ဥက္ခိတ္တကသိက္ခာပုဒ် ၂-ပါး (ပရိမဏ္ဍလဝဂ်)

သင်္ကန်းကို မြှောက်ပင့်ခြင်း

ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သင်္ကန်းကို မြှောက်၍ ပင့်၍ (စွန်တောင်ဆွဲ၍) သွားလာကြကုန်၏၊ ထိုင်သောအခါလည်း သင်္ကန်းကို ပင့်၍ ထိုင်ကြကုန်၏၊ ထိုအပြုအမူကို လူတို့က ကဲ့ရဲ့ကြသောကြောင့်...[]

(က) “န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင် ပညတ်တော်မူရလေသည်။

မြန်မာပြန်

ပြင်ဆင်ရန်

“သင်္ကန်းကိုမြှောက်ပင့်လျက် မြို့ရွာအတွင်း၌ မသွားအံ့- မထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [ဤသိက္ခာပုဒ်တော်အရ မြို့ရွာအတွင်း၌ သင်းပိုင်ကိုယ်ရုံကို ဝဲဘက်ကဖြစ်စေ ယာဘက်က ဖြစ်စေ မမြှောက်ပင့်ရ၊ ကိုယ်ရုံကို ခါးပေါ် အောင်ပင် တချို့ကျောင်းတွင်း၌ နေတတ်ကြ၏၊ မြို့ရွာအတွင်းဖြစ်မူ ထိုကဲ့သို့ မမြှောက်ပင့်ရ။] ထိုင်သောအခါ၌ကား ရုံထားသောအပေါ် သင်္ကန်းကို အနည်းငယ်ပင့်၍ တင်ပါးအောက်မှာ ဖိမနေစေဘဲ ထိုင်ရမည်ဟု ပညတ်တော်မူချက် (ခန္ဓကမှာ)ရှိ၏။ ထို့ကြောင့် ထိုကဲ့သို့ ပင့်ခြင်းမှတပါး သင်းပိုင်မှာ ပတ်ထားသော ခါးပန်းကြိုးပေါ်လာအောင် မြှောက်ပင့်၍ မထိုင်ရ၊ သို့သော် တည်းခို နေထိုင်ခိုက် ဖြစ်မူကား ကျောင်းမှာနေသကဲ့သို့ ထိုက်တန်သလောက် မြှောက်ပင့်သော်လည်း “ဝါသူပဂတဿ အနာပတ္တိ”ဟု ဤသိက္ခာပုဒ်မှာ ခြွင်းချက်ပါပေသည်။

ပရိမဏ္ဍလဝဂ်ပြီး၏။

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး