ဥစ္စာမျိုး ၄-ပါး။ ခုဒ္ဒကပါဌ။ ဋ္ဌ။ ၁၈၃။ သုတ္တနိပါတ်။ ပါ။ ၂၈၂။ ဋ္ဌ။ ပ-အုပ် ၂၅-၌ ဥစ္စာ ၅-မျိုး ပြသေးသည်။ လူတိုင်းသတိပြုသင့်သော ဘုရားဟောဥစ္စာ ၄-မျိုး။

  • (၁) ဇင်္ဂမဥစ္စာ - သက်ရှိသက်မဲ့ ပြောင်းရွှေ့နိုင်သော ပစ္စည်းဥစ္စာဟူသမျှသည် ဇင်္ဂမ မည်၏။
  • (၂) အင်္ဂသမဥစ္စာ - အဋ္ဌာရသသိပ္ပ နှုတ်အတတ် လက်အတတ်ဟူသမျှသည် မိမိသွားရာ လိုက်ပါသောကိုယ်အင်္ဂါအစိတ်အပိုင်းနှင့်တူသောကြောင့် အင်္ဂသမ မည်၏။
  • (၃) နိဓာန ဥစ္စာ - တော တောင် ရေ မြေ ကျောက်ဆောင် လိုဏ်ဂူနှင့်တကွ၎င်းတို့အတွင်းမှာ မြှပ်နှံထားအပ်သော ရတနာရွှေငွေဟူသမျှသည် နိဓာနမည်၏၊ ထာဝရဥစ္စာမျိုးပင်။
  • (၄) အနုဂါမကဥစ္စာ - ဒါန သီလ ဘာဝနာ စသော ကုသိုလ်ကောင်းမှုဟူသမျှသည်။ မိမိသွားရာ ဘဝသံသရာသို့အစဉ်လိုက်ကာ ကောင်းကျိုးချမ်းသာကိုသာ ပေးလေ့ရှိသောကြောင့် အကောင်းဆုံးအမြတ်ဆုံး အထွတ်အထိပ်ဆုံးသော ဥစ္စာမည်၏။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း