ဥစ္စာမျိုး ၆-ပါး တစ်နည်း။ အဒိန္နာဒါန်ဖြစ်သော ဥစ္စာများ၊ ဝိနည်း ပညတ်တော်လာ။

  • (၁) အနိဿဋ္ဌဥစ္စာ - မိမိလက်မှ မစွန့်လွတ်သေးသောဥစ္စာ၊
  • (၂) အပရိစ္စတ္တဥစ္စာ - ငဲ့ကွက်စောင့်ရှောက်မှုမရှိသော်လည်း မူလထားမြဲနေရာ၌တည်၍ မစွန့်လွှတ်သေးသောဥစ္စာ၊
  • (၃) ရက္ခိတဥစ္စာ - အစောင့်အရှောက်ဖြင့်ထားသောဥစ္စာ၊
  • (၄) ဂေါပိတဥစ္စာ - သေတ္တာစသည်ဖြင့် လုံခြုံစွာထားသောဥစ္စာ၊
  • (၅) မမာယိတဥစ္စာ - ငါ့ဟာဟုစွဲလမ်းမြတ်နိုးနေသောဥစ္စာ၊
  • (၆) ပရပရိဂ္ဂဟိတဥစ္စာ- သူတစ်ပါးတို့ စောင့်ရှောက်သိမ်းဆည်းထားသောဥစ္စာ။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း