် ဂျာမနီနိုင်ငံ ဆိပ်ကမ်းမြို့ ကြီး ဖြစ်သော ဟမ်းဗတ်မြို့တည်ရှိသည်။


အဲ့လဗမြစ်၏ ထင်ရှားသောမြစ်လက်တက်များမှာ ချက်ကိုဆလိုဗားကီးယား နိုင်ငံဘက်တွင် ဗားတာဗာမြစ်နှင့် အိုဇဲမြစ်တို့ဖြစ်၍၊ ဂျာမနီနိုင်ငံဘက်တွင် မာလဒေမြစ်၊ ဇာလေ မြစ်နှင့် ဟားဗယ်မြစ်တို့ ဖြစ်ကြသည်။ ထိုမြစ်လက်တက် များအပြင် တူးမြောင်းအားဖြင့်လည်း ကုန်းတွင်းပိုင်းရှိ စက်မှု လက်မှု ထွန်းကားသောမြို့များနှင့် ဆက်သွယ်လျက်ရှိသည်။ အဲဲ့လဗမြစ်ကြောင်းတစ်လျှောက်တွင် ဂျာမနီနိုင်ငံရှိ လယ်ယာနှင့် စက်မှုလက်မှုလုပ်ငန်းများ တည်ရှိခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော မြစ်ဖြစ်သည်။ ထို့ကြောင့် အဲ့လဗမြစ်သည် ဥရောပတိုက် အလယ်ပိုင်းတွင် ကူးသန်း ရောင်းဝယ်ရေးအတွက် အသုံးဝင်သော သယ်ယူပို့ဆောင်ရေး ခရီးလမ်းကြောင်းတစ်ခုဖြစ်သည်။ အဲ့လဗမြစ်ပေါ်တွင်ဒရက်ဇဒင် မြို့၊ ဟမ်းဗတ်မြို့၊ မက်ဒိဗတ်မြို့ စသောမြို့ကြီးများ တည်ရှိ သည်။


ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်၌ ဂျာမနီနိုင်ငံသို့ အနောက်ဘက်မှ စစ်ချီလာသော ဗြိတိသျှတပ်၊ အမေရိကန် တပ်နှင့် အရှေ့ဘက်မှစစ်ချီလာသော ရုရှားတပ်တို့သည် အဲ့လဗမြစ်တွင် ဆုံမိကြသည်။ ထို့နောက် မြစ်အောက်ပိုင်းကို ဗြိတိသျှအုပ်ချုပ်သည့်နယ်နှင့် ရုရှအုပ်ချုပ်သည့်နယ်နှစ်ခုအကြား တွင် နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)