[၁] အာယု၊ ဝဏ္ဏ၊ သုခ၊ ယသ၊ သဂ္ဂ-ဟူသော အလိုရှိအပ် နှစ်သက်အပ်မြတ်နိုးအပ်သော ဒုလ္လဘတရားငါးပါးနှင့် ယင်းတရားတို့ကို တောင်းခံခြင်း ဆုတောင်းနေခြင်းဖြင့် မရနိုင်ပုံ၊ ယင်းတရားငါးပါးတို့ကို ဖြစ်စေနိုင်သောအကျင့်ကို ကျင့်သုံးပါမှ နတ်, လူ၌ဖြစ်သော ယင်းတရားငါးပါးတို့ကို ရနိုင်ပုံကို အနာထပိဏ်သူဌေးအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ယင်းတို့၏ ပဋိပဒါသည် ဒါန, သီလ အစရှိသော ကောင်းမှု များဖြစ်ပုံကို ဖွင့်ပြထားပါသည်။

ဋီကာ၌-အပ္ပမာဒံ ပသံသန္တိ-ပါဠိတော်ကို ဖွင့်ဆိုထားပါသည်။ [၂]


ဣဋ္ဌသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးအား အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်သည်ဖြစ်၍ လောက၌ ရခဲသောတရားငါးမျိုးအကြောင်းကို ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၄၁-၂။ အံ၊မြန်၊၂၊၅၁-၂။ အံ၊ဋ္ဌ၊၃၊၂၃။ အံ၊ဋီ၊၃၊၁၉-၂၀။ အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၅-မုဏ္ဍရာဇဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၁-ပဌမပဏ္ဏာသက (ပဌမသုတ်ငါးဆယ်)၊ ၅-မုဏ္ဍရာဇဝဂ်၊ ၃- ဣဋ္ဌသုတ်