ဥက္ကစေလသုတ်
[၁] အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်-ဟူသော အဂ္ဂသာဝကမထေရ် နှစ်ပါးတို့ ပရိနိဗ္ဗာန်စံယူကြပြီး၍ မကြာမြင့်မီ ဝဇ္ဇီနိုင်ငံ ဥက္ကစေလမြို့အနီး ဂင်္ဂါမြစ်၏ သဲသောင်ပြင်ပေါ်ဝယ် သီတင်းသုံးတော်မူစဉ် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြသော ပရိသတ်ကို စောင်းငဲ့၍ကြည့်ရှုတော်မူလျက် အဂ္ဂသာဝကမထေရ်နှစ်ပါး၏ ဂုဏ်ကျေးဇူးကို မိန့်ကြားတော်မူပါသည်၊ အဂ္ဂသာဝကမထေရ်နှစ်ပါးတို့ ပရိနိဗ္ဗာန်ဝင်စံတော်မူ ငြားသော်လည်း ဘုရားရှင်၌ သောက, ပရိဒေဝ-ဖြစ်တော်မမူပုံကို ဥပမာဖြင့် မိန့်ကြားတော်မူ၍ သတိပဋ္ဌာန်လေးပါး ပွားများသောရဟန်းသည် အတ္တဒီပ, အတ္တသရဏ, အနညသရဏ, ဓမ္မဒီပ, ဓမ္မသရဏ, အနညသရဏ-ဖြစ်ပုံကိုလည်းကောင်း, ငါဘုရား သက်တော်ထင်ရှားရှိတော်မူစဉ် ဖြစ်စေ, ရွှေပြည်နိဗ္ဗာန်ဝင်စံတော်မူပြီးရာအခါ၌ ဖြစ်စေ သတိပဋ္ဌာန်တရားလေးပါးကို ပွားများသဖြင့် အတ္တဒီပ-စသည် ဖြစ်နေသောရဟန်းသည် “သိက္ခာကာမရဟန်းတို့တွင် အသာလွန်ဆုံးဖြစ်ပုံကို ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ -သံ၊၃၊၁၄၁-၂။ သံ၊မြန်၊၃၊၁၄၆-၈။ သံ၊ဋ္ဌ၊၃၊၂၅၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာဠဝဂ္ဂ၊ စတုတ္ထသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ