[၁] ဘုရားရှင် ဣစ္ဆာနင်္ဂလနိဂုံး ဣစ္ဆာနင်္ဂလတောအုပ်၌ ဝါတွင်းသုံးလ ကာလ ပတ်လုံး တစ်ပါးတည်းကိန်းအောင်းတော်မူရာမှ ထွက်ကြွတော်မူလာရာ အချိန်ဝယ်ဝါတွင်းသုံးလပတ်လုံး အာနာပါနဿတိသမာဓိကို ရှုမှတ်နေပုံ၊ အာနာပါနဿတိ သမာဓိ ရှုမှတ်နည်း၊ အာနာပါနဿတိဖြင့်နေခြင်းသည် အရိယဝိဟာရ၊ ဗြဟ္မဝိဟာရ၊ တထာဂတဝိဟာရဖြစ်ပုံ၊ အရိယာပုဂ္ဂိုလ်များ ရဟန္တာအဖြစ်သို့ ရောက်နိုင်ပုံ၊ အာနာပါ နဿတိကို ပွားများ, ကြိမ်ဖန်များစွာ ပွားများမှုသည် ဒိဋ္ဌဓမ္မသုခဝိဟာရ သတိသမ္ပဇည အတွက်ဖြစ်ပုံတို့ကို ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-တိတ္ထိတို့ ချုပ်ချယ်ပြောဆိုခြင်းမှ လွတ်မြောက်နိုင်ပုံအစရှိ သည်တို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၂၈၃-၄။ သံ၊မြန်၊၃၊၂၈၅-၆။ သံ၊ဋ္ဌ၊၃၊၃၀၄။ သံ၊ဋီ၊၂၊၅၂၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၀-အာနာပါနသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ