ကိုဩဒိနိတ်: 6°53′20″N 79°51′56″E / 6.8888°N 79.8656°E / 6.8888; 79.8656

ဣသိပထနရာမယကျောင်းတော် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ ရှေးအကျဆုံးဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Havelock မြို့တွင် တည်ရှိပြီး ၁၉၁၆ ခုနှစ်တွင် ကြွယ်ဝသည့်ကုန်သည်ဖြစ်သူ Duenuge Disan Pedris က သူ၏တစ်ဦးတည်းသောသားဖြစ်သူ Henry Pedris အား အမှတ်တရ တည်ဆောက်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် Pedris ဝယ်ယူခဲ့သည့် ၂ ဟက်တာ (၄.၉ ဧက) အကျယ် မြေပေါ်တွင် ကျောင်းတော်ကို တည်ဆောက်ထားခြင်း ဖြစ်သည်။ [၁][၂][၃][၄]

၁၉၂၀ - ၂၁ ခုနှစ်များတွင် ကျောင်းတော်နံရံများကို Maligawe Sarlis[၅] က ဆေးခြယ်ခဲ့သည်။ ပန်းချီများတွင် "ကြည်နူးဖွယ်များ၊ ဗုဒ္ဓဘာသာအနုပညာများနှင့် လက်တွေ့စတိုင်အနုပညာများ" စသည်တို့ ပါဝင်ကြသည်။[၆]

၁၉၅၀ ခုနှစ်နှောင်းပိုင်းတွင် ကျောင်းတော်နှင့် နီးကပ်စွာတည်ရှိသည့် ဂရင်းလန်းလမ်းမကို Isipathana Mawatha ဟု အမည်ပြောင်းလဲခဲ့သည်။ နီးကပ်စွာတည်ရှိသည့် ဂရင်းလန်းကောလိပ်ကိုလည်း Isipathana Maha Vidyalaya ဟု အမည်ပြောင်းခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဉာဏ်တော် ၁၂ မီတာ (၃၉ ပေ) ရှိသည့် ရပ်တော်မူရုပ်ပွားတော်ကို ကုန်ကျစရိတ် Rs. 4.5 သန်းဖြင့် သမ္မတ Maithripala Sirisena က ဖွင့်လှစ်ပေးခဲ့သည်။[၇]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား= ပြင်ဆင်ရန်

  1. Karunatilake, H. N. S. (1978)။ Life and times of Edward Henry Pedris, national hero။ University of California။ p. 23။
  2. "Blood-soaked chair, a warning"၊ 2 January 2000။ 
  3. Wijenayake၊ Walter။ "Why innocent Henry Pedris was executed by the British"၊ 8 July 2011။ 8 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  4. Karunatilake၊ H. N. S.။ "Edward Henry Pedris: great patriot"၊ 7 July 2005။ 
  5. de Zoysa၊ Asoka (2016)။ Portraiture in Sri Lankan art from mid-eighteenth century to mid- twentieth centuryUniversity of Kelaniya
  6. Schoppert၊ Peter။ Buddhist Modernism - The Isipathanaramaya Murals။ PSMedia။ 11 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2021 တွင် ပြန်စစ်ပြီး။
  7. "Buddha Statue to be Unveiled Today"၊ 6 November 2016။