ဥက္ကာပျံ (၉၅၀ ခန့်) သည် ရခိုင်ပြည်တွင် သက္ကရာဇ် ၉၆၆ ခုနှစ်တွင် နန်းတက်ခဲ့သည် မင်းကြီးရာဇာလက်ထက်တွင် ထင်ရှားခဲ့သည့် စာဆိုတစ်ဦး ဖြစ်သည်။ သားတော်အိမ်ရှေ့မင်း မင်းခမောင်း၏ အကြီးတော်စာဆိုတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဥက္ကာပျံသည် စိန်တင်ရွာကို စားရသည်။ သက္ကရာဇ် ၉၅၇ ခုနှစ်တွင် တောင်ငူနတ်သျှင်နောင်က အကူအညီတောင်းသဖြင့် ခမည်းတော်၏ အမိန့်ဖြင့် မင်းခမောင်းသည် သံလျင်သို့ စစ်ချီသည့်အခါတွင် ဥက္ကာပျံလည်း ပါဝင်သည်။

သက္ကရာဇ် ၉၈၄ တွင် မင်းခမောင်းသည် ခမည်းတော်ကို တော်လှန်ရာ အရေးနိမ့်၍ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအခါ အကြီးတော်ဖြစ်သည့် ဥက္ကာပျံကို လက်ဖြတ်၍ မဟာမုနိုဘရားတွင် လှူခဲ့သည်။ [၁]

စာပေ ရေးသားခြင်း ပြင်ဆင်ရန်

ဥက္ကာပျံသည် ရတုများကို ရေးသားခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၁၀။