အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်း (မန္တလေးမြို့) သည် ဦးပိုင်အမှတ် ၁၆၊၃၁၊၁၁၊ အကွက်အမှတ် (၆၂၁) လမ်း(၈၀)၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြား၊ ဟေမဇလရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်မန္တလေးမြို့မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ သာသနာ့မြေ၊ ဘိုးဘွားပိုင်မြေ ဖြစ်သည်။

ကျောင်းတံဆိပ်

အကျယ်အဝန်း ပြင်ဆင်ရန်

မူလမြေ − အလျား ပေ၂၀၀၊ အနံ ၁၈၅ ပေ ရှိကာ ဧရိယာအားဖြင့် ၀.၉၁ ဧက ရှိပါတယ်။ ကျောင်းအတွက် မူလမြေအပြင် အလှူရှင် ဦးဌေးလှိုင်မှ မြေထပ်မံလှူဒါန်းပါသည်။ အဆိုပါ လှူဒါန်းမြေမှာ အလျား ၁၀၅ ပေ နှင့် အနံ ၂၅ ပေ ရှိသည်။ အဆိုပါ လှူဒါန်းမြေ ကြောင့် ကျောင်းမှာ ၇၉ လမ်း (အရှေ့ဘက်) သို့ ဆက်သွယ်နိုင်ခဲ့သည်။

ယခင်အမည် ပြင်ဆင်ရန်

ယခင်က ကောင်ဝှာ တရုတ် အလယ်တန်းကျောင်း ဖြစ်ပြီး ၁၉၆၅ ခုနှစ် ဧပြီ (၁) ရက်နေ့တွင် ပြည်သူပိုင်သိမ်းကာ အဆိုပါ ၁၉၆၅ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကျောင်းဆောင်များ ပြင်ဆင်ရန်

ကျောင်းအတွင်း ကျောင်းဆောင် (၈) ဆောင်ရှိသည်။ တရုတ်ဘုံကျောင်းကို ယခင်က စာကြည့်တိုက်အဖြစ်အသုံးပြုခဲ့သေးသော်လည်း ယခုအခါ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် အသုံးမပြုတော့ပေ။ ပထမဦးဆုံး RC ကျောင်းဆောင်မှာ ပတ္တမြား ကျောင်းဆောင်ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး ဦးထွန်းကြည် လက်ထက်တွင် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည်။ လက်ရှိတွင် သက်တမ်းအကြာရှည်ဆုံး ကျောင်းဆောင်မှာ ပင်လုံဆောင် ဖြစ်သည်။ နဝရတ် ကျောင်းဆောင်မှာ နောက်ဆုံးတည်ဆောက်ပြီးစီးခဲ့သော RC ကျောင်းဆောင်ဖြစ်သည်။

  1. ဘုံကျောင်း
  2. ပင်လုံ (၁၆၀' x ၂၇')
  3. သီပေါ (၅၅' x ၃၁')
  4. ရာမည (၁၁၀' x ၃၀')
  5. ကမ္ဘောဇ (၇၂' x ၂၁')
  6. မလိခ (၄၈' x ၁၈')
  7. ပတ္တမြား (၃၈' x ၃၃')
  8. နဝရတ်

ကျောင်းအုပ်ကြီးများ ပြင်ဆင်ရန်

ခေတ်အဆက်ဆက် ကျောင်းအုပ်ကြီးများ အုပ်ချုပ်ခဲ့ကာ ယခု လက်ရှိကျောင်းအုပ်မှာ ဆရာမကြီး ဒေါ်ဝင်းဝင်းကြည် ဖြစ်သည်။

  1. ဦးဖေခင် (၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ)
  2. ဦးလှရွှေ (၁၉၆၈ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ)
  3. ဒေါ်ခင်သန်းမြင့် (၁၉၈၁ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ)
  4. ဦးတင်ထွန်း (၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ)
  5. ဦးကျော်မြင့် (၁၉၉၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ)
  6. ဒေါ်ခင်မူမူတင် (၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ)
  7. ဦးထွန်းကြည် (၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ)
  8. ဒေါ်ဝင်းဝင်းကြည် (၂၀၁၀ ခုနှစ်မှ ယနေ့အထိ)

လင့်ခ်များ ပြင်ဆင်ရန်